ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က  ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး” မှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၆ ဦး၊ အရန်ဗဟိုကော်မတီ ၅ ဦးနဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

လက်ရှ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘဲ လူမျိုး၊ ဘာသာမရွေး ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်တဲ့အတွက် စုပေါင်းတာဝန်ယူ ဖြေရှင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆင်းရဲဒုက္ခ အပေါင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နည်းလမ်းရှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူထုအကျိုးပြု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

#MeKongNews 
#SSPP
#ဖက်ဒရယ်
#ဒီမိုကရေစီ


Comments

Popular posts from this blog

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

၅၆ ၅၇ လမ်း ကြား မနော်ဟရီလမ်း‌ ပေါ် စစ်ကားနဲ့ဖြတ်တိုက် ဆိုင်ကယ်မောင်းသူ ၃ဦး အရေးပေါ်အခြေအနေပါ ၂ယောက်စိုးရိမ်ရပါတယ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

သပွတ်အူနိုင်ငံတော်

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ