နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး
က မင်းတပ်တွင် စစ်ကား ၄၃ စီးပါ စစ်ကြောင်းကို CDF က ရှေ့နောက် ညှပ်တိုက်စဉ် နောက်ဆုံးစစ်ကား မောင်းပြေး၍ အကာအကွယ်မဲ့ပြီး တပ်သား ၂၀ ခန့် သေဆုံး၊ နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး By ရန်ကုန်ခေတ်သစ် နိုင်ငံတစ်ဝန်း ယမန်နေ့နှင့်ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ ၉၀ နီးပါး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူ များပြား၊ စစ်ကားမောင်းပြေးမှုကြောင့် စစ်သားများ အသေအဆုံးများ ========================================= နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။ ယင်းနေ့တွင်