ဒိုက်ဦးထောင် ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်နေတာကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိနေ PEN47 / ဇွန် ၁၆ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ဇွန်လ ၁၅ ရက်၊ မနက်၃ နာရီခန့်က ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးထောင်အာဏာပိုင်တွေက ကာအိန္ဒြေ ပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုပြီး အကြမ်းဖက် ရိုက်နှက်ပစ်ခတ် နှိပ်စက်နေတာကြောင့် အကျဉ်းသူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ အကျဉ်ထောင် နဲ့ နီစပ်သူထံက သတင်းရရှိပါတယ်။ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ထောင်ဗူးဝမှာ ထောင်ဝန်ထမ်းတွေက ရှာဖွေရေးပြုလုပ်ရာမှာ နိုင်ငံရေး အကျဉ်းသူများရဲ့ ခန္ဓာကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး ကာအိန္ဒြေပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုခဲ့တယ်လို့ သိပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူများက ထောင်ပြောင်းရွေ့ခံရချိန်မှာ သယ်ဆောင်လာတဲ့ အစားအသောက်များနဲ့ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းတွေက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆ...