နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌရဲ့ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးတောင်းဆိုမှု တရုတ်ပိုင်ရုပ်သံ CCTV က ဆင်ဆာဖြတ်


မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲအတွင်း မသန်းစွမ်းသူများဆိုင်ရာအကြီးအကဲရဲ့ ရုရှား - ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆို ပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။ 


အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ရှိအချိန်မှာ ဖွင့်ပွဲကျင်းပပြီး တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ။ 


နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌ အင်ထရူးပါဆင်စ်က ရုရှား - ယူကရိန်း အရေးအတွက် ငြိမ်းချမ်းရေးကိုအရေးတကြီးလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာပါ။ 


"ဒီညတော့၊ ငြိမ်းချမ်းရေးသတင်းစကားနဲ့ စတင်ချင်ပါတယ်" လို့ တရတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ ပွဲကြည့်ပရိတ်သတ်တွေအားလုံးအရှေ့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အဲဒီလိုအစချီပြောဆိုခဲ့တာပါ။ 


အဲဒီလိုပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကထုတ်လွှင့်နေချိန်မှာပဲ အဲဒီပြောဆိုမှုကို သဲသဲကွဲကွဲမကြားရအောင် ပြုလုပ်ခဲ့ပြီး၊ လက်သင်္ကေတပြ သတင်းပြောဆိုသူကလည်း ဘာသာပြန်ဆိုပြောပြတာကို ရပ်တံ့ခဲ့ပါတယ်။ 


"မတူကွဲပြားမှုတွေကို ဂုဏ်ပြုပြီး ကွဲပြားမှုတွေကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ကို ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့တော့ အခုကမ္ဘာကြီးမှာဖြစ်နေတဲ့ မငြိမ်းချမ်းမှုဖြစ်စေတဲ့အရာတွေအတွက်ကို ထိန့်လန့်နေရပါတယ်"လို့ ပြောဆိုတာအပြင် ထပ်မံပြောဆိုတဲ့ ရုရှား - ယူကရိန်းဆိုင်ရာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုက်တွန်းပြောဆို မှုတွေကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆက်တိုက်ဆင်ဆာဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။ 


တရုတ်ကတော့ ရုရှား - ယူကရိန်းအရေးမှာ ရုရှားဘက်က ကျူးကျော်မှုလို့ခေါ်ဆိုတာကို ငြင်းဆန်ထားပြီး၊ ရုရှားကိုပြစ်တင်ရှုံ့ချမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာလည်း မဲမပေးပဲနေခဲ့ပါတယ်။ 


ဓာတ်ပုံ - GETTY


ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရ သတင်းများတိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-60389755 


#ဘီဘီစီမွနျမာပိုငျး #ယူကရိနျး #ရုရှား #တရုတ် #Paralympics #CCTV #Censorship



Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ