Posts

Showing posts from February 1, 2023

ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ နည်းပညာဝန်ကြီး နှင့်အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီးအချက်၃ချက်အကူအညီပေးမည်

Image
“မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဒုတိယနှစ်မြောက်မှာDAS Melissa Brown နဲ့ ကျနော်ဟာ DC ရှိ NUG Myanmar ရုံးခန်းသစ်ကို ဒီမိုကရေစီလိုလားတဲ့လှုပ်ရှား မှုကို ထောက်ခံအားပေးပြီး မြန်မာပြည်မှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ ထွန်းကားရေးဆိုင်ရာ မတူကွဲ ပြား တဲ့ သက်ဆိုင်သူတွေနဲ့ အကျိုးရှိရှိ ဆွေးနွေးဖို့ လာရောက်ခဲ့ပါတယ်။ -DJK” မြန်မာစစ်ခေါင်းဆောင်တွေ ဖယ်ရှားရေး NUG ဆွေးနွေးချက် ၃ ချက်ကို      ဒီနေ့ ဝါရှင်တန် ဒီစီ NUG  အစိုးရရုံးမှာ အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Daniel Kritenbrink နှင့် လက်ထောက်ဒု ဝန်ကြီး Mrs. Melissa Brown တို့ပါဝင်သောအဖွဲ့နှင့်  NUG အစိုးရမှ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒု နိုင်ငံခြားရေးဝန်ကြီး ဦး​မိုးဇော်ဦးနှင် တိုင်းရင်းသား ကိုယ်စားလှယ်အချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်​ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ အပြစ်မဲ့ ပြည်သူတွေ နဲ့ ကလေးသူငယ်တွေကိုသတ်ဖြတ်နေမှုတွေ ရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေကို ရပ်တန့်ဖို့ဟာ အရေးအကြီး ဆုံးနဲ့  စစ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့လိုမယ်။ အဲဒီ လိုဖယ်ရှားဖို့ ဘယ်

*ပြည်သူတို့၏ အသံတိတ် သပိတ် အောင်မြင်ဟု ပြည်ပ မီဒီယာ များ မှတ်ချက်ပေး

Image
ဦးကျော်မိုး ထွန်း နိုဘဲလ် ငြိမ်းချမ်းရေး ဆု စကာတင် စာရင်းတွင် ပါဝင်လာ။ *အမေရိကန် မှ ရုရှား လက်နက် လမ်းကြောင်းကို ဖြတ်တောက်မည်ဟု ဆို ****************** ရန်ကုန် နှင့် မန္တလေး မြိုကြီးများ ရှိ လမ်းမကြီးများ ပေါ်တွင် လူသူ ကင်းမဲ့လျက် ရှိနေသည်ကို တွေ့လာရသဖြင် ပြည်သူတရပ်လုံးက အသံတိတ် သပိတ်တိုက်ပွဲကြီးကို အောင်မြင်စွာ ဖေါ်ထုတ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနကြီးအား ကိုးကား၍ ကမ္ဘာမီဒီယာများ တွင် ဖေါ်ပြလာခဲ့ကြသည်။ သို့သော်လည်း  အာဏာသိမ်း အဖွဲ့အား ထောက်ခံကြောင်း ဆန္ဒပြပွဲ အတွက် ဘုရားသားတော်ဆိုး များ ဦးဆောင်ပြီး စစ်သားများ ခြံရံကာလူ ၁၀၀ ခန့် လမ်းပေါ် ထွက်လာခဲ့ကြသည်ဟု ရိုက်တာ သတင်းက ဆိုသည်။ ရှင်လောင်း လှည့်ပွဲကပင် ၎င်းတို့ထက် လူအင်အား များပေဦးမည်။ ပြည်သူတို့၏ နောက်ထပ် အောင်ပွဲ တခု အဖြစ် ကုလသမဂ္ဂ ၏ NUG အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း နှင့် အမျိုးသား အတိုင်ပင်ခံ ကောင်စီ NUCC အား ၂၀၂၃ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် စကာတင် စာရင်းတွင် ထည့်သွင်းထားသည် ကို ‌နော်ဝေး နိုင်ငံ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာ ဟင်းနရစ် အာဒယ် ၏ ကျေညာချက် တွင် ပါရှိလာ

ဘောက်ချာဆုတ်ဖို့မှင်တို့ထားတယ်

Image

စစ်ကောင်စီကို ရုရှားလက်နက်တင်ပို့တာ ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည်

Image
မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။ RFA Burmese 2023-02-0 အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမေရိကန်သံမတ်၏ နေအိမ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။   AFP မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်ကောင်စီကို ရုရှားက လက်နက်တွေပေးပို့နေတာ အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မကင်းဖြစ်ရပြီး ဒီလို ပူးပေါင်းဆောင်ရွက်နေတာ ကန့်သတ်နိုင်ဖို့ ဆက်လက်ကြိုးစားမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှု အသစ်တွေချမှတ်တာ အပါအဝင် စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့လည်း Derek Chollet က သူ့လူမှုကွန်ရက် twitter မှာရေးသားထားပါတယ်။ အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်မှာ နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက်တယ်လ

စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏ မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ခေတ်သစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ကို တခဲနက် ဆန့် ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက် နှင့် ရင်း၍ ထုတ်ပြန်သဖြင့် လက်နက် စွဲကိုင် တော်လှန်ရေး ဖြစ်ပေါ်လာဟု မင်း အောင်လှိုင်က အပြစ်တင်ပြော ဆို ကြောင်း စစ်တပ်က ယနေ့ ညပိုင်း သတင်း ထုတ်ပြန်သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသော စစ်ကောင်စီ၏ ကာ/လုံအစည်း အဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် တင် ပြောဆိုခြင်းဖြစ်သည်။  အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြား ချက်သည် ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်ပြီး ဦးဝင်းထိန်၏ အသက်နှင့်ရင်း၍ အာမခံ သည် ဆိုသော ထုတ်ပြန်ချက်ကြောင့် လက်နက်စွဲကိုင် တော်လှန်မှုများ ဖြစ် ပေါ် လာ ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ထိရောက်စွာ အရေး ယူ ထားကြောင်း ပြောဆိုသည်။  လက်ရှိတွင် မြို့နယ်ပေါင်း ၁၉၈ ခုတွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ် တွင် လုံခြုံရေး ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။  မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ခု ရှိသည့်အနက် ၁၉၈ မြို့နယ်တွင်သာ လုံခြုံရေ

ဩစီမြန်မာသံရုံးရှေ့တွင်ဖေဖေါ်ဝါရီ၁ရက်နေ့ကဆန္ဒပြပွဲပြုလုပ်

Image

ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီNUCCငြိမ်းချမ်းရေးနိုဘယ်ဆုဇကာတင်၅ဦးထဲပါဝင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က လူပေါင်း ၂၈၀၀ ကျော် သေဆုံးပြီး ၁၇,၄၀၀ ကျော် ထိန်းသိမ်းထားကြောင်း သိရသည်။ လူဦးရေအပေါ် စစ်ရေးအရ ရက်စက်ကြမ်းကြုတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် လုံးလုံးလျားလျား ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ဟာ 2023 ခုနှစ်  ငြိမ်းချမ်းရေးဆု နိုဘယ်လ်ဆု လက်ခံရယူဖို့ ထိုက်တန်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး မကြာမီတွင် ရှုတ်ချခဲ့ပြီး နိုင်ငံများအနေဖြင့် စစ်အစိုးရကို အသိအမှတ်မပြုရန် သို့မဟုတ် တရားဝင်မှုမပြုရန် တောင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား စည်

မနီလာရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ဆန္ဒပြရွေးကောက်ခံအရပ်သားအစိုးရကို အာဏာလွှဲပေးရန်တောင်းဆို

Image
စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်သည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် မြန်မာနိုင်ငံတဝန်း၌ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေသည့်နည်းတူ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လည်း မြန်မာသံရုံးရှေ့၌ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြသည်။  မနီလာမြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် တောင်းဆိုကြသည်။ ဓာတ်ပုံများ -  EPA/EFE Myanmar now

စစ်တပ်မှ လူဦးရေစာရင်းကောက်ယူရာ၌ တိမ်းရှောင်နေရသူများ၏ နေရာများကိုပါ ဖိအားပေးမေးမြန်းမှုများရှိခဲ့

Image
စစ်ကောင်စီသည် ဇန်နဝါရီ ဒုတိယပတ်မှ စတင်ပြီး ယင်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံရာတွင် တိမ်းရှောင်နေသည့် သူများ၏ နေရာများကိုပါ မေးမြန်းမှုများရှိနေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီ၏ လူဦးရေစာရင်း ကောက်ခံသည့် အဖွဲ့သည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ (မြို့နယ်လွှဲ) နေအိမ်တစ်ခုအား လူဦရေစာရင်းကောက်ယူရာတွင် ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ တိမ်းရှောင်နေသည့် နေရာများကိုပါ မိဘများထံ မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ “စာရင်း လာကောက်တဲ့နေ့က ရဲတွေကော၊ စစ်သားတွေကော ပါလာတယ်။ ကိုယ်တွေအိမ်မှထူးပြီး ခင်ဗျားသားကော ဘယ်ရောက်နေလဲမေးတာ၊ ကိုယ့်သား ဘယ်မှာနေမှန်းတောင် ကိုယ်က မသိဘူး၊ အဲ့ဒါကို အတင်းအကျပ်တွေမေးတာ၊ အတော်ကိုဆိုးတယ်။ လူဦးရေစာရင်းကောက်ရင် လူဦးရေစာရင်းပဲကောက်ပေါ့၊ အခုက ပြသနာပါရှာတယ်” ဟု ကြည့်မြင်တိုင်မြို့နယ်( မြို့နယ်လွှဲ) တွင် နေထိုင်သည့် အသက် ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ လူဦးရေစာရင်း ကောက်ယူရာ၌ တိမ်းရှောင်နေသူများ၏ မိဘဖြစ်သူများကို စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး မေးမြန်းမှုများသည် ရန်ကုန်တိုင်းတွင်သ