ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

ထားအိ/People’s Spring

မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) လက်ခံပြုလုပ်သည့် ဒေသတွင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အဓိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိကြောင်း Reuters က ရေးသားသည်။

အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံမဟုတ်သော(Non-ASEAN) အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပစေကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း Reuters ၏ဖော်ပြချက်အရ သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးပြုလုပ်သည့် နေရာ ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက  Reuters သို့ ပြောသည်။

ဆွေးနွေးပွဲ၌ မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကို မသိရပေ။ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးသည် ဗီယက်နမ်သမ္မတ၏ ဂျာကာတာခရီးစဥ်တွင် လိုက်ပါနေ၍ အစည်းအဝေး မတက်ရောက်နိုင်ပေ။

#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/


Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်