ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ(မန္တလေး) သတိပေး

စန္ဒီ/People's Spring 

မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။ ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂသည် မတ်လ ၅ ရက်က မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သတင်းကြားရကြောင်း သံဃသမဂ္ဂ (မန္တလေး)ကအဖွဲ့က ဆိုသည်။ ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂနှင့်အတူ တော်လှန်ရေး ရဲဘော် ၇ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်များသတ်ဖြတ် အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းရကာ ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ် ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) အသိပေးကြေငြာချက်ထုတ်ပြန်သည်။ "ဆရာတော်သတင်းတွေတော့ကြားတယ်။ ဖုန်းကလည်းဆက်လို့မရဘူး။ ဆရာတော်က ကျွန်တော် တို့နဲ့လည်းအဆက်အသွယ်ရှိပြီး စစ်ဘေးရှောင်တွေကို ကူညီနေတာ။"ဟု စစ်ကိုင်းအ​ခြေစိုက် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော