Posts

Showing posts from February 26, 2023

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အွန်လိုင်းမှ တစ် ဆင့် လျှောက်ထားခိုင်းသည့် စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စ တင် ခဲ့ပြီး ၃ ရက်အတွင်း လူ ၈၅၀၀ ကျော် လျှောက်ထားပြီးနောက် Online Booking စနစ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများက နိုင်ငံကူးလက်မှတ် များ လျှောက်ထားကြရန် https://www.passport.gov.mm/ ဝင်ရောက် သောအခါ ငွေသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ရက် ကြည့်ရှုနိုင် မည်ဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအနေဖြင့်  စနစ်အား ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်နေကြောင်း၊ နိုင်ငံကူးလက်မှတ် Online Booking ဝန်ဆောင်မှု ပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။  "ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စဖွင့်တယ်။ ၂၄ ရက်နေ့ တစ်ရက်တည်းပဲ တင်လို့ ရလိုက်တယ်။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာက ဝင်မရ ပြုမရနဲ့ ။ သူတို့ ကြေညာ ထားတာက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လူပေါင်း ၈၅၂၉ ဦး လျှောက်ထားတယ်။ ဒီမနက်ကျတော့ ငွေသွင်းပြီး ရက်ချိန်းမရသူ တွေပဲ ရက်ချိန်းကြည့်လို့ရတယ်။ အသစ်လျှောက်ထားသူတွ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

Image
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။  ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။   "စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်

ခွေးလှေးခုန်လို့ဖုန်မထ

Image
ကြောင်မရှိတုန်းအမြီးနှံ့တဲ့ကြွက်စုတ်

VPNကိုကျော်ဖြတ်လာကြပြီ

Image
VPNတွေစတင်ခံသုံးရချိန်ထဲက တရုတ်ဆိုက်ဘာပညာရှင် တွေဟာ ဖေ့ဘွတ်အပလီကေးရှင်းကိုထိန်းချုပ်ဖို့ရန်ကုန်မှာ ရောက်ရှိနေတဲ့သတင်းတက်ခဲ့ပြီးဖြစ်တယ်၊ လုံခြုံရေးအားနဲတဲ့ အကောင့်တွေကိုခိုးဝင်ပြီးစစ်ဆေး ဖတ် ရှု့နေတယ်လိုယူဆရပါတယ်၊ ဒီလိုဝင်ရောက်တာနဲ့ ဆာဗာ ကသိလို့လော့ခ်ချလိုက်ပေမယ့် ဖတ်ရှု့တာခံခဲ့ရလားဆို တာဖြေကြားထားတာမတွေ့ရပါဖူး၊စာဖတ်ရုံအသုံး ချသူတွေအတွက်မစိုးရိမ်ရပေမယ့် မက်ဆင်ဂျာကိုတော် လှန်ရေးအတွက်သုံးသူတွေအတွက်အန္တရာယ်ပါ၊လုံခြုံရေး ၂ဆင့်ခံထားသည့်တိုင် တော်လှန်ရေးကိစ္စများအတွက်အ ခြားသောအပလီကေးရှင်းများအသုံးပြုစေလိုပါသည်၊ တရုတ်ပညာရှင်များက VPN အချို့ကိုအောင်မြင်စွာဖြတ် ကျော်နိုင်ခဲ့သည့်သဘောဖြစ်ပါ၍ မိမိသုံးနေသောVPN များအား upgrade ပြုလုပ်ကြရန်လဲလိုအပ်ပါသည်။ ပရုဖိုင်လော့ချသည့်တိုင်နိုင်ငံရေးသတင်းများ ကွန်မန့် ပေးသူများသည် လိပ်စာပါသည့်ပို့စ်များ မိသားစုဝင် များကိုတက်ခ်တွဲထားခြင်းများစသဖြင့် ကိုယ်ရေး အချက်များအားလုံးမြေလှန်ရှာပြီးဖျက်ထားရန်လိုအပ် ပါသည်၊ တော်လှန်ရေးအားကောင်းဖို့ ဖေ့ဘွတ်ကို ဆက်လက်အသုံးပြုရမည်ဖြစ်သော်လည်းအကောင့် အစစ်၊နာမည်အစစ်ဖြင့်တော်လှန်ရေးမလုပ်ရန် တော်လှန်ရေးကွန်မန့်များမပေးရန်လိုအပ်သည်။ အခ

(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

Image
မြန်မာနိုင်ငံမှာ   တိုက်ပွဲတွေ   ဖြစ်ပွားနေတာကြောင့်   နယ်စပ်လုံခြုံရေးကို   တိုးမြှင့်ထားပါတယ်။ လုပ်ဖော်ကိုင်ဖက်များ   လွတ်မြောက်ရေးအတွက်   အာဏာသိမ်းမှု   ဆန့်ကျင်ရေး   သူပုန်များက   ရဲစခန်းသို့   ဝင်ရောက်ပြီးနောက်  Sangkhla Buri  မှ   ဖြတ်ကျော်   ခိုက်ရန်ဖြစ်ပွား မြန်မာနိုင်ငံမှ   ရွာသားများ   ထိုင်းနိုင်ငံအတွင်းသို့   ထွက်ပြေးခြင်း   မရှိကြောင်း   အဆိုပါ   သတင်းရင်းမြစ်က ဆက်လက်ပြောသည်။ စနေနေ့မွန်းလွဲပိုင်းလောက်မှာတော့   ဘုရားသုံးဆူဘုရားလမ်းမှာ   လူနေမှုဘဝနဲ့   ကုန်သွယ်မှုတွေ   ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။   သို့သော်   ဖြစ်နိုင်ချေရှိသော   ကျူးကျော်ဝင်ရောက်မှုများကို   တားဆီးရန်   အထူးသဖြင့်   ထိခိုက်လွယ်သောနေရာများတွင်   နယ်စပ်တစ်လျှောက်   လုံခြုံရေးအရာရှိများက   အချိန်ပြည့်သတိရှိနေကြမည်ဖြစ်သည်။ Sangkhla Buri  ခရိုင်အကြီးအကဲ  Sutthiporn Siwawetphikul  သည်   ၎င်း၏လက်ထောက်  Damrongrat Suphaphan  ကို   စနေနေ့တွင်   နယ်စပ်ဧရိယာအား   စစ်ဆေးရန်နှင့်   အခြေအနေကို   စောင့်ကြည့်ရန်   တာဝန်ပေးအပ်ခဲ့သည်။ လတ်ယာတပ်နယ်   ဒုတပ်မှူး   ဗိုလ်မှူးကြီး  Thatchadet Arbuarat  က   နယ်စပ်တလျှောက်ရှိ   တပ်သားမျ

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာ ရေး အသုံးစရိတ် ကို ထက်ဝက်ကျော်​လျှော့ ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်က  ​လျှော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်ကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်ကျသော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။ ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းကပင် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် အ​ခြေအ​​နေပိုမို

စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

Image
စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။ "ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။" ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားန

နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး

Image
နတ်မောက်၊ ဖေဖော်ဝါရီ  ၂၆၊ ၂၀၂၃။  မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သီးချောင်းရွာအရှေ့ဘက်မှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။  နတ်မောက်မြို့ဘက်ကနေ စိုင်ကောင်းရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီအရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးပါကားတစီးကို အဲ့ဒီလမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီမနက်ပိုင်းက မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ တိုက်ဒေါင်းပြည့်သူတော်လှန်ရေး အင်အားစုအဖွဲ့တာဝန်ခံ ဘကျော်ကြီးက ပြောပါတယ်။ “နတ်မောက်မြို့နယ်ထဲက စိုင်းကောင်းနဲ့နတ်မောက်မြို့နယ်ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ စောင့်ကြိုပြီး မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တာ၊ အရာခံဗိုလ်အဆင့်ရှိသူ ၂ ဦးပါတယ်၊ အားလုံး ၄ ဦး သေတယ်၊ ဘယ်တပ်ရင်းက လို့တော့ မသိရဘူး၊ ယူနီဖောင်းတွေပါတယ်၊ လက်နက်တွေပါတယ်” လို့ ပြောပါတယ်။ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ လိုက်ပါလာသူ ၄ ဦးလုံးသေဆုံးခဲ့တယ်လို့ ခန့်မှန်းပေးမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။  ခုတိုက်ခိုက်တဲ့ နေရာဟာ စစ်ကောင်စီတပ်သားတ

ဘာတွေ့တွေ့မကောက်ဖို့လိုအပ်

Image
ပုသိမ်တွင် မစ်ရှင်ဖော်ဆောင်မှု မအောင်မြင်လို့ ဘာတွေ့တွေ့ ပြည်သူတွေမကောက်ဖို့အတွက် ပြောက်ကျားတပ်ဖွဲ့သတိပေး  ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၂၆ ရက်  ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်တွေ စစ်ဆေးရေးလုပ်တဲ့နေရာမှာ မစ်ရှင်တစ်ခု ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ပြည်သူတွေ သတိထားသွားလာဖို့အတွက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  မရမ်းချိုလမ်းဆုံမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ အုပ်စုကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တာကြောင့် ခုလို အသိပေးရတာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။  '' အဲ့နားမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကျန်ခဲ့တယ်၊ ပြည်သူတွေအနေနဲ့လည်း ဘာပစ္စည်းပဲ အဲ့နေရာမှာ တွေ့တွေ့ မကောက်ဖို့ ပြောချင်ပါတယ်'၊ နောက်ပိုင်း ခုထက်ပိုကောင်းအောင်ကြိုးစားပါမယ်လို့ ပြည်သူတွေကို အသိပေးချင်ပါတယ်''လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့စီစဥ်ခဲ့ပေမယ့် နည်းပညာချို့ယွင်းမှုကြောင့် မအော

အရှက်ရစေလို့ရာထူးကထုတ်ပယ်ခံရတဲ့ဝက်

Image

နေရာရှားတဲ့မြေရှား(Rare Earth)

Image
မြေရှား Rare Earth တူးတယ်ဆိုတာ  (၁) တတောင်လုံးကို အပေါက်ဖေါက် ပြီးရင်အက်ဆစ် လောင်းထည့်  (၂) တောင်အောက်ဆုံးမှာ လိုင်ခေါင်းဖေါက်ပြီး အက်ဆစ် လောင်း ကျလာတဲ့ အရည်ကိုခံယူရတာပါ။ ဒါကြောင့် တောင် မရှိတဲ့နေရာလုပ်ရင် ကုန်ကျစရိတ်မကာမိဘူး။ မြေကိုတူးပြီး သီးသန့်ခွဲထုတ်ရလို့ ကုန်ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။  (၃) Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေ ရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။ ပြဿနာက အဲ့လို တောင်တခုလုံး ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက် ပါ။  (၄) တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကိုတူးယူပြီး သီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။   (၅) ကချင်ပြည်နယ်က တောင်တွေဟာ တခုပြီးတခု အဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။ (၆) ကုန်းနေ၊ရေနေသတ္တဝါအကုန်မျိုးတုန်းသွားနိုင်။  (၇) အဆိုးဆုံးကတော့ အဲ့လို အက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာတပြည်လုံးစီးဆင်းနေတဲ့ ဧရာဝတီ မြစ်ဖျားခံရာ မေခ နဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။ တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်တယ်။ 👉 အောက်ကပုံတွေကတော့ ကချင်ပြည်နယ်၊ပန်ဝါမြို့ရှိ ဘိန်းဘုရင်ပြည်သူ့စစ် ဇ

သေခါနီးအထိ ဝင်ဆို့နဲ့ထွက်ဆို့ ကြားဗျာများသူများ

Image
NLDအမတ်ဟောင်း မအူပင် ဦးစိန်ဝင်းနှင့် ၈၈ခေါင်းဆောင် ဦးကိုကိုကြီးတို့ ပူးပေါင်းပြီး ပြည်သူပါတီအမည်ဖြင့် မှတ်ပုံ တင်မည် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆  လူငယ့်ခေတ်  အမျိုးသားမီဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အမတ်ဟောင်း မအူပင် ဦးစိန်ဝင်းတည်ထောင်ထားသည့်အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ၈၈ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတည်ထောင်ထားသည့် ပြည်သူ့ပါတီတို့ ပူးပေါင်းပြီး ပြည်သူ့ပါတီဟူ၍ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးမှတ်ပုံတင်မည်ဖြစ် သည်။  အဆိုပါ ပါတီကို ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီက ဝင် ရောက်ကာပူးပေါင်းလိုက်ခြင်းဖြစ် ကြောင်း NUDP ဥက္ကဌဟောင်း ဦးစိန်ဝင်းက လူငယ့်ခေတ်ကိုပြောသည်။ အဓိက ပေါင်းစည်းရခြင်းရည်ရွယ် ချက်သည် စစ်တပ်ကထုတ်ပြန် သည့် နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေသည် အခက်အခဲနှင့် တင်းကြပ်မှုများရှိသည့်အတွက် ယင်းအခက် အခဲများကိုကျော်လွှားနိုင်ရန် ယခုကဲ့သို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့ နှစ်ပါတီမှာ အားသန်ရာသန်ရာတွေရှိပါတယ်။ မြို့ပေါ်နိုင်ငံရေးမှာဦးကိုကိုကြီးက တန်းတစ်ခုရှိတယ်ပေါ့။

ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ

Image
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ ခင်ဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ ခြေလျင်စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံရွာသား ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ခင်ဦးကနေ မနေ့ကထွက်လာတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ခင်ဦး-ရေဦး လမ်း နားက တဲစုကျေးရွာကို လက်နက်ကြီးငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက်နေသလို ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ ဈေးတန်းနဲ့ ရွာသစ်ကုန်းပျူခြံနဲ့ ချမ်းသာကုန်းကျေးရွာဘက်ကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ကြောင်းတွေကြောင့် ဗအိုး၊ အင်တိုင်းကြီး၊ ကံသစ်၊ ဂွေးကုန်း၊ မြစ်တော်၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ သရက်ကုန်း၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ မြင်းကျ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီး စတဲ့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်ထားပါတယ်။ MK-001 #MekongNews  #ခင်ဦး #ကျေးရွာပေါင်း၁၆ရွာ  #ဒေသခံ၁၀၀၀၀ကျော် #ဘေးလွတ်ရာကိုထွက်ပြေး

ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

Image
■ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ထန်တလန်မြို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ကစလို့ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "မနေ့က (၁၅) ကြိမ်ထက်နည်း ဗုံးလာကြဲတော့ သူတို့မှာလည်း သေချာတာက အထိအခိုက်တော့ အတော်များများ ရှိမယ်လို့ ခန့်မှန်းလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်က နှစ်ယောက်ကျသွားတယ်၊ အဲဒါကတော့ သေချာတယ်။ ရဲစခန်းကို ပြန်သိမ်းချင်လို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတာ" သေဆုံးသူတွေဟာ ချင်းအမျိုးသားတပ်မတော် (CNA/CNF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က တစ်ဦးစီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ထန်တလန်မြို့ရဲစခန်းကို CNA နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီ ၈ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် နေ့တိုင်းလိုလို လေကြောင်း

စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ

Image
■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ဖို့ရှိတာကြောင့် ဈေးဆိုင်တွေအားလုံး ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ဈေးဆိုင်တွေပိတ်ဖို့ စစ်ကောင်စီရဲ့ အာဏာပိုင်တွေက တစ်ရက်ကြို ညွှန်ကြားထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ "စစ်တွေပွိုင့်က ဈေးတွေလည်း ပိတ်ခိုင်းထားတယ်။ နောက်ပြီး လမ်းဘေးမှာ ဆိုင်ခန်းတွေလည်းပါတယ်။ ဦးဥတ္တမ ပန်းခြံနားက ဆိုင်ခန်းတွေလည်း ခဏပိတ်ခိုင်းထားတယ်။ လုံခြုံရေးချထားတာတွေလည်း တွေ့တယ်" စစ်တွေမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ချထားတာတွေ တွေ့ရပြီး စည်ပင်ဝန်ထမ်းတွေကလည်း လမ်းသန့်ရှင်းရေးလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စစ်တွေမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်

အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ

Image
■ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ခြောက်ရက်ကြာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းကြီးကျောင်းသုံးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းမူမြို့နယ်၊ ကန်တော်ရွာက ဘုန်းကြီးကျောင်း သုံးကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ Zero ပြောက်ကျားအဖွဲ့တာဝန်ရှိသူ ကိုမုတ်ဆိတ်က ပြောပါတယ်။ "ကန်တော်ရွာက ဘုန်းကြီးကျောင်းတွေချည်းပဲ ရှို့နေတာ။ အဲဒီမှာ စစ်ရှောင်တွေနေတာရှိတယ်။ အခုက အကုန်လုံးက ပြေးကြရတော့တာ" RFA နဲ့ အဆက်အသွယ်ရတဲ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေသလို ဂျက်တိုက်လေယာဉ် လာရောက်တာပါ ရှိနေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာပဲ မြင်းမူမြို့နယ်ထဲက ကန်တော်ရွာ၊ ကန်ပြားရွာ၊ ဆပ်ပြာကျင်းရွာ၊ ခွက်ခွင်းရွာ၊ လက်ပဲကျင်းရွာနဲ့ ပဲကူရွာက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့လည်း ကိုမုတ်ဆိတ်က ပြောပါတယ်။ ဒီမတိုင်ခင်ကလည်း ငါးကင်းရွာ၊ ပဒတ္တိုင်းရွာ၊ ညောင်ပင်ကန်ရွာ၊ စိ

သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး စစ်တပ်က မုဒိမ်းကျင့်

Image
အုတ်ဖိုတွင် ဆေးကု ပြန်လာသည့် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်အလောင်းဖျောက်၊  သူနာပြု ကို လိုက်ပို့သည့် PDF ၂ ဦးကိုမူ  စစ် တပ်က ပစ်သတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော် များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက် မြင် များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖို မြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊  အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ အနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့ သော် လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း သိရှိရသည်။  စစ်တပ်က  CDM သူနာပြ