Posts

Showing posts from March 5, 2022

အောင်ပွဲနဲ့အတူ မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ်

Image
​ 5.3.2022 နိုင်ငံရေး စတင်လုပ်ဆောင်သည်မှ ယနေ့အထိ  ကျမနှင့် ပြည်သူဘက်မှရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်အားလုံးကို   အားနာပါတယ် NAC CENTER မှ  သား/သမီး များ အားလုံးကိုလဲ   အားနာပါတယ်                    ဒါပေမဲ့  စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့   GZ တွေ နိုင်ငံစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်အောင် အသက်စွန့် ကာကွယ်ပေးနေကြတဲ့  သူရဲကောင်းPDF တွေ အပစ်မဲ့ပြည်သူတွေ  အသက်စွန့်လွှတ်ခဲ့ရတဲ့ကလေးသူငယ်နှင့်အမျိုးသမီးတွေ  နေအိမ်မီးရှို့ခံ  အပစ်သတ်ခံရတဲ့  အပစ်မဲ့ပြည်သူတွေ   ကိုလဲ            ပိုပြီးအားနာပါတယ်  ဒါကြောင့် စစ်အာဏာရှင် ကျဆုံးသည်အထိ  အောင်ပွဲ ရသည်အထိ တိုက်ပွဲ ဝင်သွားပါ့မယ် ။ အောင်ပွဲနဲ့အတူ  မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ်                  တော်လှန်ရေးသစ္စာဖြင့်                 ဖြူဖြူသင်း

ရန်ကုန်တွင် စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး

Image
​ ရန်ကုန်၊ မတ် ၅ ခေတ်သစ်မီဒီယာ ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရသည်။   ရန်ကုန် အရှေ့ပိုင်းခရိုင် ============= ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ ရန်ကုန် အနောက်ပိုင်းခရိုင် =============== ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ က

ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး

Image
​ * ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မဲဆောက်မှာ တောထဲမှာ တောခြောက်တာတွေ လုပ်တာအားမရလို့ ထပ်ပြီး Searching fire လုပ်တဲ့ သဘော လည်း ပါမယ်။  *ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး လို့ ဆိုချင်တယ်။  *  နောက်တချက် အရေးအကြီးဆုံးက - ကျမတို့ တော်လှန်ရေးအလွန် နိုင်ငံတော်သစ်မှာ ဒီ (၈၂) ဥပဒေကြီးက ရှိအုံးမှာ မို့လို့လား လို့ပဲ - မေးခွန်းထုတ်ချင်ပါတယ် ။ (ဒေါ်ဇင်မာအောင်-နိုင်ငံခြားရေးဝန်ကြီး) ပတ်စပိုစ့်ဆိုတဲ့စာအုပ်လေးတစ်အုပ်ထဲကစာရွက်ပေါ်မှာနိုင်ငံသားဖြစ်မှုကို ရပ်စဲလိုက်ရုံနဲ့ ၊ မှတ်ပုံတင်ကိုဖျက်သိမ်းလိုက်ရုံနဲ့ အမိနိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့ကျမရဲ့စိတ်ကို စစ်ကောင်စီအနေနဲ့ဖြိုလဲရိုက်ချိုး ခြေမွဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ အကြမ်းဖက် အဖွဲ့အစည်း စစ်ကောင်စီရဲ့ တရား မဝင်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကျမတို့ အနေနဲ့ ဂရုစိုက်စရာကို လိုမနေပါဘူး။ တော်လှန်ရေး အောင်မြင်ချိန်​ရောက်တဲ့ အဆုံးသတ်အထိ ပြည်သူတွေ ၊ ကျမရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေ ၊ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပဲ ထပ်လောင်းပြောကြားချင်ပါတယ်။ အိသဉ္ဇာမောင် ဒုဝန်ကြီး

​စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူမြင်ကွင်းက ပျောက်ကွယ်နေ

Image
========= အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကျောင်း ဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။။ ဖေဖော်ဝါရီလ ၂၇ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပန္နက်တော်တင်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီအာဘော် ကြေးမုံ သတင်းစာတွင်ဖော်ပြခဲ့သည်။ အခမ်းအနားအပြီး နောက်တစ်ရက် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတစ်ခုကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အလားတူ မတ်လ ၁ရက်နေ့တွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်းပြီး ပြည်လည်သုံးသပ်သည့် အစည်းအဝေးပွဲကို ဒုတိယဥက္ကဌကသာ ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများ

တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်

Image
​ စစ်ကိုင်းတောင်ရိုး သမိတ္ထောဒယသီလရှင် စာသင်တိုက်ကြီး ခင်ဗျား... ဒေါ်ဝေသိဂ် ီ၊ဒေါ်ဋ္ဌေး၊ဒေါ်သန်းတို့ရဲ့တူမအခြေအနေပါ။ သာသနာကိုမငဲ့။ တိုက်နာမည်ကို ကိုယ်ကျိုးအတွက်အသုံးချ ချင်ရင်လဲ သဘောပါ။ ကျနော် ဖြေရှင်းပေးဖို့ တိုက်ကို အကြိမ်ကြိမ် လာရောက် တောင်းပန်ခဲ့ပါသည်။ သို့ပေမယ့် ဒေါ်ဋ္ဌေးတို့၏ ဆဲဆိုကြိမ်းမောင်း ခြိမ်းချောက် ခြင်းသာခံခဲ့ရပါသည်။ အရင်တခါ ကျနော်ဆရာ့မျက်နှာနှင့် နောက်ဆုပ်ပေးခဲ့သည်။ စ၍ မပတ်သတ်တော့ကြောင်း သိက္ခာကျခံပီး နေလာခဲ့သည်။ ယ္ခုမူ တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်။  ခွင့်မလွှတ်နိုင်တော့ပါကြောင်း အသိပေးပါသည်။ credit #

ရူးနေတာ သေချာတယ်

Image
​ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည်  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏  တပ်မတော်သား တစ်ဦးဖြစ်ပြီး၊  တာဝန် ၁ = တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌    လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။  တာဝန် ၂ = ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး -နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် -တာဝန်ထမ်းဆောင်လျက်ရှိသည်။  တာဝန် ၃ = ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော  အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ်  မိမိကိုယ်ကိုပြန်လည်ခန့်အပ်ကာ တာဝန် ထမ်းဆောင်နေသည်။  ယင်းဖန်တီးထားသော  အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ်  အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ်  ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။ ဌေးတင့် 🇳🇱

ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

Image
​ ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍  အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန် ရန်ကုန်၊ မတ် ၅  CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။  အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။  ဖေဖော

​စစ်အာဏာသိမ်းပြီး တစ်နှစ်တစ်လအတွင်း နေအိမ် ၆,၂၀၀ ခန့် မီးရှို့ခံရ

Image
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။   “မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့

ရုရှနိုင်ငံကို ပိတ်ဆို့အရေးယူသည့်နိုင်ငံများတွင် စင်ကာပူလည်းပါဝင်လာ

​ မတ် ၅၊ ၂၀၂၂။  စင်ကာပူနိုင်ငံအနေဖြင့် ရုရှနိုင်ငံအခြေစိုက် ဘဏ်အချို့နှင့် ရုရှအစိုးရကိုအကျိုးအမြတ်ရစေမည့်လုပ်ငန်းများကို စီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ကြေညာလိုက်သည်။ ယူကရိန်းပြည်သူများကို တိုက်ရိုက်ထိခိုက်စေရန်လက်နက်အဖြစ်အသုံးပြုနိုင်သည့် လက်နက်ဆိုင်ရာပစ္စည်းများတင်ပို့မူကို တားဆီးပိတ်ပင်သွားမည်ဟု စင်ကာပူနိုင်ငံ၏နိုင်ငံခြားရေးရာဝန်ကြီးဌာနက ကြေညာခဲ့သည်။  "ရုရှနိုင်ငံနဲ့ ရုရှပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တန်ဖိုးထားပေမယ့် ရုရှနိုင်ငံအနေနဲ့ တခြားတိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးလွန်နယ်ချဲ့တာကို လက်မခံနိုင်ဘူး" ဟု နိုင်ငံခြားရေးရာဝန်ကြီးဌာနက ဆိုသည်။  စင်ကာပူနိုင်ငံ၏လုပ်ဆောင်ချက်သည် "ယူကရိန်းနိုင်ငံနှင့် ၎င်း၏အချုပ်အခြာပိုင်နက်ကို ကျူးကျော်တိုက်ခိုက်မှု" လုပ်ဆောင်နေသည့် ရုရှား၏စွမ်းရည်ကို အတားအဆီးဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။  ယူကရိန်းနိုင်ငံကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကျူးကျော်ထားသည့် ရုရှားနိုင်ငံကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် (FIFA) အပါအဝင် အားကစားနှင့် အခြားကဏ္ဍအများအပြားက ရုရှားနိုင်ငံကိုပိတ်ဆို့အရေးယူမှုများပြုလုပ်

နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌရဲ့ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးတောင်းဆိုမှု တရုတ်ပိုင်ရုပ်သံ CCTV က ဆင်ဆာဖြတ်

Image
​ မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲအတွင်း မသန်းစွမ်းသူများဆိုင်ရာအကြီးအကဲရဲ့ ရုရှား - ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆို ပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။  အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ရှိအချိန်မှာ ဖွင့်ပွဲကျင်းပပြီး တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ။  နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌ အင်ထရူးပါဆင်စ်က ရုရှား - ယူကရိန်း အရေးအတွက် ငြိမ်းချမ်းရေးကိုအရေးတကြီးလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာပါ။  "ဒီညတော့၊ ငြိမ်းချမ်းရေးသတင်းစကားနဲ့ စတင်ချင်ပါတယ်" လို့ တရတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ ပွဲကြည့်ပရိတ်သတ်တွေအားလုံးအရှေ့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အဲဒီလိုအစချီပြောဆိုခဲ့တာပါ။  အဲဒီလိုပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကထုတ်လွှင့်နေချိန်မှာပဲ အဲဒီပြောဆိုမှုကို သဲသဲကွဲကွဲမကြားရအောင် ပြုလုပ်ခဲ့ပြီး၊ လက်သင်္ကေတပြ သတင်းပြောဆိုသူကလည်း ဘာသာပြန်ဆိုပြောပြတာကို ရပ်တံ့ခဲ့ပါတယ်။  "မတူကွဲပြားမှုတွေကို ဂုဏ်ပြုပြီး ကွဲပြားမှုတွေကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ကို ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့တော့