ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ


ဒီဇင်ဘာလ ၂၃ ရက်

စစ်ကောင်စီတပ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်​မြောက် ရေတပ်နှစ်ပတ်လည်နေ့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းထံကသိရပြီး သန်လျင်မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများချထားသည့်အပြင် လှည့်ကင်းများလှည့်၍ စစ် ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ရေတပ်နှစ်ပတ်လည်နေ့အား ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ရေတပ်စခန်းဌာနချုပ်တွင်ပြုလုပ်မှာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ သန်လျင်မြို့ သန်လျင်-သီလဝါ သွားကားလမ်းမကြီးနှင့်ရပ်ကွက်အတွင်းလမ်းသွယ် များထိပါ စစ်ကားများဖြင့် ကင်းလှည့်နေပြီး တစ်အိမ်တက်ဆင်းစစ်ဆေးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

" မနေ့ မနက်ထဲက မိန်းလမ်းမကြီးပေါ်ရော ရပ်ကွက်ထဲကလမ်းတွေကိုရောကားတွေနဲ့ပတ်နေတာ။ ဒီနေ့လည်းပတ်နေတယ်။ မနေ့ညက တစ်အိမ်ချင်းဝင်စစ်တယ်။ရပ်ကွက်ရဲ့လမ်းတွေထဲထိပါ စစ်ကားတွေ ၃၊ ၄ စီးပတ်ပြီးတော့ သွားနေတာ။လမ်းမှာဆိုင်ကယ်မြင်ရင်ဆွဲတင်ပြီးတော့ ဘေးတွဲတွေကိုတော့ လူလိုင် စင်၊ ယာဥ်လိုင်စင်စစ်ပြီးအကုန်ပြည့်စုံနေရင် တောင် ထိုင်ထလုပ်ခိုင်းတယ်။ သူတို့နဲ့မတွေ့လေကောင်းလေပါပဲ။ဒီမနက်လည်းအစောကြီးကတည်း က ရောက်လာပြီးဖမ်းနေတယ်"ဟု သန်လျင်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

သန်လျင်မြို့ သန်လျင်-သီလဝါသွား ကားလမ်းမကြီးတစ်လျှောက်တွင်လည်း ကင်းပုန်းများစွာ ချ ထားပြီး မီးတန်းယာဥ်၊ကင်းလှည့်ယာဥ်များအသုံး ပြု၍ အင်အားအပြည့်ဖြင့် မြို့တွင်းလှည့်ပတ်စစ် ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းကစတင်၍  ရန်ကုန်မြို့ကိုရောက်ရှိနေခြင်းပြီး ရန်ကုန်မြို့တွင်းကိုလည်း လုံခြုံရေးတင်းကြပ်ထားကာ မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ ရေတပ်နှစ်ပတ်လည်နေ့ကို ၄င်းတက်ရောက်မည်ဖြစ်၍ ယင်းကဲ့သို့လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သန်လျင်ရေတပ်အသိုင်းအဝိုင်းထံကသိရသည်

AYAT - Hlaing Info


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း