ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ
ယူကရိန်းဒုတိယဝန်ကြီးချုပ် မီခါလီယိုဖက်ဒိုရော့ဗ်က သူ့ရဲ့တွစ်တာအကောင့်မှာ စနေနေ့က '@elonmusk လို့ လိပ်မူပြီးတော့ . "အီလွန်မတ်စ်ရေ မင်းက အင်္ဂါဂြိုဟ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကိုသိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ မင်းရဲ့ဒုံးပျံတွေ အာကာသထဲကနေ မြေပြင်ပေါ် အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ချိန်မှာ ရုရှားဒုံးကျည်တွေက ယူကရိန်းအရပ်သားတွေပေါ်ကိုကျရောက်နေတယ်၊ ယူကရိန်းအတွက် Starlink စခန်းတွေ ထောက်ပံ့ပေးခြင်းနဲ့ ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” လို့ ရေးခဲ့တယ်။ နာရီအတန်ကြာတဲ့နောက် ဖက်ဒိုရော့ဗ်ရဲ့ရေးသားမှုကို အီလွန်မတ်စ်ကိုယ်တိုင် တုံ့ပြန်ခဲ့ပါတယ် “ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ၊ နောက်ထပ် ကိရိယာတွေလည်း ပေးပို့ထားပါတယ်” တဲ့။ အီလွန်မတ်စ်ရဲ့ ပြန်ကြားမှုရရှိပြီးနောက် ယူကရိန်းအရာရှိနဲ့ ပြည်သူတွေက ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ Starlink ဟာ အာကာသကုမ္ပဏီ SpaceX ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာ ဂြိုဟ်တုအသေးစားလေးတွေ လွှတ်တင်လို့ ဘရော့ဘင်းအင်တာနက် ဝန်ဆောင်မှုပေးတာပါ။ ရုရှားရဲ့ကျူးကျော်မှုန...