ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍  အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်


ရန်ကုန်၊ မတ် ၅ 


CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊  ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့်  ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။ 


လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။ 


ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့  Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို  ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။


Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့