Posts

Showing posts from February 3, 2023

NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်

Image
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်လောက်က အင်အား ၁၀၀ နီးပါးဟာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခြေလျင်နဲ့ ဆာလင်းကြီးမြို့ထဲကို ဝင်လာတဲ့ လမ်းကြောင်းတလျှောက် လက်ကမ်းစာစောင်တွေကို လမ်းဆုံနေရာတွေမှာ ကပ်ထားခဲ့တာလို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။ “လာတာတော့ ခြေလျင်နဲ့ပဲ လာတယ်။ အဓိကကျတဲ့ လမ်းဆုံတွေမှာ အဲဒီစာရွက်တွေ လိုက်ကပ်သွားတယ်။ ကံကြီးတောရွာ အထွက်ကိုလည်း ကပ်ထားခဲ့ပါတယ်” လို့ သူကဆိုပါတယ်။ အဲဒီလက်ကမ်းစာစောင်ထဲမှာ NUG အမည်ခံတရားမဝင်အဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံနေမှုနဲ့ အခုဖွင့်လှစ်ထားတဲ့ ကျောင်းတွေဟာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းမဟုတ်ကြောင်းတွေ စာသားတွေပါတဲ့ စာတွေရေးသားထားပါတယ်။ အဲဒီအပြင် ကျောင်းသား၊သူနဲ့ မိဘတွေအနေနဲ့လည်း အဲဒီကျောင်းတွေဟာ တရားမဝင်ဖြစ်တဲ့အတွက် အချိန်

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

Image
ဖေ့စ်ဘုတ်နာမည်က ဟန်ငြိမ်းဦး နာမည်ရင်းက စိုးနိုင် အသက်က ၃၆နှစ်  မွေးနေ့က ၃.၁.၁၉၈၅ (အသက်၂၈ဆိုတာ လိမ်ထားတာ။မှတ်ပုံတင်၊ပက်စ်ပိုစ့်တွေထဲက အမှန် ရထားပြီ။ ) ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ။ ထိပ်ပြောင်နေလို့ မန္တလေးမှာ ဆံပင်တုသွားလုပ်ရင်း တစ်သိန်းခွဲတန် အပေါစား ပါးချိုင့်အတုပါ တပ်လာ။ ဆံပင်တုစွပ်ရင်စွပ်။ မစွပ်ရင် ဦးထုပ်အမြဲစောင်းထားတယ်။ ခြေထောက်တစ်ဖက် ဆာနေတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘူး။  နေတာက နေပြည်တော်မှာ။ အလုပ်အကိုင်က ရေသန့်ရောင်းတယ်။ အစ်ကိုလုပ်တဲ့သူက အုတ်ရောင်းတယ်။ ပညာအရည်အချင်း ၈ တန်းအောင်။  ပက်ပိုစ့်တောင် ၂၀၁၉ မှ လုပ်ရကောင်းမှန်း သိတဲ့ကောင်။  ဒီ ခွေးမသာ မအေလိုး စိုးနိုင် က မိန်းမရှိတယ်။ ဦးဟန် ဦးဟန်ဆိုပြီ ဆော်တွေဆီက ပတ်ခြူတယ်။ ဆယ်လီသတင်းတွေကို အတွင်းလူတွေပေးလို့ရတာ။ အနုပညာလောကကလည်း မဟုတ်ဘူး။ ဟက်ကာလည်း မဟုတ်ဘူး။ ဟက်လည်း မဟက်တတ်ဘူး။ ဘာမှလည်း မလုပ်တတ်ဘူး။ ပိုက်ဆံလိုလာရင် အချို့ နာမည်မကြီးတဲ့ မိန်းကလေးတွေဆီ တင်လိုက်ရမလား ဖွလိုက်ရမလား ငွေညှစ်တတ်တဲ့ စောက်ကျင့်ရှိတယ်။ စစ်သားလည်း မဟုတ်ဘူး။  စစ်တပ်အသိုင်းအဝိုင်းလည်း မဟုတ်ဘူး။ အာဏာသိမ်းရင် တရားမစွဲရဲကြအော

ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ခေတ်သစ်မီဒီယာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင်  PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  "ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်" ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။  ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်

“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

Image
အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာ မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။  “မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။” ( ဆောင်းပါးကောက်နှုတ်ချက်) --------------------------------------------------------------------------------------------------------- အပြိုင်အဆိုင် အနိုင်  ဘောလုံးပွဲ  ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။  အဲဒီ ဘောလုံးပွဲဟာ  ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။  ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင

လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီး အဖွဲ့ဝင် ဆိုသူ လူအေး နေအိမ်တိုက်ခန်းမှ ဆင်းလာစဉ် အမျိုးသား ၂ ဦးက ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၃ နာရီကျော်က ဇေယျမင်္ဂလာ (၂) လမ်း၊ နေအိမ် တိုက်ခန်းမှ ဆင်းလာတဲ့ လူအေး ဆိုသူကို အမည်မသိ အမျိုးသား ၂ ဦးက အနီးကပ် သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။ "ရပ်ကွက်ထဲမှာ အရင်ကလည်း လမ်းလူကြီး လုပ်ဖူးတယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူစောထီး လုပ်တယ် ကြားတယ်။ သန်းခေါင်စာရင်း ကောက်တော့လည်း သူကိုယ်တိုင်ပါတယ်။ မြို့နယ် အရန်မီးသတ်မှာလည်း သူကပါတယ်။ ခေါင်းကိုပဲ တည်ပစ်သွားတာ။ ၂ ချက်ထဲနဲ့ သေသွားတာ" လို့ သူကပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါလမ်းအတွင်းသို့ စစ်ကားနဲ့ ဆေးရုံကား ၂ စီး ရောက်ရှိလာပြီး အလောင်း တင်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲဒီနောက် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ဇေယျမင်္ဂလာ (၂) လမ်းအတွင်း စစ်ကောင်စီတပ်သားတွေ လှည့်လည် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ် ဆိုတာကို

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က  ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး” မှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအစည်းအဝေးကို SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၆ ဦး၊ အရန်ဗဟိုကော်မတီ ၅ ဦးနဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ လက်ရှ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘဲ လူမျ

NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

Image
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။  ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။   ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။ ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။  စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင်