စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို
အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။ ထန်တလန် တွင် သောကြာနေ့ နံနက် ဆယ်နာရီခန့်က လူသူ မရှိသော အိမ်များထဲသို့ မင်းအောင်လှိုင်၏ စစ်သားများက ဆန် နှင့် စားစရာ များ ဝင်ရောက် လုယက်ယူငင်နေသည်ကို ချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်သဖြင့် တဦးသေဆုံး သွားပြီးနောက် လူနေရပ်ကွက်များကို ချိန်ရွယ်ကာ အဝေး မှ သူရဲဘော ကြောင်စွာဖြင့် လက်နက်ကြီးများ နှင့် ပစ်ခတ်ရာမှ မီးလောင်ခံခဲ့ရခြင်း ဖြစ်သည်။ ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့် အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။ ရုရ...