Posts

Showing posts from November 4, 2021

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။

Image
 (နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်  ဖြစ်တဲ့ ဒီ ပို့စ်ကို ရှားရှားပါးပါး ရှာတွေ့ ပြီး copy ယူမရအောင် link ချပြီးပဲတင်ထားလို့  ခဲခဲယဉ်းယဉ်း တပိုဒ်ချင်းစီကူးယူ  စာရှည်တော့ စာဖတ်တွေ ပျင်းမှာစိုးလို့ တပိုဒ်ချင်းစီကို အဖြတ်အတောက် တွေနဲ့တစ်နာရီနီးပါးကြာအောင် အချိန်ပေးခဲ့ရပါကြောင်း...)credit... တကယ်တော့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။ ဒေါသအလွန်ကြီးတဲ့ ဦးနေဝင်းဟာ  သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို  တွေ့ခွင့်မရတော့ပဲ ၊  လုံလောက်တဲ့ ဆေးကုသမှု့ကို မရရှိတော့ပဲ ဗုံးဗုံးလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို  ရင်ဆိုင်ရင်း  မျက်ရည်နဲ့မျက်ခွက် နာကြီးချက်  တောက်ခေါက်သံတွေနဲ့အတူ နှစ် လုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင်တော့  သူလဲ ဝဋ်လည်သွားခဲ့တာပဲပေါ့ ။ အာဏာရှင်ကြီးဦးနေဝင်းရဲ့ ကျရှုံးရခြင်း  အကြောင်းတရားတွေက အာဏာနဲ့  တိုင်းပြည်ကို အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ တိရိစ်ဆာန်တွေလို သဘောထားပြီး  ကြိုက်တဲ့နေ့မှာ ကြိုက်တဲ့သတ္တဝါကို  ရိုက်သတ်ချက်စားတတ်တဲ့ အာဏာ ရှင်တို့ရဲ့ အလေ့အထတွေက ဇာတ်လမ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

Image
ဘိုတု   မန္တလေးသွားတာလည်း   ဓာတ်ဆင်ဓာတ်ရိုက်   အတွက်ပဲ။ မနက်က   ဘိုတု   အောင်သပြေ   ကိုင်ပြီး   မဟာမြတ်မုနိဘုရားကြီးကပုံ   တွေ့လိုက်တယ်။   ကျောက်ဝိုင်းမှာ   အစောင့်များလို့   ဗုံးစာထိသေးတယ်။   ရွှေကျီးမြင်   ဘုရားကိုလည်း   သွားတယ်တဲ့။   အလာအလာအရ  " မဟာ၊   ကြီးမြင့်၊   ချမ်းသာ "  ဓာတ်   လာယူတာပဲ   ဖြစ်မယ်။ မဟာမြတ်မုနိဘုရားကြီး၊   ရွှေကျီးမြင်ဘုရား၊   ချမ်းသာကြီး   ဘုရားတွေမှာ   အလှူတူ၊   ဆုတောင်းတူ   ပေါ့။   ဆုတောင်း ပြည့်တယ်တဲ့။   မဟာမုနိ   နဲ့   ချမ်းသာကြီး   ဘုရားတွေမှာ   ရွှေကပ်လို့ရပေမယ့်။   ရွှေကြီးမြင်မှာတော့   မှန်နဲ့   ပိတ်ထား‌တာမို့   စောင်းတန်းထဲက   ဘုရားတွေကိုပဲ   ကပ်ရတယ်။   သို့ပေမင့်   ဂေါတွေက   ဘိုတုအတွက်   မှန်ခန်း   ဖွင့်ပေးမှာပါ။ ဒီဓာတ်က   ကျဉ်းကြပ်ထဲ   ရောက်ရင်   လုပ်ရတာ   ဆိုပေမယ့်   စီးပွားရေး   နဲ့   ဆိုင်တာမှာ   လုပ်ရတာမျိုး။   ဘိုတု   ရဲ့   အခုအခြေအနေနဲ့   မသက်ဆိုင်။   သူ့ကို   ထုံးစံအတိုင်း   ဗေဒင်ဆရာက   ချွန်လိုက်ပြန်ပေါ့။ ခုရက်ပိုင်း   ဘိုတု   ယတြာခြေတာ   အရမ်းစိပ်လာတယ်။   ဒီပုံအတိုင်းဆို   မကြာခင်   တန်ခိုးကြီး   ဘုရား   တဆူဆူကို   ထီးတော်   တင်လိမ့

ညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ်

Image
မြန်မာပြည်မှာညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ် ဦးအောင်ကိုဝင်းလောက်ချမ်းသာပြီလူမသိ သူမသိ ငြိမ်သက်နေတဲ့ မိသားစုအကြောင်း  ဦး ကျော်ကျော်ဟန် ရေတပ်ဗိုလ်ဟောင်း အခုလက်ရှိရာထူးကိုမသိပေမယ့် ၂၀၁၆ မှာ ညွန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနကြီး၊ နိုင်ငံတော်သမ္မတရုံး အဖြစ်ရာထူးတိုးပါတယ်။  ချမ်းသာမှုက အောင်ကိုဝင်း ချမ်းသာတာနဲ့ Level တူ or ပိုချမ်းသာပါတယ်။ သမီးသုံးယောက်ရှိတာ အကြီးဆုံးက  Jo Joe (aka) ရတနာဆုဟန် - Coventry University (UK) က MBA ၂၀၁၈ မှာရပြီး သီလဝါမှာ Projectကြီးတခုလုပ်နေပါတယ်။  အလတ်က မေသင်္ကြန် Oklahoma University ကနေ Mass Communication နဲ့ဘွဲ့ရပြီး စင်္ကာပူမှာအလုပ်လုပ်ပြီးနေပါတယ်။ စင်္ကာပူကအကောင့်တွေမှာ သူတို့မိသားစုပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေလဲ? အငယ်ဆုံးက ရွှေဥ၊ နိုင်ငံတော်သမ္မတပညာသင်ဆုရပြီး St. George\"s University of London မှာ ဆေးကျောင်းသူပါ။    သူတို့မိသားစုက အရမ်းလျို့ဝှက်ပါတယ်။  Jo Joe ရဲ့အချစ်ဆုံးသူငယ်ချင်းရှိရာ တရုတ်ပြည်ဆီသွားလည်တဲ့အခါမှာ (စီးပွါးရေးကိစ္စနဲ့အလည်အပတ်) သူ့သူငယ်ချင်းအဖေက Jo Joe ရောက်လာတဲ့အတွက် Jo Joe ကို လေယာဉ်စင်းလုံးငှားပ

ဘီလ်ရစ်ချတ်ဆန်မှပြောသော မအလ၏ အငြိုးထားမှု

Image
မအလဟာ အငြိုးကြီးပါတယ်။ ယခုဖြစ်နေတာတွေ အဖမ်းခံရသူတွေအားလုံးဟာ မအလရဲ့ အငြိုးစာရင်းနဲ့ လုပ်နေတာပါ။ မအလရဲ့ ပထမပစ်မှတ်က DASSK နဲ့ သမ္မတကြီးပါ။ ပြီးရင် မန်းဝန်ကြီးချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မကွေးဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ပါ။ အဆိုပါလူများဟာ DASSK ရဲ့ အတွင်းလူများလို့ မအလကသတ်မှတ်ပါတယ်။ ဒါ့ကြောင့် အဆိုပါလူတွေဟာ ဘယ်လိုမှ မလွတ်မယ့်လူတွေပါ။ ကျန်လူထဲက ကွီးဖြိုးက သူ့ကိုညွှန်ချုပ်ပြောတာတွေ စစ်တပ်ဂွင်ကို ဖျက်တာတွေကြောင့် လူကိုမသတ်ဘဲ နာမည်သတ်ဖို့ ပြင်ထားတာပါ။ သူနိုင်ငံရေးသေ၊ နာမည်သေအောင်ပါ။ သူ့မိန်းမက ဓားစာခံပေါ့။ DASSK အမှုပြီးရင် သူ့ကိုအခြားအမှုတွေနဲ့ ဆက်ဆွဲမှာပါ။ နှစ်ခါနာပေါ့။ သသလဲမလွတ်ပါဘူး။ ဒါပေမယ့် ယခုအချိန်ဟာ ယခုခေတ်ဟာ NUG ခေတ်ဖြစ်သွားလို့ ကွီးဖြိုးတို့ဖမ်းတာ နာမည်သတ်တာဟာ ဘာမှအရေးမကြီးတော့ပါ။ ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံရေးသူရဲကောင်းအသစ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ အမေရိကန်က Bill Richardson ဘီလ်ရစ်ချတ်ဆန်ဟာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ပါ။ ဘယ်သူ့ရဲ့ကိုယ်စားလှယ်မှ မဟုတ်ပါ။ သူ့ဖာသာ အလွတ်သဘောလာတာပါ။ DASSK လက်ထက် မအလရဲ့ဖက်ဆစ်တပ်ကသတင်းထောက် ဝ လုံးတို့ဖမ်းတဲ့ကိစ္စ လွတ်ပေးဖို့ပြော

တန့်ဆည်မြို့ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏နေအိမ်များကို စစ်ကောင်စီသိမ်းဆည်း

Image
တန့်ဆည် - နိုဝင်ဘာ ၃၊ ၂၀၂၁။ The 74 Media  စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။   တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ဦးကျော်ရွှေနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း တို့၏ နေအိမ်များကို စစ်ကောင်စီတပ်များက နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းမည်ဟု ရေးသားထားသော ဗီနိုင်းအနီ လာရောက်ချိတ်ဆွဲသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “တနေ့က တိုင်းဒေသကြီးအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် နေအိမ် ချိတ်ပိတ်တယ်။ မနေ့က ၄ နာရီ ကျော်လောက်က တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို လာချိတ်ပိတ်သွားတာ။” ဟုသူကပြောသည်။ တန့်ဆည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ နေအိမ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းတို့၏ အောင်တံခွန် ကိုယ်ပိုင်

စစ်ကောင်စီစစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူ ပစ်သတ်အလောင်းဖျောက်ခံရ

Image
ကသာ  -  နိုဝင်ဘာ   ၄၊   ၂၀၂၁။ The 74 Media  394x295 ( ကသာ - နိုဝင်ဘာ ၄၊ ၂၀၂၁။  The 74 Media စစ်ကောင်စီစစ်ကြောင်းက လမ်းပြခေါ်ဆောင်သွားသူ စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတားလေးကျေးရွာက ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နိုဝင်ဘာ ၃ ရက် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က သေနတ်ဖြင့်ပစ်သတ်အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။  အသတ်ခံရသည့်အမျိုးသားသည် ယာခင်း လုပ်ကိုင်နေသည့် အသက် ၃၉ နှစ်အရွယ် ကိုအောင်အောင်ဟုခေါ်သည့် ကိုငယ်လေးဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ကာ မြေမြှုပ်ခဲ့သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။   “စကစဘက်က ခေါ်သွားပြီး အသက်ခံရတာပါ။ နဖူးကျည်ဒါဏ်ရာနဲ့ သေဆုံးနေပြီး အလောင်းကိုလည်း မြေမြှုပ်ခဲ့တယ်။ မိန်းမ ဖြစ်သူက လိုက်ရှာရင်း မြေစာပုံအနီးမှာ အမြဲတမ်း ဆောင်းတဲ့ဦးထုပ်တွေ့လို့ တူးကြည့်မှ အလောင်းကိုတွေ့တာပါ” ဟုပြောသည်။   ကိုငယ်လေး၏ အမျိုးသမီးသည် စစ်ကောင်စီတပ်အားတွေ့သောကြောင့် တိမ်းရှောင်နေသဖြင့် လွတ်မြောက်ခဲ့သည်ဟု သူက ဆက်ပြောသည်။  စစ်ကောင်စီစစ်ကြောင်းသည် ကိုအောင်အောင်တို့၏ ယာခင်းမှ လူနေတဲနှင့်

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား” နိုဝင်ဘာ ၄၊ ၂၀၂၁ (TRN) မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့်ဇနီးမောင်နှံကို စီစစ်ဆဲသေနတ်သမားကနိုဝင်ဘာလ ၄ ရက်နံနက် ၇း၃၀ နာရီအချိန်တွင်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဦးသိန်းအောင်နှင့် ဇနီးဒေါ်သိမ့်အောင်သူတို့သည်လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်နေသော သေနတ်သမားကပစ်ခတ်ရာ ဦးသိန်းအောင်မှာကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။ သေဆုံးသွားသူဦးသိန်းအောင်သည်Mytel  ရဲ့အဓိက အရေးပါတဲ့နေရာမှာ ပါဝင်သူဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း) DSA 28intake (ဇနီးDrသိမ့်အောင်သူ)သည် အရင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော်ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်(ဦးအောင်သောင်းသား)နှင့်အလွန်ရင်းနှီးတဲ့အပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။

အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ

Image
A Twist in the tale ****************** အာဏာသိမ်း အဖွဲ့ ၏ ဒုခေါင်းဆောင် စိုးဝင်းမှ ၎င်းအား တက်ရောက် ခွင့် ပေးခဲ့သော အာဆီယံ စာရင်း စစ်ချုပ် များ ၏ အွန်လိုင်း တွေ့ဆုံပွဲတွင် ဧပြီလ အတွင်း အာဆီယံ အချက် ငါးချက်အပေါ် မင်းအောင်လှိုင် သဘောတူ ညီခဲ့မှုသည် ပြည်တွင်း ရေး အနေအထား ပေါ် မူတည်၍သာ အကောင်အထည် ဖေါ်မည်ဟု ဆိုလိုခြင်း ဖြစ်‌ ကြောင်း ပြောဆိုပြီး အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ ဖြစ်သည်။ ဤသည်ကို ကြည့်လျှင် အစည်းအဝေး တက်ပြီး လူလုံးပြချင်ဇော အားကြီးစွာဖြင့် သွား‌ရောက်ခဲ့‌သည့် မင်းအောင် လှိုင်သည် မည်သို့မျှ မငြင်းသာတော့ဘဲ သဘောတူခဲ့ရ‌သော်လည်း ပြန်ရောက်လျှင် ရောက်ခြင်း သူ့ထက် သဘောထား ပြင်းထန်သည့် စစ်အုပ်စု မှ စိုးဝင်း ဦးဆောင်သော အဖွဲ့၏ အပြင်းအထန် ဆန့်ကျင် ခြင်းကို ခံခဲ့ရသည်ဟု ယူဆစရာ ဖြစ်လာသည်။ ဤသို့ဖြင့် မင်းအောင်လှိုင်၏ ကိုးပြည်ထောင် မင်းတို့ ရှေ့ ၌ပေးခဲ့သော ကတိမှာ အလကား ဖြစ်သွားခဲ့ရသည်။ ထို့‌နောက်ပိုင်း မင်းအောင်လှိုင်၏ အပြောအဆိုများသည် မူမှန် ခြင်း မရှိတော့သည့်အဖြစ်ကို အားလုံးက သတိထားမိလာကြသည်။ ရာဇဝတ်မှု ဖြင့် စွပ်စွဲခံရသူကို ပြည်ပ မှ ပုဂ္ဂိုလ် တဦးဦး နှင့် တွေ့ခွင့်