အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း၌အကြမ်းဖက်စစ်တပ်မှ အင်အား အလုံး အရင်းဖြင့် စစ် ကြောင်းထိုးနေချိန် နောက်တန်းတွင် အင်အားနည်း နေ သော ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ် တပ်မှ အရာရှိ တစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးပြီး စခန်းတချို့ကိုဖျက်ဆီးနိုင်ခဲ့ ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်မှ အရာတော်မြို့ နယ်တောင်ပိုင်းကို လေ ကြောင်းစစ်ကူပေးကာ မြေပြင်မှ အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေရာ အင်အား နည်းပါးစွာကျန်ရှိနေသည့် နောက် တန်းပျူစောထီးစခန်းများဖြစ်သော စပါးတွင်းကျေးရွာ၊ နောင်ကြီးအိုင် ရဲစခန်း၊သစ်ကျင်းကြီးကျေးရွာပျူစောထီးစခန်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက  ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီခန့်က အရာတော်မြို့နယ်၊ စပါးတွင်း ကျေးရွာ ပျူစောထီးခစန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၉ PDF တပ်ရင်းနှင့် မဟာမိတ်တော် လှန်ရေးအင်အားစု များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျေး ရွာ အ တွင်း ဓားစာခံအဖြစ် အသုံးပြုခံရသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ ပြီး ပျူစော ထီးစခန်းတချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အရာတော်မြို့ နယ် နောင်ကြီးအိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း ကိုလည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် ၁၊ ၂၊ ၆ ၊ ၈ ရဲဘော်များက ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထို့ပြင်ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် အရာတော်မြို့နယ် အ မြောက် တပ် ၃၆၉ တပ်ရင်းအနီးရှိ သစ်ကျင်းကြီးကျေးရွာ ပျူစောထီး ခြေကုပ် စခန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင် အမှတ်၆ PDF တပ်ရင်း နှင့် မုံရွာခရိုင်အမှတ်၁၉ PDF တပ်ရင်းပူးပေါင်းတပ်ဖွဲ့က ဝင် ရောက် စီး နင်းတိုက်ခိုက်ခဲ့ရာ စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။





Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ