စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။"

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားနေတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး တာဝန်ကို မနှစ်ကစထမ်းဆောင်ခဲ့တဲ့ Volker Türk အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းမှာဖြစ်ပါတယ်။ မဟာမင်းကြီးအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်က တင်သွင်းထားတာ ဖြစ်ပါတယ်။

(၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ (၂၇) နေ့၊ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အရေးမှာတော့ မနှစ်ညီလာခံလိုပဲ ခုံအလွတ်ထားရှိမှာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်နေရာအတွက် ဘယ်သူ့ကိုထားမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ကိုယ်စားပြုထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ညီလာခံတွေမှာ ဒီနှစ်အတွက်လည်း မြန်မာကိုယ်စားလှယ်နေရာ လွတ်လပ်နေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။

VOA



Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ