သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့


394x392 (

မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော

ဂန္ဒမာ (မဇ္စျိမ )

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့်  ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ်  နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။ 

ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။ 

“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့ ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။  ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non -CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။  ခြိမ်းခြောက်တယ်။  မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့အပြင် တိုင်တဲ့သူတွေ များလာလို့ပါ" ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်