ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ


ဒီဇင်ဘာလ ၂၃ ရက်

စစ်ကောင်စီတပ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်​မြောက် ရေတပ်နှစ်ပတ်လည်နေ့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းထံကသိရပြီး သန်လျင်မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများချထားသည့်အပြင် လှည့်ကင်းများလှည့်၍ စစ် ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ရေတပ်နှစ်ပတ်လည်နေ့အား ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ရေတပ်စခန်းဌာနချုပ်တွင်ပြုလုပ်မှာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ သန်လျင်မြို့ သန်လျင်-သီလဝါ သွားကားလမ်းမကြီးနှင့်ရပ်ကွက်အတွင်းလမ်းသွယ် များထိပါ စစ်ကားများဖြင့် ကင်းလှည့်နေပြီး တစ်အိမ်တက်ဆင်းစစ်ဆေးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

" မနေ့ မနက်ထဲက မိန်းလမ်းမကြီးပေါ်ရော ရပ်ကွက်ထဲကလမ်းတွေကိုရောကားတွေနဲ့ပတ်နေတာ။ ဒီနေ့လည်းပတ်နေတယ်။ မနေ့ညက တစ်အိမ်ချင်းဝင်စစ်တယ်။ရပ်ကွက်ရဲ့လမ်းတွေထဲထိပါ စစ်ကားတွေ ၃၊ ၄ စီးပတ်ပြီးတော့ သွားနေတာ။လမ်းမှာဆိုင်ကယ်မြင်ရင်ဆွဲတင်ပြီးတော့ ဘေးတွဲတွေကိုတော့ လူလိုင် စင်၊ ယာဥ်လိုင်စင်စစ်ပြီးအကုန်ပြည့်စုံနေရင် တောင် ထိုင်ထလုပ်ခိုင်းတယ်။ သူတို့နဲ့မတွေ့လေကောင်းလေပါပဲ။ဒီမနက်လည်းအစောကြီးကတည်း က ရောက်လာပြီးဖမ်းနေတယ်"ဟု သန်လျင်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

သန်လျင်မြို့ သန်လျင်-သီလဝါသွား ကားလမ်းမကြီးတစ်လျှောက်တွင်လည်း ကင်းပုန်းများစွာ ချ ထားပြီး မီးတန်းယာဥ်၊ကင်းလှည့်ယာဥ်များအသုံး ပြု၍ အင်အားအပြည့်ဖြင့် မြို့တွင်းလှည့်ပတ်စစ် ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းကစတင်၍  ရန်ကုန်မြို့ကိုရောက်ရှိနေခြင်းပြီး ရန်ကုန်မြို့တွင်းကိုလည်း လုံခြုံရေးတင်းကြပ်ထားကာ မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ ရေတပ်နှစ်ပတ်လည်နေ့ကို ၄င်းတက်ရောက်မည်ဖြစ်၍ ယင်းကဲ့သို့လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သန်လျင်ရေတပ်အသိုင်းအဝိုင်းထံကသိရသည်

AYAT - Hlaing Info


Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ