သစ္စာဖောက်လောက်ကောင် သူရိယနေဝန်း မိုးဟိန်း(ခ)နိုင်ဝင်း ရဲ့ အရှုပ်ထုတ်များပေါက်ကြား


 

သူရိယနေဝန်းမိုးဟိန်း(ခ)နိုင်ဝင်း ဆိုတဲ့ကောင်နဲ့ သူ့မိသားစုဝင်တွေကို Social Punishment လုပ်ဖို့မမေ့ကြနဲ့အုံး။မိုးဟိန်းဆိုတာ ၈၈အရေးခင်းမှာ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူ့ဘောင်သစ်ပါတီဥက္ကဌဖြစ်တဲ့မိုးသီးဇွန်တို့နဲ့အတူ လူ့ဘောင်သစ်ပါတီမှာအတွင်းရေးမှူးအဖြစ်သူကိုယ်တိုင် နိုင်ငံရေးလုပ်၊ထွက်ပြေးရင်း နဝတကောင်စီကဖမ်းမိခဲ့တာပါ။နဝတကောင်စီက အင်းစိန်ထောင်ထဲကိုပို့လိုက်တဲ့အခါ ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေများတော့ ထောင်ရွေ့ရင်းနဲ့ ထောင်၅ထောင်လောက်ရောက်ခဲ့ရတယ်။အဲလိုထောင်ပြောင်းခဲ့တာကို အခွင့်ရေးယူပြီး ၈၈မှာနိုင်ငံရေးလုပ်လို့ ထောင်၅ထောင်လောက်ကျခဲ့ဖူးတယ်ဆိုပြီး ဂုဏ်ဖော်ပြောနေတာ။တကယ်တမ်းကျတော့ ထောင်တွင်းစစ်ကြောရေးမှာ နဝတကောင်စီနဲ့ နိုင်ငံရေးမလုပ်ဖို့အပေးအယူမျှခဲ့ကြတယ် အဲဒီနောက်ပိုင်း နဝတ ကောင်စီကတာဝန်ပေးခဲ့တဲ့ တာဝန်အရ ၁၉၉၀ ခုနှစ်အနိုင်ရပါတီဖြစ်တဲ့ NLDပါတီရဲ့
ဆန့်ကျင်ဝေဖန်ရေး ဆောင်းပါးတွေကို နဝတကောင်စီလက်ထက်ကနိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်နဲ့အမျှရေးသားပေးခဲ့တယ်။နဝတကောင်စီကလည်း မိုးဟိန်းရဲ့ရပ်တည်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်းမှာလောင်စာဆီရောင်းဝယ်ရေးလုပ်ငန်းကို အခွင့်ရေးပေးလုပ်ကိုင်ခွင့်ပြုခဲ့တယ်။မိုးဟိန်းဟာ ပြည်တွင်းလောင်စာဆီလုပ်
ငန်းအဆင်ပြေလာတဲ့အမျှ သူရဲ့ဝါသနာနဲ့ဗီဇကို ဖြည့်ဆည်းပေးဖို့အတွက် ရန်ကုန်မြို့မှာ ဂန္တဝင်ပုဂံဆိုတဲ့နာမည်နဲ့ စင်တင်တေးဂီတာဖျော်ဖြေရေးဘီယာ၊အရက်ဆိုင်ကို စီးပွားရေးတစ်ခုအနေနဲတိုးချဲ့ဖွင့်ခဲ့တယ်။အဲဒီနောက်ပိုင်း နိုင်ငံရေးအသိုင်းဝိုင်းမှာ မိုးဟိန်းရဲ့ရပ်တည်မှု့က အော့နှလုံးနာစရာ၊နိုင်ငံရေးလောကမှာသစ္စာဖောက်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်ဆိုတာ သူကိုယ်တိုင်သိပုံရခဲ့ပြီး နဝတကောင်စီကိုကျောခိုင်းကာ ထိုင်းနိုင်ငံနယ်စပ်တစ်ခုကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အချိန်မှာ ဂန္တဝင်ပုဂံစင်တင်တေးဂီတ၊ဘီယာ၊အရက်ဆိုင်မှာ ဆုံတွေ့ခဲ့တဲ့ အသက်အရွယ် ၁၇နှစ်သာရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ကိုပါ သွေးဆောင်ဖြားယောင်းပြီးအတူတကွ ထိုင်းနိုင်ငံသို့ထွက်ပြေးလာခဲ့တယ်။အဲဒီအမျိုးသမီးဟာ ယခု သူရဲ့ဇနီးအဖြစ်အတူနေထိုင်တဲ့သူဖြစ်တယ်။

ထိုင်းနိုင်ငံမှတဆင့် အနောက်နိုင်ငံအသီးသီးသို့ ဒုက္ခသည်အဖြစ်ကမ်းလှမ်းခဲ့တယ်။ထိုမှတဆင့်မြန်မာပြည်တွင် နိုင်ငံရေးအတူတကွလုပ်ကိုင်ခဲ့ဖူးသူများနှင့်ချိတ်ဆက်မိကာ အမေရိကန်နိုင်တွင်ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရခဲ့သည်။ထိုနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်းရှိ မြို့ငယ်လေးတစ်ခုတွင် တက္ကစီယာဉ်မောင်းအပြင်အမေရိကန်နိုင်ငံတွင်းထုတ်ပြည်တွင်း မီဒီယာတစ်ခုတွင်အောက်ခြေဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ခဲ့သည်။၂၀၁၀ မှ ၂၀၁၅ခုနှစ် စစ်အစိုးအရမှ အရပ်သားအစိုးရအသွင်ပြောင်း ဗိုလ်ချုပ်သိန်းစိန်သမ္မတတာဝန်ယူသည့်ကာလအတွင်း ၂၀၁၃ ခုနှစ်အတွင်းပြည်ဝင်ခွင့်ပြန်ရခဲ့သည်။ပြည်ဝင်ခွင့်ပြန်လည်ရရှိပြီးနောက် ယခင်ဗိုလ်ချုပ်သိန်းစိန်အစိုးလက်ထက်က စီးပွားကူးသန်းဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဝင်းမြင့်(မကွေး)ရဲ့သား ဗိုလ်ကြီးသူရိန်ဝင်းမြင့်၊၎င်းရဲ့ပါတနာဖြစ်သော ဗိုလ်ချုပ်များနှင့်အလွန်ရင်းနှီးသောဦးယုနိုင်(အထွေထွေစီးပွားရေး)စသည့်ပုဂ္ဂိုလ်များနှင့် အကျိုးတူပူးပေါင်းကာ မြန်မာငွေကျပ် သိန်း(၂၀၀)ကိုယ်စီဖြင့် စုစုပေါင်း သိန်း(၆၀၀)ဖြင့် နေ့စဉ်သတင်းစာထုတ်ရန်ပူးပေါင်းပြင်ဆင်လာခဲ့ကြသည်။ထိုအချိန်တွင် နေ့စဉ်သတင်းစာထုတ်ဝေခွင့် လျှောက်ထားရသည့်ကာလသာဖြစ်သည်။ထုတ်ဝေခွင့်မပြုသေးသည့်ကာလသာဖြစ်သည်။တရားဝင် ထုတ်ဝေခွင့်ရသည့်ကာလမှာ ၂၀၁၄ ၊ဧပြီ ၁ရက်နေ့သာဖြစ်သည်။ထုတ်ဝေခွင့်မရသည့်ကာလ၊ပြင်ဆင်ချိန်အတွင်းမှာ ဝန်ထမ်းများကိုလစာပေးရတာ၂ လကျော်လာသည့်နှင့်အမျှ အကျိုးတူပူးပေါင်းသည့်ရှယ်ယာရှင် များမှာ ငွေကြေးနှင့်ပတ်သတ်ပြီးအချေအတင်များဖြစ်ပေါ်လာခဲ့သည်။ထိုနောက်ပိုင်း သူနှင့်အဆင်မပြေသည့်ဝန်ထမ်းအချို့ကို အကြောင်းပြချက်မျိုးစုံဖြင့် အလုပ်မှလစာ (၃)လစာပေးပြီးထုတ်ပယ်ခဲ့သည်။ကျန်သည့်ဝန်ထမ်းများနှင့် သူရိယအလင်းနာမည်ဖြင့် အပတ်စဉ်သတင်းဂျာနယ်ထုတ်ဝေခဲ့သည်။သူရိယအလင်းဂျာနယ်ထုတ်ဝေခဲ့စဉ် ၁ လအတွင်းဗိုလ်ချုပ်သိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီး ဗိုလ်ချုပ်အောင်သောင်း(သေဆုံး)နှင့်ချိတ်ဆက်ရင်းနှီးခဲ့ကြသည်။ထိုအချိန်တွင် ဗိုလ်ချုပ်အောင်သောင်းမှာ နဝတကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဆင်မပြေမှု့များစွာရှိခဲ့သည်။ထိုအဆင်မပြေမှု့များစွာကို အောက်လုံးထိုးရန်အတွက် သူရိယနေဝန်း မိုးဟိန်း(ခ)နိုင်ဝင်း ကိုလက်သတ်မွေးခဲ့ပုံရသည်။မိုးဟိန်းကလည်း ကိုယ်ကျိုးအတွက်ငွေရရင်ဘာမဆိုလုပ်မည်ဟု မပြောသည့်တိုင်အောင် သူ့လုပ်ရပ်များက သူရိယအလင်းဂျာနယ် အပတ်စဉ်(၁)အမှတ်စဉ်၅နောက်ပိုင်းသူရိယအလင်းဂျာနယ်စာ မျက်နှာများပေါ်တွင် ဗိုလ်ချုပ်မှုးကြီးအပါအဝင်သူနှင့်ပတ်သတ်သည့်စစ်ဗိုလ်ချုပ်များနှင့်တကွ၊ခရိုနီများကိုတိုက်ခိုက်သောဆောင်းပါးတချို့ကို ရေးလာခဲ့သည်။ထိုကဲ့သို့ရေးသားမှု့များကြောင့် ဦးသိန်းစိန်အစိုးရအပါအဝင် ကျန်သည့်ဗိုလ်ချုပ်များရဲ့စောင့်ကြည့်မှု့ကိုခံခဲ့ရသေးသည်။ဗိုလ်ချုပ်ဝင်းမြင့်သား ဗိုလ်မှူးသူရိန်ဝင်းမြင့်မှာလည်၎င်းကိုယ်တိုင် ရှယ်ယာထည့်ဝင်ထားသည့်ဂျာနယ်ဟာယခုလိုရေးသားမှု့များပြုလုပ်သောကြောင့် ဦးသန်းရွှေအပါအဝင်ဗိုလ်ချုပ်အသိုင်းကတွေ့ဆုံကာ နောက်နောင်ထပ်မံရေးသားခြင်းမပြုဖို့ သတိပေးတားမြစ်ခြင်းခံခဲ့ရသည်။ရှယ်ယာရှင်တွေဖြစ်တဲ့ ဗိုလ်မှူးဝင်းမြင့်အပါအဝင် ဦးယုနိုင်ကလည်း မိုးဟိန်းအားထပ်မံရေးသားခြင်းမပြုရန်ပြောဆိုခဲ့သည်။မိုးဟိန်းကလည်း တဖက်တွင်စက်မှု့ဝန်ကြီးအောင်သောင်းရဲ့ ပံ့ပိုးကူညီမှု့နှင့်အတူ ၎င်းရဲ့ပင်ကိုယ်ဗီဇအရသစ္စာဖောက်လောက်ကောင်ပီပီ ဆက်လက်ရပ်တည်ခဲ့တယ်။သူရိယအလင်းစာစောင်ရဲ့ မျက်နှာဖုံးပေါ်မှာ မော်စကိုမှာသာတဲ့လဆိုတဲ့ဆောင်းပါးအပါအဝင် ကဒါဖီ၊ဆက်ဒန်ဟူစိန်စသည့် ကမ္ဘာ့လူဆိုးများအသေဆိုးနဲ့သေကြရတဲ့ပုံတွေကို ဦးသန်းရွှေနဲ့နှိုင်းယှဉ်ခဲ့တဲ့ဆောင်းပါးထပ်မံရေးသားခဲ့ရာထိုဆောင်းပါးကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးနှင့်အတူ သူရိယအလင်းဂျာနယ်ရှယ်ယာရှင်ဖြစ်တဲ့ ဗိုလ်ချုပ်ဝင်းမြင့်သား ဗိုလ်ကြီးသူရိန်ဝင်းမြင်တို့က ယမ်းပုံးမီးပွားကျပြီး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်းဂျာနယ်တိုက်အား ရှယ်ယာဝင်အဖြစ် သူရဲ့ရင်းနှီးမြုပ်နှံမှုနဲ့အညီ ဂျာနယ်တိုက်အတွင်းရှိ ဂျာနယ်ထုတ်ဝေရန်အထောက်အကူပြုပစ္စည်းများအား ညအချိန်မတော် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမြေး နေရွှေသွေးအောင်အပါအဝင်ဗိုလ်ကြီးသူရိန်ဝင်းမြင့်တို့က ဝင်ရောက်သိမ်းဆည်းသွားခဲ့ကြသည်။ထိုကိစ္စအားနောက်နေ့မနက်ခင်းတွင် သူရိယနေဝန်း(ခ)မိုးဟိန်းမှာသတင်းထောက်များခေါ်ကာသတင်းစာရှင်းလင်းပွဲလုပ်ကာ ပုံကြီးချဲ့ခဲ့သေးသည်။ သူပိုင်ဆိုင်တဲ့ဂျာနယ်တိုက်ကို အနုကြမ်း ဝင်စီးပြီး ဂျာနယ်တိုက်ပစ္စည်းများကို အတင်းသိမ်းဆည်းကာ တိုက်တွင်းရှိပစ္စည်းများအားဖျက်စီးသွားခဲ့သည်ဟုပြောကာ ၎င်းတို့နှင့်ရှယ်ယာလုပ်ကိုင်နေသည်ကိုဖုံးကွယ်ခဲ့ပြီး သူရိယအလင်းအစား သူရိယနေဝန်းနာမည်နှင့် နောင်လာမည့်အပတ်စဉ်များတွင်စဉ်ဆက်မပြတ်ထုတ်ဝေသွားမည်ဟုလည်းသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအားကြွေးကြော်ခဲ့သည်။သူရိယနေဝန်းဆိုတဲ့ ထုတ်ဝေခွင့်ကဒ်သည် ဗိုလ်ချုပ်အောင်သောင်းအကူအညီဖြင့်ရက်ပိုင်းအတွင်းထုတ်ဝေခွင့်ကဒ်ရခဲ့သည်ဟုလည်းသတင်းများပျံ့နေခဲ့သည်။မိုးဟိန်းရဲ့ရပ်တည်ချက်များမှုမှန်မှု့မရှိသောကြောင့် သူရိယအလင်းဝန်ထမ်းများမှာ မိုးဟိန်းနှင့်လမ်းခွဲခဲ့ကြသည်။မိုးဟိန်းနှင့်အတူဆက်လက်အလုပ်လုပ်ကိုင်သူများမှာ ၎င်းရဲ့ဆွေမျိုးသာဖြစ်ကြသည်။ထို့နောက် သူရိယနေဝန်းစာမျက်နှာတွေပေါ်တွေ မှာYellow Journalism အရေးအသားများနှင့်အတူဦးသန်းရွှေနှင့်ခရိုနီတေဇအကြောင်းစဉ်ဆက်မပြတ်ရေးသားခဲ့ရာ စာဖတ်ပရိတ်သတ်ခံတွင်းတွေ့ခဲ့ဟန်ရှိခဲ့သည်။သူရိယနေဝန်းစာစောင်မှာ ဂျာနယ်ရောင်းချသူများကြားတွင် အရောင်းရဆုံးဂျာနယ်အဖြစ် အချိန်ကာလတစ်ခုအဖြစ်ရပ်တည်ခဲ့သည်။ခရိုနီဦးတေဇ နှင့်လည်းငယ်သူငယ်ချင်းများဖြစ်ကာ ခရိုနီဦးတေဇမှာမိုးဟိန်းအားတွေ့ဆုံကာ ၎င်းအကြောင်းဆက်လတ်မရေးသားဖို့အတွက် ငွေကျပ်သိန်း ၃၀၀၀ ပေးကာ သူငယ်ချင်းတွေကြားနားလည်မှု့ယူခဲ့ကြသည်။ထိုနောက်ပိုင်း ခရိုနီတေဇအကြောင်းကို သူရိယနေဝန်းစာမျက်ပေါ်များတွင် မတွေ့ရတော့ဘဲ ဦးသန်းရွှေအကြောင်းသာဆက်လက်ရေးသားခဲ့သည်။ထိုအချိန်ကာလကလည်း ဦးသန်းရွှေအာဏာမှာကြီးထွားနေဆဲဖြစ်တာမို့ ဦးသိန်းစိန်အစိုးရအား မိုးဟိန်းကိုဗီဇာပိတ်ပြီး မြန်မာပြည်တွင်နေထိုင်ခွင့်မပေးရန်ဖိအားပေးခဲ့ပုံရသည်။ဦးသိန်းစိန်အစိုးရက ပြည်တွင်းဝင်ခွင့်ဗီဇာကို ပိတ်ခဲ့လို့ မိုးဟိန်းတစ်ယောက် ထိုင်းနိုင်ငံနယ်စပ်ကနေ သတင်းဆောင်းပါးတွေရေး ရပ်တည်ခဲ့ရသည်။သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူနာမည်နေရာမှာ မိုးဟိန်းရဲ့အကိုအရင်းဖြစ်သူ မြန်မာနိုင်ငံသားဖြစ်တဲ့ ရဲအရာရှိပြုတ်ခင်အေးကိုထည့်သွင်းထားခဲ့တာကြောင့် မိုးဟိန်းဂျာနယ်ဟာ ဆက်လက်ရပ်တည်ခွင့်ရခဲ့သည်။မိုးဟိန်းဟာသူရိယနေဝန်းအပြင် သံမဏ္ဏိနှင်းဆီအမည်နဲ့ ဂျာနယ်တစ်စောင်လည်းပိုင်ဆိုင်သေးသည်။ထိုသံမဏိနှင်းဆီ ဂျာနယ်ဟာလည်းမိုးဟိန်းဦးဆောင်ကာ ၎င်းရဲ့ဆွေမျိုးများနှင့်သာ ထုတ်ဝေနေသောဂျာနယ်ဖြစ်သည်။လွန်ခဲ့သော ၂၀၁၇ခုနစ်ဧပြီလတွင်းက သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ တစ်ဦးဂျာနယ်တိုက်တွင်းအသတ်ခံရပြီး ပုပ်ပွသေဆုံး ဟူ၍သတင်းထွက်ပေါ်လာခဲ့သည့်အချိန်မှာ လူထုနှင့်တကွစာဖတ်ပရိတ်သတ်အပါအဝင် ဂျာနယ်လောကသားများက များစွာစိတ်မကောင်းကြောင်း တန်ဖိုးရှိတဲ့ကလောင်ရှင်တစ်ဦးကိုရက်စက်စွာအကြံရှိရှိသတ်ဖြတ်သွားတာကို ရှုံ့ချကြောင်း Eleven Media အပါအဝင်အခြားဂျာနယ်များမှရေးသားခဲ့ကြသည်။ထိုအသတ်ခံရသည့်အမျိုးသားမှာ မိုးဟိန်း၏အမဖြစ်သူကမွေးဖွားသည့် မိုးဟိန်းတူအရင်းဖြစ်သည်။ထိုအသတ်ခံရသည့်ကိစ္စမှာ အိမ်ထောင်နှင့်ကလေးတစ်ယောက်ရှိသူအမျိုးသမီးနှင့် မိုးဟိန်းတူအရင်းဖြစ်သူတို့မှာ ချစ်ကြိုက်ခဲ့ကြပြီး ဟိုတယ်တွင်အတူတကွ နေထိုင်သည့်သတင်းများကို ၎င်းအမျိုးသမီး၏လင်ယောက်ျားဖြစ်သူမှ သိရှိခဲ့ပြီး မိုးဟိန်းတူအရင်းဖြစ်သူမှာ အသတ်ခံခဲ့ရကြောင်းရဲမှတ်တမ်းများအရပေါ်လွင်ခဲ့သည်။ထိုအချိန်တွင် စာဖတ်ပရိသတ်နဲ့ဂျာနယ်လောကသားများမှာ အသတ်ခံရသည့်အကြောင်းသိလိုက်ရသည့်အခါ ဆွံ့အ ခဲ့ကြရသည်။၂၀၁၅ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး NLD အစိုးရတက်လာခဲ့တဲ့နောက်ပိုင်း မိုးဟိန်းခမျာ မျှော်လင့်ချက်များစွာနဲ့သာကူးလာခဲ့တယ်။သူထင်သလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးဟာ သူ့ကိုလူရာသွင်းမလားဆိုမျှော်လင့်ချက်တွေကို ဥပေက္ခာပြုခဲ့ပါတယ်။သူရဲ့ သမိုင်းဆိုးနဲ့ သူဘဝနဲ့ထိုက်တန်တဲ့အရာက ယနေ့အာဏာသိမ်းကောင်စီလက်ထက်မှမဟုတ်ဘဲ ယခင်စစ်အစိုးရလက်ထက်တည်းကလက်ကိုင်တုတ် စွမ်းအားရှင် ခေတ်စကားအရ အဘဘောမ အဖြစ်ရပ်တည်လာခဲ့တာဘဲ။
Chittmyo 

တူမမယားဖြစ်သူစန္ဒီသည်သားတယောက်နှင့်Queen NY USA တွင်နေထိုင်ကြောင်းသိရပါသည်။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ