Posts

Showing posts from March 19, 2023

လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း

Image
စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ   ရန်ကုန်၊ မတ် ၂၀ ခေတ်သစ်  အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ် ခေါ် စာများ လိမ်လည်တင်ပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်သည်ဟုဆိုကာ ခေါ်တွေ့ပြီး တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။ ထိုအချိန်တွင် စစ်တပ်က ထိုသို့ စစ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြေ