မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်
By Yangon Khit Thit News Agency March 21, 2023 0 12 မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော် ■ MAI နှင့် KBZ လေကြောင်းလိုင်း ရှယ်ယာအများစုကို အောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြီဖြစ် By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။ ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။ စတင်လုပ...