Posts

Showing posts from December 22, 2022

အရာရှိအပါစစ်သား၄ဦးသေဆုံးပြီး PDF တဦးကျဆုံးခဲ့တဲ့သဲတောရွာတိုက်ပွဲ ( ရုပ်/သံ)

Image
ရုပ်သံကြည့်ရန် ရေစကြို ၊ ဒီဇင်ဘာ ၂၂ ၊ ၂၀၂၂ ။ မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ PDF ၄ဦးနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီဘက်က ခလရ ၂၅၈ တပ်အရာရှိတဦးအပါ စစ်သား ၄ဦးသေဆုံးခဲ့သလို CDM ရဲတပ်သား PDF တဦးလည်း ကျဆုံးခဲ့ပါတယ်။ သဲတောရွာကိုဝင်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းနဲ့ PDF တပ်ပေါင်းစုတို့  ဒီဇင်ဘာ ၁၉ရက် မနက် ၉နာရီဝန်းကျင်မှာ တိုက်ပွဲကြာချိန် ၃နာရီဝန်းကျင်လောက်အပြန်အလှန်ပစ်ခတ်အပြီး စစ်ကြောင်းပြန်ထွက်သွားချိန် PDF ၄ဦးက နယ်မြေရှင်းလင်းခဲ့တာဖြစ်ပါတယ်။ " ကျနော်တို့ ရွာတောင်ဘက် ရွာအလယ် ဘုန်းကြီးကျောင်း စာသင်ကျောင်းတို့ရှင်းလင်းပြီးတဲ့အချိန် မြောက်ပိုင်းအခြမ်းကိုရှင်းလင်းတဲ့အခါမှာ မင်္သကာစရာတွေလို့ ဆိုင်ကယ်ရပ်ပြီး သေနက်နဲ့ချိန်ထားတယ်။ အဲဒီမှာမြင်လိုက်ရတာက စစ်ဦးထုပ်နဲ့ ဗုံးသီးတပ်လောင်ချာကိုင်ထားတဲ့အရာရှိကိုမြင်လိုက်တဲ့အခါ ကျနော်တို့က AKသေနက်နဲ့ အော်တိုဆွဲလိုက်တယ်။ အဲဒီအရာရှိလည်းအဲဒီအနားမှာသေသွားတယ်" လို့ Southern Yesagyo PDF တာဝန်ခံက ပြောပါတယ်။ အဲ့ဒီနောက် အပြန်အလှန်ပစ်ခတ်ကြရင်း PDF ရဲဘော်တဦးဖြစ်တဲ့ CDM ရဲတပ်

နှစ်ဖက်လုံးစွန့်ခွါကြမလား သောင်လှိုင်သား

Image
နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးဖို့ နစကဥက္ကဋ္ဌပြော ....................... ဒီဇင်ဘာ ၂၂ နိုင်ငံနဲ့ ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်မှ ငြိမ်းချမ်းစွာလျှောက်လှမ်းကြရန် နစကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့မှကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာမှာ ယခုလို ပြောဆိုထားတာဖြစ်ပါတယ်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနဲ့အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိတယ်လို့ ၎င်းက ထပ်မံပြေ

အခုအမျိုးသမီးလည်း ဘယ်အတွင်းစည်းထဲမှမရောက်ဘူး

ရေသည် ထော့ကျိုးကတော့ အပိုင်ပေါ့လေ စလုံးထောက်ပို့တွေကို သူဖြိုခွင်းလိုက်နိုင်ပြီ ဆိုပြီး အူမြူးနေမှာပေါ့…  ဒါပေမယ့် ခက်တာက စလုံးကပညာတတ်များတယ်… လူရည်လည်ကြတယ်ရယ်… တကယ့်ထောက်ပို့ အကြီးစားတွေက Live လွှင့်ဖို့နေနေသာသာ အသံတောင်မထွက်ဘူးရယ်…  ဘယ်သူကဘာဆိုတာလည်း စလုံးက ကျဉ်းကျဉ်းလေးမို့ အကုန်သိကြတယ်… အထူးသဖြင့် တလရ လောကမှာ ပါဝင်နေတဲ့သူတွေက အတွေ့အကြုံမနည်းကြဘူးရယ်…  အခုအမျိုးသမီးလည်း ဘယ်အတွင်းစည်းထဲမှမရောက်ဘူး… သူက နာမည်ကြီး PDF တွေနဲ့ နာမည်မရှိ ငွေလိုနေတဲ့အဖွဲ့တွေကို တပဲခြောက်ပြားလောက်ထောက်ပံ့ပြီး စကားတွေနှိုက် အတင်းချိတ်ဆက်လုပ်နေတာ…  စလုံးအင်အားစုကိုတော့ ထိခိုက်စရာမရှိသလို… ထောက်ပို့လည်းနည်းနည်းမှ ထိသွားစရာမရှိဘူး…  တခုပဲ သူနဲ့ချိတ်ဆက်နေတဲ့ မြေပြင်ကလေးတွေ သတိထားဖို့လိုပြီ… ဒလန်ဆိုတာ လူသိသွားရင် ဒီတဖက်မှာနေစရာမရှိတော့လို့ တခြားတဖက်ကို ခြေစုံရပ်လိုက်တဲ့သဘောရှိတော့ထပ်ဖော်လိမ့်ဦးမယ်…  နောက်တခု… ပန်နင်စူးလားမှာ လူပြပြီး တလရ ရံပုံငွေ ရသမျှရှာပေးနေတဲ့ အဖွဲ့တွေလူတွေရှိတယ်… ရှေ့ထွက်ပြီးအလုပ်လုပ်နေကတည်းက risk တွေကို သိပြီးသားဖြစ်မယ်… ဒါပေမယ့် အရင်ထက် အစစ ပိုသတိထားဖို့လိုလာမယ်…  ဒါလေးပါပဲ… ကျန်တာတော့ စင်က

စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက် တရုတ်ဘဝင်မကျ

Image
■  ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအတွက်ဆုံးဖြတ်တဲ့အခါမှာ အမြဲတမ်းသတိကြီးကြီးနဲ့ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ် Zhang Jun က ပြောလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ တိုက်တွန်းကြောင်း လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ဒါဟာ ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီရဲ့ပထမဆုံးဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က Global Times သတင်းစာကို ပြောဆိုလိုက်တာပါ။   လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက် မူကြမ်းကို တရုတ်ပြည်အနေနဲ့ စိုးရိမ်မကင်းရှိနေဆဲဖြစ်ပါတယ်။ မြန်မာ့ပြဿနာက အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်သလို ပြင်ပက ဝင်ရောက်စီမံဆောင်ရွက်နိုင်တာလည်း မဟုတ်တဲ့ အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေဟာအချိန်ယူပြီး စိတ်ရှည်သည်းခံမှုနဲ့ လက်တ

မအလတညလုံးမအိပ်ခဲ့

Image
'တပ်ချုပ်ကြီး အတော်လွတ်နေတယ်ဗျ၊ သူ တညလုံး UN အစည်းအဝေးကို စောင့်ကြည့်နေတာ၊ မနက် Result ထွက်လာတော့ ဗီတိုအာဏာသုံးပြီး သူကို မကာကွယ်ပေးခဲ့လို့  ရုရှနဲ့တရုတ်ကို အရမ်း ဒေါသထွက်နေတယ်၊ အထူးသဖြင့် ရုရှကို  ပိုပြီးတော့ ပေါက်ကွဲတာဗျ၊ ဘယ်လောက်တောင် လွတ်နေလဲဆိုရင် အခြေအနေက တပ်ချုပ်ကတော် ဒေါ်ကြူကြူလှကိုတောင် အနားအကပ်မခံဘူး၊ အော်ဟစ်ပြီး မောင်းထုတ်နေတာ၊ ဒါကြောင့် သူရဲ့ အထူးကုဆရာဝန်ကြီးတွေအကုန် လှမ်းခေါ်ထားပီး  မလှမ်းမကမ်းမှာ နေခိုင်းထားရတယ်ဗျ''လို့ နေပြည်တော် ဖရဲသီးက သတင်းပေးလာပါတယ်။ ''ဟို နောက်ပီးတော့ ဝဏ္ဏမောင်လွင်ကိုလည်း ခေါ်ထားတယ်ဗျ။ မြန်မာ့အရေးဆုံးဖြတ်ချက်ချလိုက်တဲ့ အဲဒီကုလလုံခြုံရေကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံစလုံးကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တယ်၊ ကုလသမဂ္ဂဟာ သူတို့ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ပြီး NUG PDFဆိုတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အားပေးအားမြောက်ပြုနေတဲ့အဖွဲ့ဆိုပီး ခေါင်းစဥ်တပ်ခိုင်းတယ်၊ အပြင်းအထန်ကန့်ကွက်တဲ့အကြောင်း နစကရဲ့မူဝါဒလမ်းစဥ်အရ ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပပေးပြီးရင် အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမှာဖြစ်တဲ့အကြောင်း စာထုတ်ခိုင်းလိုက်တယ်ဗျ၊ မကြာခင် အဲဒီစာထွက်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

Image
ထားအိ/People’s Spring မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) လက်ခံပြုလုပ်သည့် ဒေသတွင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အဓိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိကြောင်း Reuters က ရေးသားသည်။ အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံမဟုတ်သော(Non-ASEAN) အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပစေကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း Reuters ၏ဖော်ပြချက်အရ သိရသည်။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးပြုလုပ်သည့် နေရာ ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပေ။ အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက

"စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး ပို့စ်တင်တဲ့ကိစ္စ မအိုင်းရင်း ဘာပြောသလဲ"

ဗွီဒီယိုကြည့်ရန်

မအေလိုးထော့ကျိုးလေးပတ်မွှေပုံကဒီလိုပါ

ဗီဒီယိုဖိုင်ကြည့်ရန်

ထော့ကျိူးဟန်ငြိမ်းဦးနဲ့ကိစ္စရှင်းခဲ့ပါအိုင်ရင်း

Image
ဗွီဒီယိုကြည့်ရန် နှိပ်ပါ

ကားလမ်းတဖက် ကအဆောက်အဦးသိတာနဲ့ရိုက်တဲ့တိုက် သိတယ်

ဒလန်ကပို့ပေးလို့ရေသည်ထော့ကြိုး ဟန်ငြိမ်းဦးကတင်ပြီးတနာရီလောက်မှာ ဒီဗွီဒီယိုဖိုင်တင်သူအဖမ်းခံရတယ် တစ်တော့နဲ့ဖေ့ဘွတ်စောင့်ကြည့်ဒလန် တွေရှိတယ် ဒီဖိုင်မှာကားလမ်းတဖက် ကအဆောက်အဦးသိတာနဲ့ရိုက်တဲ့တိုက် သိတယ် အထပ်အတိအကျမသိပေမယ့် ရိုက်တဲ့ကောင်မလေးပုံ သူတင်တဲ့အကောင့် မှာရှာလို့ရတယ် ယူကျူ့တွင်ကြည့်ရန် : https://youtu.be/J0aLf-GcsFM ဒီအချိန်တော်လှန်ရေးက Level 1 မဟုတ် ဖူး Level 4 လောက်ရောက်နေပြီ စစ်ကိုင်းမှာလို ပတဖတွေလိုက်စောင့် ရှောက်လို့ ဆန္ဒပြတာကလွဲလို မလုံခြုံတဲ့ နေရာကသူတွေအနေနဲ့ ကလစ်နဲ့ထောက်ပို့ကိုပဲ  အားစိုက်ကြဖို့တိုက်တွန်းပါ တယ်  လက်နက်ချင်းတိုက်တဲ့ပွဲမှာ ကိုယ်ပါရမယ့် အခန်း ကဏ္ဍက တိုက်မလား ထောက်ပို့မလား ၂မျိုးပဲရှိချိန်မို့ပါ

မြန်မာ ပြည်သူ တို့၏ အောင်ပွဲ၊ ကုလ လုံခြုံရေး ကောင်စီမှ ကန့်ကွက်သူ မရှိ ဆုံးဖြတ်ချက် ချပြီ

Image
ယနေ့ ပြုလုပ်သော ကုလ လုံခြုံရေး ကောင်စီမှ ၇၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတွင်း အကြမ်း ဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်သူ မရှိ ချမှတ်လိုက်ပြီ ဖြစ်သည်။ ရုရှား၊ တရုတ် နှင့် အိန္ဒိယ တို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။ ဗီတိုအာဏာဖြင့် ပယ်ချခွင့် ရှိနေသည့် တရုတ် နှင့် ရုရှားတို့မှ ယခုအကြိမ်တွင် ကန့်ကွက်ခဲ့ခြင်း မရှိ၍ ထိုသို့ ဆုံးဖြတ်ချက်ကို ပထမဆုံး အကြိမ် ချမှတ် နိုင်ခဲ့ ကြခြင်းလည်း ဖြစ်သည်။ ထိုအဆိုအား ဗြိတိန်မှ ကမကထ ပြု တင်သွင်းလာခြင်းဖြစ်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထုံးစံအတိုင်း ရုရှား၊ တရုတ်တို့၏ ဗီတို နှင့် ရင်ဆိုင်ရဖွယ် ရှိ၍ မျှော်လင့်ချက် မရှိလှဟု ယူဆရသော်လည်း အဆိုတင်သွင်း သည့် နိုင်ငံများကလည်း ထိုနိုင်ငံများမှ ဗီတို အာဏာ သုံး၍ ကမ္ဘာ အလယ်တွင် ဆိုးသွမ်းလှသော အကြမ်းဖက် စစ်တပ်အပေါ် ကာကွယ်ပေးနေမှု ကို ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။ မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာသည် ဆိုးသွမ်းလှသေ

အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်”

Image
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org ကြေညာချက်အမှတ်(၂၇/၂၀၂၂) ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် “မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍  ထုတ်ပြန်ချက်” W၁။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။ အထူးအားဖြင့် ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သ