NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
 ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 
 ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။ ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
 စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်ရန် တိုက်တွန်းထားသည်။ 

Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ