Posts

Showing posts from December 23, 2022

မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT)

Image
BURMA ACT ဥပ‌ဒေ အတည်ဖြစ် ***************** သောကြာနေ့ နံနက်ပိုင်း တွင် အမေရိကန် သမ္မတ နှင့် တပ်ပေါင်းစု ၏ စစ်သေနာပတိလည်း ဖြစ်သူ ဂျိုး ဘိုင်‌ဒင် မှ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ ကို လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်၍ ထိုအထဲတွင် ထည့်သွင်းထားသော မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT) သည် ဥပ‌ဒေ ဖြစ်လာခဲ့သည်။ BURMA ACT အတွက် ပါရှိသော ဘတ်ဂျက်သည် အမေရိကန် အလုပ်သမား ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း ဝန်ကြီး ဌာန သို့ ချပေးခြင်း မဟုတ်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ အသုံးစရိတ် အတွက် ချပေးခြင်း ဖြစ်သည်ကို စစ်တပ် အနေဖြင့် ရှင်းလင်းစွာ ရှုမြင် တတ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနမှလည်း စစ်တိုင်းကြီးများကို အခိုင်အမာ ဖွဲ့စည်းထားပြီးလည်း ဖြစ်သည်။ ရုရှားသို့ အကြောင်းအမျိုးမျိုးပြ အခေါက်ခေါက် အခါခါ သွား၊ နိုင်ငံထဲသို့ ခေါင်းစဉ် အမျိုးမျိုး ဖြင့် ဖိတ်ခေါ်၊ ငါ့တို့နောက်တွင် ရုရှား ရှိတယ် ဟု ပြည်သူများကို ခြိမ်းခြောက်ရန်၊ အမေရိကန်တို့ စိတ်လည်လာစေရန် သန်းရွှေ‌ ခေ

န် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

Image
အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရ န်  ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ ရန်ကုန်၊ ဒီဇင်ဘာ ၂၄  ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး ဥပဒေတွင် ပါဝင်သည့် မြန်မာ့အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော  NUG ၊ NUCC နှင့် CRPH တို့ကို ထောက်ခံရန်နှင့်  PDF နှင့် EAO များကို နည်းပညာအကူအညီပေးရန် ပြဋ္ဌာန်းချက်များမှာ စတင် အသက်ဝင်နေပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့)တွင် အဆိုပါ ဥပဒေကို လက်မှတ် ရေးထိုး အတည် ပြုခြင်းဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ ၏ အာဏာသိမ်းမှုအရေးကို ​ဖြေရှင်းရန် အမေရိကန်က အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။  အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာ မျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေး မူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်သည်။ ၁-မ

NDAA အောင်မြင်သွားပြီ

Image
မင်္ဂလာသတင်းလေးပါ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒင်းမှ  လက်မှတ်‌​ရေးထိုးပေးလိုက်ပါပြီ။     NDAA အောင်မြင်သွားပြီ။ Photo : US ထုတ်ပြန်ချက် သတင်း  Source KKH🌏

ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ လူလုံးပြ ပွဲတက်နေ၊ တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

Image
By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို လျှပ်စစ် ချွေတာဖို့ ၊ စက်သုံးဆီ ချွေတာ ဖို့အတွက် တဖွဖွပြောပြီး စက်ဘီးပါ စီးခိုင်း လာပေမယ့်လည်း မင်းအောင်လှိုင်နဲ့ သူ့မိန်းမ ကြူကြူလှကတော့ ဒေါ်လာ ထောင်ချီ တန် အဝတ်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုကိုင် ဆောင် အသုံးပြု  ပွဲတွေတက်လူလုံးပြနေပါတယ်။  နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်သူ စစ်ကောင်စီအစည်းအဝေးတွေမှာ မင်းအောင် လှိုင်က ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား ချွေတာဖို့ ၊ ရေကို ချွေတာဖို့ ၊ စက်သုံးဆီချွေတာဖို့ အမြဲမ ပြတ်ပြောနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချပြီး စက်ဘီးကဲ့ သို့သော ယာဉ်များ ပြည်သူတွေ စီးနင်းကြဖို့ တိုက်တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။    ပြည်သူတွေကို ချွေတာဖို့ ပြောနေပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်၊ကြူကြူလှနဲ့ မိသားစုတစ်ခုလုံးက အသုံးအဆောင်တွေ ဝယ်ယူရာမှာ ပြည်ပ နာမည်ကြီး တံဆိပ်တွေကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြတာလို့ စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုပါတယ်။ မင်းအောင်လှိုင်နဲ့ ကြူကြူလှကိ

ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ

Image
ဒီဇင်ဘာလ ၂၃ ရက် စစ်ကောင်စီတပ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်​မြောက် ရေတပ်နှစ်ပတ်လည်နေ့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းထံကသိရပြီး သန်လျင်မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများချထားသည့်အပြင် လှည့်ကင်းများလှည့်၍ စစ် ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ ရေတပ်နှစ်ပတ်လည်နေ့အား ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ရေတပ်စခန်းဌာနချုပ်တွင်ပြုလုပ်မှာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ သန်လျင်မြို့ သန်လျင်-သီလဝါ သွားကားလမ်းမကြီးနှင့်ရပ်ကွက်အတွင်းလမ်းသွယ် များထိပါ စစ်ကားများဖြင့် ကင်းလှည့်နေပြီး တစ်အိမ်တက်ဆင်းစစ်ဆေးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။ " မနေ့ မနက်ထဲက မိန်းလမ်းမကြီးပေါ်ရော ရပ်ကွက်ထဲကလမ်းတွေကိုရောကားတွေနဲ့ပတ်နေတာ။ ဒီနေ့လည်းပတ်နေတယ်။ မနေ့ညက တစ်အိမ်ချင်းဝင်စစ်တယ်။ရပ်ကွက်ရဲ့လမ်းတွေထဲထိပါ စစ်ကားတွေ ၃၊ ၄ စီးပတ်ပြီးတော့ သွားနေတာ။လမ်းမှာဆိုင်ကယ်မြင်ရင်ဆွဲတင်ပြီးတော့ ဘေးတွဲတွေကိုတော့ လူလိုင် စင်၊ ယာဥ်လိုင်စင်စစ်ပြီးအကုန်ပြည့်စုံနေရင် တောင် ထိုင်ထလုပ်ခိုင်းတယ်။ သူတို့နဲ့မတွေ့လေကောင်းလေပါပဲ။ဒီမန

မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေး တင်းကျပ် ထားသည့်ကြားမှ တာမွေ ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတိုတွင် ဗုံးများပေါက်ကွဲ

Image
ဒီဇင်ဘာလ ၂၃ ရက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ တာမွေကျောက်မြောင်းပွဲစျေးတန်း အနီး နှင့် မရမ်းကုန်း တိုတွင် ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြိုခံများက ပြောသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် တာမွေမြို နယ်၊ ကျောက်မြောင်းပွဲစျေးအနီးတွင် ဗုံးပေါက်ကွဲသွားပြီး ပွဲစျေးမှ လူတချို ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း တာမွေ ပြည်သူတချိုက‌ ပြောဆိုသည်။ "ကျောက်မြောင်းပွဲဈေးဗုံးပေါက်တာ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိသွားတယ်။ ပွဲစျေးက လူမရှိပါဘူး။ ဗုံးပေါက်တော့ မရှိတဲ့လူတွေပါ ၀ရုန်း သုန်းကား ပြေးတယ်။ လူနာတင်ကား ၁ စီးလာတယ်။ ဒဏ်ရာရတာက အသက် အန္တရာယ် မစိုးရိမ်ရဘူး။ ခြေထောက်မှာ ဗုံးစ ထိတယ်လိုပြောတယ်။အခုတော့ ခွေးတွေ ရောက်နေကြပြီ" ဟု တာမွေ ပြည်သူတစ်ဦးက ဆိုသည်။ အလားတူ မရမ်းကုန်းမြိုနယ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ ၂ ချက်ကြားရပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ မည် သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးသော်လည်း ဗုံးပေါက်သံ ကျယ်လောင်မှုကို မရမ်းကုန်းမြိုနယ်နေရာတချိုမှ ကြားရကြောင်း မရမ်ကုန်း မြိ

မြန်မာ့အရေးကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူကြိုဆို

Image
ဒီဇင်ဘာလ ၂၃ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရက ကြိုဆိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။ စင်ကာပူဟာ မြန်မာ့နိုင်ငံရဲ့အကျပ်အတည်းကို အလွန်အမင်းစိုးရိမ်နေပြီး ကုလသမဂ္ဂနဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ ဒါအပြင် မြန်မာ့အရေးကို သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လိုလားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကဆိုထားပါတယ်။ စင်ကာပူနိုင်ငံဟာ ထိုင်းနိုင်ငံက ကမကထ လုပ်ပြီး စစ်ကောင်စီတက်ခွင့်ရတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တာမရှိပါဘူး။ ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအနက် တရုတ်၊ ရုရှားနဲ့အိန္ဒိယက ကြားနေမဲပေးပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ  အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊ အာဆီယံ ရဲ့ သဘောတူညီချက်တွကို အကောင်အထည်ဖော်ဖို့ ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို

ရန်ကုန်မြို့ရှိ Barနှင့် Clubများတွင် "ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ"စတစ်ကာများဖြင့်လှုပ်ရှားမှုပြုလုပ်

Image
သုည/People's Spring ရန်ကုန်မြို့ရှိ Bar နှင့် Club များတွင် "ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ" ဟူသော စာတန်းပါ စတစ်ကာများ ကပ်၍ Yangon Revolution Force - YRF ( Soft Strike Community )မှ ရဲဘော်များက လူထုအား လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။  အာဏာရှင်တို့၏ အကြမ်းဖက်ဖိနှိပ် ချုပ်ချယ်မှုများကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသများတွင် ပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးအား သိသာထင်ရှားစွာ ပါဝင်ပံ့ပိုးနိုင်မှု အားနည်းလျက်ရှိကြောင်း YRF က ဖော်ပြခဲ့သည်။ သို့သော်တိတ်ဆိတ်စွာ ရရာနည်းလမ်းဖြင့် တော်လှန်အင်အားစုများအား ဆက်လက်ပံ့ပိုးနေသော မြို့ပြနေပြည်သူ အမြောက်အများရှိနေသေးကြောင်းနှင့် အပြင်ပုံပန်းသဏ္ဍာန်သာ ကြည့်မည်ဆိုပါက ရန်ကုန်မြို့သည် သွေးအေးနေပြီး ပုံမှန်အခြေနေအတိုင်း လည်ပတ်နေသလို ဖြစ်နေသော်လည်း ပြည်သူလူထုအနေဖြင့် အပန်းဖြေ၊ အနားယူခြင်းကို အပြစ်မမြင်ကြောင်း YRF က ဆိုသည်။ အပန်းဖြေ အနားယူသည့်အချိန်တွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော Bar များ၊ Club များ၊ စားသောက်ဆိုင်၊ ခန်းမနှင့် တည်းခိုရာနေရာများအား ရှောင်ကျဉ်ကြရန်နှင့် ပွဲစီစဉ်သူများက စစ်တပ်နှင့်ဆက်နွယ်သူများဖြစ်ပါက မ

စကစ လက်ပါးစေမှန်သမျှ ဘယ်လိုအာဆီယံအစည်းအဝေးမှ တက်ရောက်တာ လက်မခံနိုင်လို့ စင်ကာပူဆို

Image
မဲခေါင်၊ ဒီဇင်ဘာ ၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံက ကမကထပြုလုပ်ပြီး စစ်ကောင်စီလက်ပါးစေတွေနဲ့အစည်းအဝေးမှာ ထိပ်သီးအာဆီယံနိုင်ငံကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့တဲ့အကြောင်းအရင်းထဲ စစ်ကောင်စီကို အာဆီယံက ဖယ်ကြဉ်ထားလို့ အသိအမှတ်မပြုတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။  ဒီအစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ ထိုင်း-မြန်မာ နှစ်ဘက်သဘောတူ ပွင့်လင်းမြင်သာ အစည်းအဝေးတစ်ရပ်သာဖြစ်တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပြီး လာအို၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးတွေရယ်၊ ဗီယက်နမ်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။  အာဆီယံ ထိပ်သီးတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ကိုယ်စားလှယ်တွေ စေလွတ်ခြင်းမရှိဘဲ စစ်ကောင်စီလက်ပါးစေကိုယ်စားလှယ်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး ၀ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ကံဇော်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ကိုကိုလှိုင် တို့ တက်ရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချနာက အာဆီယံဆွေးနွေးပွဲမဟုတ်ပေမယ့် အာဆီယံရဲ့ မြန်မာ့အရေးလမ်းစဉ်မှာ အကျိုးရှိစေနိုင်မယ့်အလားအလာတွေကို ရရှိဖိ

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများ ဆွေးနွေး

Image
22/12/2022 19:02 NP News - ဒီဇင်ဘာ ၂၂ အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော အလွတ်သဘောဆွေးနွေးပွဲသို့ နစက၏ ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင် လွင်၊ ဒေါက်တာကံဇော်နှင့် ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအလွတ်သဘောဆွေးနွေးပွဲ၌ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအ နေများကို မြန်မာကိုယ်စားလှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးဆောင်ရွက်နေသည့်ကိစ္စနှင့် ရွေးကောက်ပွဲကော်မရှင်က အထွေ
Image
ဓမ္မလေးညှို့ရှင်မှ ပစ်လွှတ်လိုက်သော မြားသုံးစင်း ***************** မြန်မာ တော်လှန်ရေး အတွက် ၂၀၂၃ တွင် အလင်းရောင် တန်း လေး အဖြစ် ဓမ္မ လေးညို့ရှင်က ပစ်တင် လိုက်သော မြားသုံးစင်းသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရသည်။ ယင်းသည် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ ဖြစ်လာခြင်း၊ အမေရိကန် လွှတ်တော်မှ BURMA ACT ထွက်ပေါ် လာခြင်း နှင့်  နောက်ဆုံး ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ မြားသုံးစင်းသည် တခု နှင့် တခု ဆက်စပ်လျှက် ရှိနေပေသည်။ အင်ဒိုနီရှား သည် G-20 အဖွဲ့ဝင် ဖြစ်ရုံမျှမက ဥက္ကဌ နေရာ မှပင် ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း နှင့် အတူ ကမ္ဘာစင်မြင့်တွင် ခေါင်းဆောင် နိုင်ငံ အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။ ထို့အတွက် မြန်မာပြည် အရေးအား သတိကြီးစွာနှင့် ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည့် အလားအလာ များ ရှိနေသည်။ ထိုအရေးကို ယိုးဒယား မှ အမြန်ဆုံး ကာကွယ် နိုင်မှ ဖြစ်မည် ဆိုကာ မိမိတို့ သဘောထားကို လွတ်လွတ် လပ်လပ် တင်ပြနိုင်သည် ဆိုသည့် open-ended အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်တွင် လူစုပြီး တန်ပြန် နိုင်ရန် စီစဉ်လာခဲ့သည်။ ယိုးဒယားသည် လက်ရှိ မြန်မာ အရေး မှ

ရေသည်ထော့ကျိုးကိုအိုင်းရင်းဆဲပြီ

Image
https://youtu.be/ehIsY-UEDKw