​စစ်အာဏာသိမ်းပြီး တစ်နှစ်တစ်လအတွင်း နေအိမ် ၆,၂၀၀ ခန့် မီးရှို့ခံရ



စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 


မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။  


“မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data for Myanmar အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ 


အခု ဖော်ပြနေတဲ့ အချက်လက်တွေကလည်း တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက် ၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတဲ့အကြောင်း၊ သတင်းဌာနတစ်ခုချင်းစီက အရေအတွက်တွေကို ပြန်စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားတာတွေကိုလည်း အခြေခံပြုစုထားတာလို့ ပြောပါတယ်။ 


Data For Myanmar အဖွဲ့ဟာ စစ်အာဏာသိမ်းခံထားပြီးနောက်ပိုင်း နေအိမ်မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ နေအိမ်စွန့်ခွာထွက်ပြေးကြရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပါအဝင် အသံတိတ်သပိတ်မှာ ပါဝင်တဲ့မြို့တွေ၊ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးစာရင်းတွေ စတဲ့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။


 

ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755


 ဓာတ်ပုံ-Gangaw Youths Voice

ပုံစာ-ဂန့်ဂေါမှာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ် ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တချို့ကိုတွေ့ရစဉ်။


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း