ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို



ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကျောင်းတက်သွားမည့် ဆရာမ သုံးဦးအား ကျောင်းဝတ်စုံ ယူနီဖောင်း မဝတ်သည့်အပြင် ဝန်ထမ်းကတ်လည်း မပါသောကြောင့် စစ်ကောင်စီတပ်များကခေါ်ပြီး နားရင်းအုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ 

အဆိုပါ ဆရာမသုံးဦးသည် ဘိုကလေးမြို့၊ ပူတင်းစုရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာမများဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က ဗိုလ်ချုပ်​ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်များက ခေါ်ယူစစ်ဆေးရာမှ နားရင်းအုပ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

"အဲဒီဆရာမသုံးယောက်က သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ Non CDM တွေဆိုတော့ ဝိုင်းပြောမှာစိုးလို့ ယူနီဖောင်းဝတ်မလာကြဘူး။  ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်တပ်ကခေါ်ပြီး စစ်ဆေးမှ ဝန်ထမ်းကတ်က ပါမလာ ယူနီဖောင်းကလည်း ဝတ်မလာတော့ သုံး ယောက်လုံးကို နားရင်းအုပ်ပြီး ကျောင်းသွားခိုင်းလိုက်တာပါ" ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ဧရာဝတီတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ဆရာတစ်ဦးက
" ဒီကောင်တွေက စာမတတ်၊ ပေမတတ်တွေဆိုတော့ ဆရာ၊ ဆရာမရဲ့တန်ဖိုးကိုလည်း နားလည်မှာမဟုတ်ဘူး ။ ဆရာမတွေကို နားရင်းအုပ်တယ် ဆိုတာတော့လွန်တယ်ဗျာ ။ ခံရတဲ့သူတွေကလည်း သူတို့ထိုက်နဲ့ သူတို့ကံပဲလေ"ဟု ထိုဖြစ်စဥ် အပေါ်မှတ်ချက်ပြုသည်
mizzima

Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "