Posts

Showing posts from February 28, 2022

​ရဲတပ်ဖွဲအင်အားနည်းလာ၍ ရဲဌာန(၆)ခုထက်မနည်းဖျက်သိမ်းရန် စစ်ကောင်စီ ပြင်ဆင်

Image
—People's Spring အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖရိုဖရဲဖြစ်နေပြီး ရဲတပ်ဖွဲ့အင်အားလည်း စုဆောင်းမရတော့ဘဲ နည်းပါးလာသဖြင့် ရဲဌာန(၆)ခုထက်မနည်းကို ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးအချို့ကပြောသည်။ "CDM လုပ်တာလည်း များတယ်။ သေတာလည်းများတော့ အင်အား‌တော်တော်လျော့သွားတယ်။ဒါကြောင့် ဌာန ငါးခု ဒါမှမဟုတ် ‌ခြောက်ခုကို ဖျက်သိမ်းပြီး အဲဒီကရဲတပ်ဖွဲ့ဝင်တွေကို အခြားဌာနတွေမှာ ပြန်ထားဖို့ ဆွေးနွေးနေတယ်"ဟု ရဲမှူးကြီးတစ်ဦးက လူထုနွေဦးသို့ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာန၊ ရဲရေးဌာန၊ရဲထောက်ဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ဓါတုဗေဒစစ်ဆေးရေးဌာန၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ

ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆို

Image
​ ဂြိုလ်တုဓါတ်ပုံများအရ မိုင်၄၀ ခန့် ရှည်လျားတဲ့ ရုရှစစ်ယဥ်တန်းဟာ ယူကရိန်းမြို့တော် ကိဖ် အပြင်ဖက် မိုင်၂၀ အတွင်း ရောက်နေပြီး ပတ်ပတ်လည်ဝိုင်းထားကြောင်း နဲ့ မြို့တော်ကိုစသိမ်းပါက တရက်မှ လေးရက်အတွင်းကျဆုံးသွားနိုင်ကြောင်းသိရပါတယ်။  ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆိုပြီး ရလာဒ်မရှိပဲ ပြီးဆုံးသွားပါတယ်။  ယူကရိန်းဟာ ဘယ်လောက်ပဲတောင့်ခံနိုင်နိုင် ယူကရိန်းအပြင်မှ ရှိနေသေးတဲ့ ရုရှတပ်တွေထပ်ဝင်လာရင် ဒုတိယလှိုင်း နဲ့ အခြေအနေဆိုးသွားနိုင်ပါတယ်။ တကယ့်အရှိတရားက ယူကရိန်းစစ်တပ်ဟာ ရုရှ နဲ့ယှဥ်ရင် အလွန်အင်အားသေးငယ်တာပဲ ဖြစ်တယ်လို့ဆိုပါတယ်။  စီးပွားပိတ်ဆို့မှု အပြင်းအထန်ခံနေရတာရယ်၊ ရုရှငွေတန်ဖိုး ပြုတ်ကျတာရယ်၊ စစ်ပွဲဟာခင်းထားသလို ဖြစ်မနေတာရယ် အခြေအနေတွေပေါင်းစပ်ပြီး ပူတင်ရဲ့ စိတ်အခြေအနေ ပုံမှန်မဖြစ်ပဲ ဆုံးဖြတ်ချက်အလွဲတွေချလို့ ကမ္ဘာကြီး စစ်ဘေးဒုက္ခပိုနက်ရှိုင်းလာမှာလည်း စိုးရိမ်နေကြပါတယ်။  ပူတင်ဟာ ကိုဗစ်ကြောင့် လူတွေနဲ့ဆက်ဆံမှု ဖြတ်ထားတယ်၊ သူ့အကြံပေးတွေ အစိုးရအဖွဲ့တွေနဲ့ မတွေ့ဘူး၊ သူ့ဘေးမှာ သူ့ရဲ့ လက်ထောက်တွေပဲရှိတယ်လို့ဆိုပါတယ်။ ICC တရားရုံးက ရုရှရဲ့ ယူကရိန်းအပေါ်ကျုးကျော်မှု ကို တရားစွဲဆိ

မြန်မာစစ်ကောင်စီတပ်သားများကို ပူတင် ယူကရိန်းပို့။

Image
​ ကြားဖြတ် သတင်း  ⭕⭕⭕⭕⭕⭕ ရုရှား စစ်သားများ ယူကရိန်း စစ်မြေပြင်၌ အလောင်းများပုံနေပြီဖြစ်ရာ အကျဆုံးအလွန်ပင် ပြားနေသောကြောင့် ပူတင်က မြန်မာ စစ်ကောင်စီ တပ်သားများကို ယူကရိန်းပို့နေပြီဖြစ်ကြောင်းတပ်တွင်းသတင်းအရသိရသည်။ ရုရှား နိုင်ငံ မော်စကို ရောက် မြန်မာ စစ်တပ် မှ ပညာသင် စစ်သည် များ ယူကရိန်း သို့ ရှေ့တန်း ထွက်ရမည် ဟု အမည် မဖော် လိုသော ၎င်းတို့ မိသား စုဝင် တစ် ဦး က FNG သို့ ပြောသည်။ အသက် မပြည့် သေး သည့် ကလေး စစ်သည် တချို့ ရုရှား စစ်တပ် ၏ ယူကရိန်း စစ်မျက်နှာ ပြင် တွင် ပါဝင် နေခြ်း၊ သေဆုံး နှင့် ထွက်ပြေး သူ များ ပြားလာ နေခြင်း တို့ကြောင့် မော်စကို နှင့် ရုရှား နိုင်ငံ နေရာအနှံ့ အပြားတွင် စစ်ပညာ လာရောက် သင်ကြား နေသူ များ  မည်သည့် နိုင်ငံ မှ မဆို ရှေ့တန်း ထွက် ရမည် ဟု သိရသည်။ မော်စကို တွင် စစ်ပညာ သင်ကြား နေသည့် မြန်မာ စစ်တပ်မှ စေလွှတ် ထား သူ တနှစ် လျှင် ၂ဝဝ နီးပါး ခန့် ရှိကာ လက်ရှိ မော်စကို တွင် မြန်မာ စစ်တပ် မှ စေလွှတ် ထား သူ ၄၀၀ ကျော် ခန့် ရှိနိုင် သည်။ FNG #crd LM

ဟက်ကာတွေကတော့ဆော်ကုန်ပြီ။

Image
​ ဘီလာရုစ်မှာရထားအချက်ပြစနစ်တွေပြဿနာတက်ကုန်တယ်လို့ဆိုပါတယ်။ ဘီလာရုစ်ပြည်တွင်းဟက်ကာတွေလက်ချက်နဲ့ ဘီလာရုစ်ကနေ ယူကရိန်နိုင်ငံထဲစစ်သားတွေပို့နေတဲ့ ရထားတွေရဲ့အော်တိုမက်တစ်စနစ်က switching devices တွေအဟက်ခံခဲ့ရသတဲ့။ Manual mode နဲ့မောင်းလို့ရပေမယ့် အချက်ပြစနစ်တွေထိတော့ အတော်ကြီးကိုနှေးကွေးသွားစေသတဲ့။ ဒီလိုလုပ်တာဟာ ကျူးကျော်စစ်ကို လက်ပိုက်ကြည့်မနေနိုင်လို့ ဟက်ကာတွေကဆိုကြတယ်။ ဒီဖြစ်ရပ်မှန်ကြောင်း ဘီလာရုစ်ရထားဝန်ထမ်းတွေက အတည်ပြုတယ်လို့ဆိုပါတယ်။ အချို့နေရာတွေမှာ ရထားစနစ်တွေပြဿနာတက်နေပြီး၊ အချို့နေရာတွေမှာပြန်ကောင်းလာပြီ။ အချို့နေရာတွေမှာ ရထားလက်မှတ်တွေဝယ်လို့မရဖြစ်ကုန်တယ်လို့ဆိုပါတယ်။ ရုရှားကဘဏ်တွေနဲ့ ဝန်ကြီးဌာနတွေကို တိုက်ခိုက်တဲ့ဟက်ကာတွေလည်းရှိပါတယ်။ သို့သော်ဘယ်ရောက်ထိရောက်သလဲမသိရပါ။ ရုရှားပြည်တွင်းမီဒီယာဆိုက်တွေလည်း အဟက်ခံရကာ အုတ်ဂူစာတမ်းပုံအတင်ခံရတယ်လို့ဆိုပါတယ်။ ယူကရိန်းကိုကျူးကျော်ရင်း ရုရှားစစ်သား ၅၃၀၀ သေဆုံးထားပြီးပြီလို့ သတင်းထွက်နေတဲ့အတွက် အဲ့ဒီအုတ်ဂူကမ္ပည်းပုံပေါ်မှာ 5300 လို့တင်ထားပါတယ်။ ဒီနေ့ညနေအထိ ရုရှားပြည်တွင်းမီဒီယာဆိုက်တော်တော်များများအဟက်ခံထားရဆဲပဲလို့ သိရပါတယ်။ အခုနောက်ပိုင်းစ

ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ

Image
​ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ထိ နောက်ဆုံးရ ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ ၁) တနင်္လာနေ့ (၂၈.၂.၂၂) မှာ ယူကရိန်း - ဘီလာရုနယ်စပ်မှာ  စစ်ပွဲရပ်ဖို့ ဆွေးနွေးမယ်လို့ နှစ်ဖက်အတည်ပြုလိုက်ပါတယ်။ "အနည်းဆုံးတော့ စစ်ပွဲကို ရပ်နိုင်မယ့်နည်းလမ်းတွေကို ကျွန်တော်ရသလောက်ကြိုးစားခဲ့တယ်ဆိုတာ ပြည်သူတွေကို သိစေချင်ရုံပါ။ ဒီဆွေးနွေးပွဲကနေတော့ ကျွန်တော်အများကြီးမမျှော်လင့်ထားပါဘူး။ ကျွန်တော်တို့ရဲ့ ရဲဘော်တွေဒီမှာရှိနေစဉ်မှာ သမ္မတကလည်း ဒီမှာ၊ ဝန်ထမ်းရေးရာအကြီးအကဲကလည်း ဒီမှာ၊ ဝန်ကြီးချုပ်ကလည်းဒီမှာ၊ စစ်တပ်ကလည်း ဒီမှာ၊ စစ်ဦးစီးချုပ်ကလည်း ဒီမှာပါပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့နယ်မြေတွေအတွက် ခုခံတိုက်ခိုက်နေမှာပါ' လို့ ယူကရိန်းသမ္မတ က ပြောသွားပါတယ်။ ၂) ယူကရိန်းနိုင်ငံပိုင် ကမ္ဘာ့အကြီးဆုံး ကုန်သယ်လေယာဉ်ဖြစ်တဲ့ Antonov-225 ကို ရုရှားတွေက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၇) က ဆိုခဲ့ပါတယ်။ "စိတ်ကူးအိပ်မက်" လို့အဓိပ္ပာယ်ရှိတဲ့ ယူကရိန်းဘာသာစကားနဲ့ "Mriya" (မာရီယာ) လို့အမည်ပေးထားတဲ့ Antono

မင်းအောင်လှိုင် စိတ္တဇ လူသတ်သမား နာဆစ်စစ် စွဲကပ်

Image
​ မင်းအောင်လှိုင် စိတ္တဇ လူသတ်သမား နာဆစ်စစ် စွဲကပ်သူဖြစ်ကြောင်း သက် သေခံနေသည့် လေ့လာတွေ့ရှိချက်များ By ရဲစစ်( Psycho Analyst) လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့  အမူအရာ၊ အပြော အဆို တွေနဲ့ မျက်နှာသွင်ပြင်တွေကို အသေးစိတ် အချိန်ယူ လေ့လာစိစစ်ရာမှာ  မင်းအောင်လှိုင်က စိတ္တဇလူသတ်သမား နာဆစ်စစ် စွဲကပ်နေသူ (Fragile narcissists) အဖြစ် သက်သေခံနေပါတယ်။  Narcissists နာဆစ်စစ် (သို့မဟုတ်)  Narcissistic Personality Disorder (NPD)  ဆိုတာက စိတ်ဝေဒနာရောဂါတစ်မျိုးဖြစ်ပြီး  မိမိ ကိုယ်ကို ကိုယ်ရည် သွေးခြင်း၊ မိမိကသာ ကယ်တယ်ရှင်အဖြစ် ထင်မှတ်ခြင်း ၊ မိမိကသာ အရေး ကြီးသူ၊ စွမ်းဆောင်နိုင်သူ အဖြစ် ထင်မှတ်ခြင်း စတဲ့ စိတ်ပုံမှန် မဟုတ်တော့တဲ့ အခြေအနေခံစားနေရမှု ဝေဒနာဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ Narcissists နာဆစ်စစ် စွဲကပ်နေသူဖြစ်ကြောင်း သက် သေခံ နေတဲ့ လေ့လာတွေ့ရှိချက်တွေကိုလည်း တစ်ချက်ချင်းစီ ရှင်းလင်း ဖော်ပြပေးမှာဖြစ်ပါတယ်။  မအလဟာ ဗေဒင်ဆရာထံ ဘာ့ကြောင့် စိတ်ဖြေရာ တရစပ်ရှာရသလဲ။ အဖြေကတော့ NPD ကို ခံစားနေရလို့ပါပဲ။ ==========================================   Narcissistic Personality Disorder ကို လေ့လာဖူးတ

အရန်ငွေဒေါ်လာ ၆၃၀ ဘီလီယံ အသိမ်းခံလိုက်ရ

Image
​ ATM စက်တွေမှာ တန်းစီကာ ငွေထုတ်ဖို့ကြိုးစားနေရတဲ့ ရုရှားတွေ။ ဒီစက်တွေနဲ့ ဘဏ်ကဒ်တွေအလုပ်လုပ်နေတုန်း အမြန်လာထုတ်နေရတယ်၊ ဒါပေမယ့် လူတိုင်းကံမကောင်းကြဘူး၊ ကိုယ့်အလှည့်မရောက်ခင် ငွေကုန်သွားတတ်တယ်လို့ ပြည်သူတယောက်ကပြောပါတယ်။ ရုရှားငွေဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် အရင်ကထက် ၃၀% ကျသွားပါတယ်။ ရုရှားဗဟိုဘဏ်က ဒီကနေ့ဘဏ်တိုးနှုန်းကို ၉.၁% ကနေ ၂၀% အထိ ဆွဲတင်လိုက်ရပါတယ်။ ရုရှားရဲ့နိုင်ငံခြားမှာထားတဲ့ အရန်ငွေဒေါ်လာ ၆၃၀ ဘီလီယံဟာ ပြန်ထုတ်မရတော့ဘဲ အသိမ်းခံလိုက်ရလို့ ပျားတုပ်သွားရပါတယ်။ ရုရှားအစိုးရဟာ ခုဆိုရင် ငွေထုတ်စက်တွေကနေ အမြန်ရိုက်ထုတ်တဲ့နည်းကို သုံးနေရတာမို့ မကြာခင် ရူဘယ်ငွေကြေးဟာ အရမ်းဖောင်းပွသွားမယ့်ဒဏ်ကို ပြည်သူ​တွေက ရင်ဆီးခံကြရလိမ့်မယ်လို့ အမေရိကန်မှာလက်ရှိနေနေတဲ့ ရုရှားဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းက ဟောကိန်းထုတ်လိုက်ပါတယ်။  အာရှဖက်မှာလည်း တောင်ကိုရီးယား၊ ဂျပန်တို့က ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းလိုက်ပါတယ်။ စင်ကာပူကတော့ ပွဲစားတိုင်းပြည်မို့ထင် ဂျပန်၊ တောင်ကိုရီးယားလို လိုက်လုပ်ဖို့ပြင်ဆင်နေပါပြီလို့ ကြေငြာခဲ့ပါတယ်။ ရုရှားပြည်သူတွေ ခုလောက်ဆိုရင် စစ်အရသာသိလို့ မအလ ငပူတင်လို့ ဆဲဆိုကြိမ်းမောင်းနေလောက်ကြပါပ

ပူတင်လိုကောင်မျိုးတွေ ၊ မအလ လိုကောင်မျိုးတွေ

ဆိုဗီယက်ယူနီယံပြိုကွဲတော့ ယူကရိန်းက ရုရှပြီးရင် နူကလီးယားလက်နက်အများနိင်ငံဖြစ်ခဲ့တယ်။ အမေရိကန်နဲ့ရုရှပြီးရင် တတိယအများဆုံးပေါ့။ ယူကရိန်းရဲ့ နူကလီးယားလက်နက်ပိုင်ဆိုင်မှုက တရုတ်၊ ဗြိတိန်၊ ပြင်သစ်တို့ထက်များတယ်။ ကမ္ဘာကြီးကိုငြိမ်းချမ်းစေလိုတဲ့ ယူကရိန်းဟာ ၁၉၉၄ မှာ ရုရှနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ရုရှကဘယ်တော့မှမကျူးကျော်ပါဘူးဆိုတဲ့ကတိနှင့်အတူ သူရဲ့နူကရီးယားလက်နက်အားလုံးကို ကမ္ဘာငြိမ်းချမ်းရေးစံနမူနာပြအဖြစ်ဖျက်ဆီးပေးခဲ့တယ်။ ရုရှက ယူကရိန်းရဲ့အချုပ်အခြာအာဏာကို လေးစားပါမယ် နယ်မြေကိုတစ်စက်မှမကျုးကျော်ပါဘူး ဆိုတဲ့ ကတိကို ၁၉၉၄ ခု ဒီဇင်ဘာလ ၅ ရက် မှာ ချုပ်တိုခဲ့တဲ့ Budapest Memorandum on Security Assurance မှာ တွေ့ရမှာဖြစ်တယ်။ ဒါပေမယ် လူယုတ်မာ ပူတင်နဲ့ တွေ့တော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ အပြစ်မဲ့သေကျေပျက်စီးကြရတယ်။   မြန်မာနိုင်ငံမှာလည်း မြန်မာပြည်ကို ဖွံ့ဖြိုးငြိမ်းချမ်းစေလိုတဲ့အမေစုဟာ မေတ္တာနိုင်ငံရေးလို့ပြောပြီး စစ်ဗိုလ်ချုပ်တွေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်နဲ့ လူသတ်သမားမင်းအောင်လှိုင်တို့ကို ကမ္ဘာအလယ်မှာကာကွယ်ပေးခဲ့

တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေ

Image
​ မနေ့က ပြောခဲ့တဲ့ အတိုင်းပဲ။ မတရား လုပ်တဲ့သူ ဆိုတာ နိုင်ငံတကာမှာ ဩဇာပိုကြီးလာဖို့ မပြောနဲ့။ ဝိုင်းပါ အကျဉ်ခံရတယ် ဆိုတာ UN အစည်းအဝေးမှာ ကြည့်ရင်ကို သိသာတယ်။ လက်ရှိ ရုရှားက ကုလ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ။ အဲဒီတော့ ယူကရိန်း-ရုရှားအရေး ကြားဖြတ် အရေးပေါ် အစည်းအဝေး ခေါ်မယ် ဆိုတော့ သူက သဘာပတိ လုပ်ပြီး ဆန္ဒမဲ ကောက်ရတယ်။ ထုံးစံအတိုင်း အရေးပေါ် အစည်းအဝေး ခေါ်ဖို့ သဘောတူ တဲ့သူ လက်ထောင်လို့ ရုရှား သံအမတ်က ကြေညာတော့ တရုတ်တို့ ၄ နိုင်ငံက လွဲရင် ကျန်တဲ့သူ အကုန် လက်ထောင်တယ်။ ကန့်ကွက်တဲ့သူ လက်ထောင်ပါ ဆိုတော့ ဘယ်သူမှ မထောင်ကြဘူး။ ကြေညာတဲ့ သဘာပတိပဲ သူ့ဘာသာ ကြေညာ၊ သူ့ဘာသာ တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေတာ ရယ်ရတယ်။ နောက်ဆုံး ကန့်ကွက်သူ တစ်ယောက်ပဲ ရှိလို့ အစည်းအဝေး ခေါ်ဖို့ သဘောတူကြောင်း အောင့်သက်သက် ရုပ်ကြီးနဲ့ ကြေညာရတယ်။ လောလောဆယ် SWIFT payment စနစ်မှာ ရုရှားဘဏ် တွေကို ဖြုတ်ချလိုက်တာ တော်တော် အထိနာတယ်။ ဘဏ်စနစ်တွေ ကမောက်ကမ ဖြစ်ကုန်တဲ့ အပြင် ဒီမှာလိုပဲ လူတွေက ဘဏ်ကို မယုံမကြည် ဖြစ်ကုန်ပြီး ငွေတွေ ဝိုင်းထုတ် ကြလို့ ATM တွေမှာတောင် တန်းစီ နေရပြီ။ ဒီကြားထဲ မြန်မြန်ဆန်ဆန် သိမ်းနိုင်မယ

ပူတင်ကမကောင်းဆိုးဝါး

ဘက်ပေါင်းစုံ အောက်စည်းရောက်နေတဲ့ စစ်ပွဲကို ဆက်တိုက်ချင်နေတဲ့ မြန်မာစစ်ကောင်စီ

​ရေးသားသူ - ဘာ​တေးလ်လင့်နာ အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းလမ်းဟောင်းကိုပဲ ပြန်အသုံးပြုလာပါတယ်။ ပြည်တွင်းက လက်နက်ကိုင် ခုခံရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ဖို့ ပုံသေ သုံးစွဲနေတဲ့ ဒီနည်းလမ်းဟာ တကယ်တမ်းကျတော့ စစ်တပ်ရဲ့ အင်အားထက် ညံ့ဖျင်းမှုကို ပိုမိုပေါ်လွင်နေစေပါတယ်။ နိုင်ငံအရှေ့ပိုင်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းနေတဲ့ ကယားပြည်နယ်ထဲမှာ ရုရှားလုပ် Hind အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြီးတွေက ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်တွေကလည်း ဗုံးတွေ ကြဲချခဲ့ပါတယ်။ အခုလထဲမှာ အရှိန်မြှင့်လာတဲ့ လေကြောင်း ထိုးစစ်တွေဟာ အရပ်ဖက် ပစ်မှတ်တွေကို အဓိက ဦးတည်ခဲ့ပုံ ရပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေထဲက တစ်စီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ စိုးဝင်းကိုယ်တိုင် လိုက်ပါခဲ့တယ်လို့တောင် သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ထက်တောင် သဘောထား တင်းမာပြီး တစ်ယူသန်တယ်လို့ လူသိများသူပါ။ ကယားပြည်နယ်ထဲက စစ်ဘေးသင့် ရွာသူရွာသား ၁၇၀၀၀၀ လောက်ထိ နေရပ်စွန့်ခွာပြီး