Posts

Showing posts from April 22, 2023

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

Image
Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင် ■ ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ် ရန်ကုန်၊ ဧပြီ ၂၂ ခေတ်သစ် နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ  အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့  စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။  CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။  "ကပစမှာ နိုင်ငံတကာက ကန့်သတ်ထ