စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ဘိုတု မန္တလေးသွားတာလည်း ဓာတ်ဆင်ဓာတ်ရိုက် အတွက်ပဲ။


မနက်က ဘိုတု အောင်သပြေ ကိုင်ပြီး မဟာမြတ်မုနိဘုရားကြီးကပုံ တွေ့လိုက်တယ်။ ကျောက်ဝိုင်းမှာ အစောင့်များလို့ ဗုံးစာထိသေးတယ်။ ရွှေကျီးမြင် ဘုရားကိုလည်း သွားတယ်တဲ့။ အလာအလာအရ "မဟာ၊ ကြီးမြင့်၊ ချမ်းသာဓာတ် လာယူတာပဲ ဖြစ်မယ်။


မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး ဘုရားတွေမှာ အလှူတူ၊ ဆုတောင်းတူ ပေါ့။ ဆုတောင်းပြည့်တယ်တဲ့။ မဟာမုနိ နဲ့ ချမ်းသာကြီး ဘုရားတွေမှာ ရွှေကပ်လို့ရပေမယ့်။ ရွှေကြီးမြင်မှာတော့ မှန်နဲ့ ပိတ်ထား‌တာမို့ စောင်းတန်းထဲက ဘုရားတွေကိုပဲ ကပ်ရတယ်။ သို့ပေမင့် ဂေါတွေက ဘိုတုအတွက် မှန်ခန်း ဖွင့်ပေးမှာပါ။


ဒီဓာတ်က ကျဉ်းကြပ်ထဲ ရောက်ရင် လုပ်ရတာ ဆိုပေမယ့် စီးပွားရေး နဲ့ ဆိုင်တာမှာ လုပ်ရတာမျိုး။ ဘိုတု ရဲ့ အခုအခြေအနေနဲ့ မသက်ဆိုင်။ သူ့ကို ထုံးစံအတိုင်း ဗေဒင်ဆရာက ချွန်လိုက်ပြန်ပေါ့။


ခုရက်ပိုင်း ဘိုတု ယတြာခြေတာ အရမ်းစိပ်လာတယ်။ ဒီပုံအတိုင်းဆို မကြာခင် တန်ခိုးကြီး ဘုရား တဆူဆူကို ထီးတော် တင်လိမ့်မယ်။ ပုဂံဘုရားတွေ မျက်ခုံး လှုပ်ပေရော့။


ဒီကြားထဲ စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရတယ်။ စာရင်းလိမ်တွေ ပြပေမယ့် IMF က လက်မခံ။ ငဗစ်အတွက် မသုံးပဲ ရုရှကို ဂါလိုက်ပြီလေ။ 


အမှန် ဘိုတုခြေသင့်တာ "ဘဝပျက် ယတြာ" သူ့ကံကို Reset ချဖို့။ ဥပမာသုဓမ္မာဇရပ်တန်းမှာ တပွေတည်းသူတောင်းစား ပုံစံနဲ့ ညအိပ်တာမျိုး။ အနီး၊ အဝေး သက်တော်စောင့် ဘာညာ ရှိရင်ကိုး မရဘူး။ သူ သူတောင်းစားဘဝ ရောက်နေပါတယ် ဆိုတာကိုလည်း တလောကလုံး သိစေရမှာ။ မိုးလင်းမှ ယတြာအောင်မယ်။ ယတြာ မအောင်ခင် LDF က ဘွန့်သွားရင်တော့ ကံပဲ။


ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ပုဏ္ဏား ဂျောက်တွန်း ကဏ္ဍ)

-----------------

မြန်မာအတွက် ကိုဗစ်ရန်ပုံငွေအနေနဲ့ ပေးအပ်ထားသည့် ကန်ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီက စာရင်းရှင်းလင်းခြင်းမရှိသေးဘူးလို့ IMF ထုတ်ပြန်

.......................
နိုဝင်ဘာ ၄

မြန်မာပြည်သူများအတွက် ကိုဗစ်ရန်ပုံငွေအဖြစ် ပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၃၇၂သန်းနဲ့စပ်လျဉ်းပြီး စစ်ကောင်စီလက်ထက်မှာ စာရင်းရှင်းလင်းခြင်းမရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။
MyanmarPlatform
သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/55490.html
https://t.me/myanmaplatform
#MyanmaPlatform #News #Domestic

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်