Posts

Showing posts from March 16, 2022

မင်းအောင်လှိုင်ဘဝကအဲ့လို ရှေ့မှာတဂိတ်ပဲကျန်တာ၊

Image

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

Image
စစ်တပ်မှ နိုင်ငံ အာဏာကို လက်နက် အားကိုးဖြင့် သိမ်းယူထားသည်မှာ တနှစ်ကျော်လာပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံ ကို အုပ်ချုပ်နိုင်ခြင်း မရှိသေး၊ ရှိပါကလည်း ၎င်းတို့အား ပြည်ပ နိုင်ငံ တနိုင်ငံ မှ ဝင်ရောက် သိမ်းပိုက်ထားသည့် စစ်တပ်ကဲ့သို့ သဘောထား နေကြပြီး မြန်မာပြည်သူများက ကျားကုတ် ကျားခဲ ခုခံ တော်လှန်သွားမည် ဆိုသည်က တကမ္ဘာလုံး မှ ရှင်းလင်း မြင်သာစွာ သိမြင်နေကြပြီး ဖြစ်သည်။ ထိုသို့သော အနေအထားတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များ၏ ခေါင်းကိုင် ဘိုးအေကြီး ဖြစ်သည့် အမေရိကန်သည်  မြန်မာတို့ အပေါ် ထားရှိသော သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ ယူကရိန်း အစိုးရအား ဒေါ်လာ ၁၃ ဘီလီယံ အပါအဝင် လက်နက် အမြောက်အမြားကို တပတ် အတွင်း ပေးရန် သဘောတူခဲ့ကြသော်လည်း မြန်မာ ပြည်သူတို့ပိုင် အမေရိကန် ဗဟိုဘဏ် တွင် အပ်နှံထားသော ဒေါ်လာ တစ်ဘီလီယံကို ပြည်သူတို့ လက်ဝယ် ပြန်လည် အပ်နှံရေးကိုမူ အမေရိကန် အစိုးရက အကြောင်းအမျိုးမျိုးပြကာ လွှဲရှောင်နေဆဲ ဖြစ်သည်။ မြန်မာတို့မှ မိမိတို့အား အကူအညီ ပေးပါရန် အသနားခံနေခြင်း မဟုတ်၊ မိမိတို့ ငွေကို မိမိတို့ ပြန်တောင်းနေခြင်းသာ ဖြစ်သည်။ အကယ်၍ လုပ်ထုံးလုပ်နည်းအရ မလျှော်ညီဟု ဆိုကလည်း ၎င်းတို့