Posts

Showing posts from July 4, 2021

သစ္စာဖောက်လောက်ကောင် သူရိယနေဝန်း မိုးဟိန်း(ခ)နိုင်ဝင်း ရဲ့ အရှုပ်ထုတ်များပေါက်ကြား

Image
  သူရိယနေဝန်းမိုးဟိန်း(ခ)နိုင်ဝင်း ဆိုတဲ့ကောင်နဲ့ သူ့မိသားစုဝင်တွေကို Social Punishment လုပ်ဖို့မမေ့ကြနဲ့အုံး။မိုးဟိန်းဆိုတာ ၈၈အရေးခင်းမှာ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူ့ဘောင်သစ်ပါတီဥက္ကဌဖြစ်တဲ့မိုးသီးဇွန်တို့နဲ့အတူ လူ့ဘောင်သစ်ပါတီမှာအတွင်းရေးမှူးအဖြစ်သူကိုယ်တိုင် နိုင်ငံရေးလုပ်၊ထွက်ပြေးရင်း နဝတကောင်စီကဖမ်းမိခဲ့တာပါ။နဝတကောင်စီက အင်းစိန်ထောင်ထဲကိုပို့လိုက်တဲ့အခါ ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေများတော့ ထောင်ရွေ့ရင်းနဲ့ ထောင်၅ထောင်လောက်ရောက်ခဲ့ရတယ်။အဲလိုထောင်ပြောင်းခဲ့တာကို အခွင့်ရေးယူပြီး ၈၈မှာနိုင်ငံရေးလုပ်လို့ ထောင်၅ထောင်လောက်ကျခဲ့ဖူးတယ်ဆိုပြီး ဂုဏ်ဖော်ပြောနေတာ။တကယ်တမ်းကျတော့ ထောင်တွင်းစစ်ကြောရေးမှာ နဝတကောင်စီနဲ့ နိုင်ငံရေးမလုပ်ဖို့အပေးအယူမျှခဲ့ကြတယ် အဲဒီနောက်ပိုင်း နဝတ ကောင်စီကတာဝန်ပေးခဲ့တဲ့ တာဝန်အရ ၁၉၉၀ ခုနှစ်အနိုင်ရပါတီဖြစ်တဲ့ NLDပါတီရဲ့ ဆန့်ကျင်ဝေဖန်ရေး ဆောင်းပါးတွေကို နဝတကောင်စီလက်ထက်ကနိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်နဲ့အမျှရေးသားပေးခဲ့တယ်။နဝတကောင်စီကလည်း မိုးဟိန်းရဲ့ရပ်တည်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်းမှာလောင်စာဆီရောင်းဝယ်ရေးလုပ်ငန်းကို အခွင့်ရေးပေးလုပ်ကိုင်ခွင့်ပြ