မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ
RFA ■ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြု သင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။ အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။ အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင်တော့ ရပ်တည်ချက်နဲ့ ခံယူချက် ခိုင်မာပြတ်သားသူ ဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အုတ်ဖိုမြို့နယ်ကနေ အစောဆုံး CDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ ဒီကာလတွေအတွင်း သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မကြာခဏ ဆေးလာကု ပေးလေ့ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက် ညက ပဲခူးရိုးမပေါ်က PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို မီးဖွားပေးပြီးအပြန် အုတ်ဖို မြို...