Posts

Showing posts from March 11, 2023

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

Image
စန္ဒီ/People's Spring  မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။ ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော်

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

Image
 ပအိုဝ်တိုင်းရင်းသားများနှင့် PDF များအကြား လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် စစ်တပ် လုပ်ဆောင်   ရန်ကုန်၊ မတ် ၁၁ ခေတ်သစ်  ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေ အိမ် ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးကြောင်း အင်းလေး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် KNDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း ၃ ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် ၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးခုတုံးလုပ် ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင် အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်ဟု KNDF က ပြော သည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်၊ ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ

ဘောမမီဒီယာရဲ့ရိုက်ချက်

Image
နိုင်ငံခြားကနေနိုင်ငံရေးလုပ်တယ်ဆိုတာမဖြစ်နိုင်စရာအကြောင်းမရှိပါ

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

Image
▪️စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ဦးအသက်ဆုံးရှုံး   ထိုက်ထိုက်/People’s Spring  ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲပေါင်း ၄၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၈၆ ဦး သေဆုံးကာ ၂၆၇ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ KNU နယ်​မြေများတွင် ယခုလပိုင်းအတွင်းKNLA ဦး​ဆောင်၍ PDF အပါအဝင်ပူး​ပေါင်းတပ်များနှင့် စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား​နေ​သော်လည်း သတင်းမထုတ်ပြန်သဖြင့် ပြည်သူများမသိကြခြင်းဖြစ်​ကြောင်း အမည်မ​ဖော်လို​​​သောစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။ သို့​သော် KNU တပ်မဟာ ၅ တစ်ခုတည်းကသာ တိုက်ပွဲသတင်းများ အပါတ်စဥ်ပုံမှန်ထုတ်ပြန်​ပေး​သည်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင်နှင့် ဖာပွန်(မူတြော်)ခရိုင်၊ ဒူးပလာယာခရိုင်များ၌ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး

လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

Image
ရန်ကုန်| မတ် ၁၁ ခေတ်သစ်  တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ပါ အင်အား ၅၀ နီးပါးစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ် အချို့ကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ပညစ်ရွာထဲတွင်နေအိမ် ၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွား​ကြောင်း၊ ရော်ဘာခြံထဲရှိ အလုပ်လုပ်နေသည့် ဒေသခံ ၃ဦး ဖမ်းဆီးကာ အမျိုးသမီး တစ်ဦးကိုမူ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပညစ်ရွာနေ ဒေသခံတစ်ဦးက"စစ်တပ်က စစ်ကြောင်းထိုး ဝင်လာချိန်မှာ သူပုန်းတွေ ဝင်လာသလိုမျိုး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာပါ အဲ့ချိန်မှာ ရွာဖက်မှာရှိတဲ့ PDF တွေနဲ့ အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်"ဟု ပြောသည်။ ထိုပြင် ယင်းကဲ့သို့ စစ်ကောင်စီက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် နေအိမ် ၁၀၀ နီးပါးကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ "စစ်တပ်က ဝင်လာတဲ့ အချိန်ကစ

ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ

Image
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ   ရန်ကုန်| မတ် ၁၁ ခေတ်သစ်  တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်အရွယ်ရှိ မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ) ကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့ ဖြစ်ပြီး ယင်းတို့ နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန်အောင်မြို့ တံတားအကျော်တွင် စစ်ကောင်စီတပ်သားများက တားဆီး စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မြို့ခံ တစ်ဦးက "ဒီ အမျိုးသမီးနှစ်ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာပါ၊ ဘာမှ မလုပ်ဘဲ ဖုန်းဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်"ဟု Western News ကို ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံ အဆိုပါ အမျိုးသမီးနှစ်ဦးကို ကလိန်အောင် မြို့မရဲစခန်း၌

နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

Image
ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား   ရန်ကုန်၊ မတ် ၁၁ ခေတ်သစ်   မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျခဲ့ကြောင်း Successful Force - Pauk အဖွဲ့မှ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ်အတွင်းရှိ အုန်းတောမြောက်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၃ လုံးနှင့် အုန်းတောတောင်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅၃ လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၅ ရက်နေ့တွင် အုန်းတောတောင်စုရွာမှ ကိုမြင့်သိန်းကို ယာကြီးပြင်ပျူစောထီးရွာကို ဖမ်းဆီးသွားကြောင်း၊ မတ်လ ၉ ရက်နေ့တွင် အုန်းတောမြောက်စုရွာ၌ နေထိုင်သည့် ကိုရန်နိုင်ကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသူ ၂ ဦးလုံးကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "လူတွေကို ဖမ်းဆီးသွားပြီး နေအိမ်တွေကို မီးရှို့ ပျက်ဆီးသွားတာ အုန်းတောမြောက်စုကျေးရွာက နေအိမ် ၁၃ လုံးမီးလောင်ပြာကျတ

နယ်လှည့်ခေါင်းဖြတ်နေသည့် ဘီလူးစစ်ကြောင်း

Image
စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း  အင်အား ၇၀ ပါ တပ်မ ၉၉  လက်အောက်ခံ စစ်ကြောင်းလက်ချက်ဖြင့် တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။  မောင်ရွှေဝါ Published on Mar 7, 2023   (သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)  Myanmar Now  ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ နံနက် ၁ နာရီကျော်ဖြစ်သည်။ ဧရာဝတီမြစ်နှင့် မူးမြစ်ပေါင်းစုံရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ် အနောက်ဖျား တာတိုင်ရွာနှင့် မလှမ်းမကမ်း လယ်တောတစ်ခုထဲတွင် အသက် ၂၀ အရွယ် ကိုကံကောင်း*နှင့် သူငယ်ချင်းနှစ်ဦး အိပ်စက်အနားယူနေသည်။ အားကစားဘောင်းဘီ အတို၊ အရှည်၊ အရပ်ဝတ်အရပ်စားများ ဆင်မြန်းကာ အင်္ကျီပေါ်မှ ကျည်ကာ ထပ်ဝတ်ထားသည့် လူတစ်စု ရုတ်တရက်ရောက်လာကာ လှုပ်နှိုးသဖြင့် ကိုကံကောင်းနှင့် အပေါင်းအပါများ လန့်နိုးသွားရသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုအဖွဲ့မှာ အထုပ်အပိုးများ၊ လက်နက်များ ကိုင်ဆောင်ထားပြီး အင်အား ၇၀ လောက်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။ ကိုကံကောင်းတို့ ခေါင်းနားပန်းကြီးသွားသည်။ တုံ့ပြန်ရန် မပြောနှင့်