Posts

Showing posts from March 9, 2023

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

Image
ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။   ByLuduNwayOo ဓာတ်ပုံ - ပီနန်းအသင်း  မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။ ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။ ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

Image
 အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။   By LuduNwayOo  စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ

ပေါက်တောမြို့နယ်မှ ANP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး နှုတ်ထွက်

Image
2021၊ 4 မတ် · DMG၊ မတ် ၄  ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်သည် (ANP) ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက DMG သို့ ပြောသည်။ ဦးတက်ထွန်းအောင်သည် ANP ပါတီမှ မတ်လ ၃ ရက်နေ့တွင် နှုတ်ထွက်သွားခြင်းဖြစ်ပြီး နှုတ်ထွက်စာလွှာကို ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်တွေမြို့ရှိ ပါတီဗဟိုရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ထားသည်ဟုဆိုသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းခြင်းကို မလိုလားသည့်အတွက် ယင်းသို့ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။ “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ANP သည် ပါတီတစ်ခုလုံးရဲ့ ဆန္ဒပါမဘဲနဲ့ လူသုံးလေးငါးယောက်က စီမံအုပ် ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဖို့ လက်ခံပြီးပါဝင်တာကို တွေ့ရတယ်။ ကျွန်တော်အနေနဲ့ စိတ်ဆိုးမိတယ်” ဟု ၎င်း ပြောသည်။ ဦးတက်ထွန်းအောင်က ၎င်းနှုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် အတိတ်သမိုင်းက သင်ခန်းစာပေးခဲ့သော ငသံဒွေ၏လုပ်ရပ်ဆိုးမွေ မြောက်များစွာကို သတိရစွာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်အဖြစ်မှ လည်းကောင်း၊ ဗဟိုကော်မ

ပြည်သူတွေ အလိမ်မခံရစေဖို့

တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ တော်လှန်ရေးကိုဗန်းပြပြီး အလိမ်အညာတွေ ပိုများသထက်များလာတာကို တွေ့ရပါတယ်။တချို့က တော်လှန်ရေးထဲမှာ လက်ရှိမပါဝင်တော့ဘဲ သင်တန်းဆင်းတုန်းက ပရိုဖိုင်ပုံနဲ့ ပြည်သူတွေအပေါ် ခုထိညာစားကောင်းနေတုန်းပါပဲ။ တချို့အဖွဲ့အစည်းတွေကျပြန်ရင်လည်း တော်လှန်ရေးကိုထိထိရောက်ရောက်အားမပြုဘဲ ပြည်သူ့အလှူငွေနဲ့ ဘီယာလေးတမြမြဖြစ်ကာ ဂိတ်စောင့်သလို၊ဘာလိုလိုလုပ်ရင်း ကိုယ်ကျိုးစီးပွားဖက်ကို ကူးပြောင်းနေကြပါတယ်။ပြည်သူ့အလှူငွေတွေဟာ တကယ်အလုပ်လုပ်ပြီး လိုအပ်နေတဲ့အဖွဲ့အစည်းတွေဆီ မရောက်နိုင်ရင် တော်လှန်ရေးကို သက်ဆိုးပိုရှည်ဖို့  တွန်းအားပေးနေတာကို သတိချပ်စေချင်ပါတယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို လှူမယ်ဆိုရင် ဆိုရှယ်မှာ နာမည်ကြီးတာတွေ ၊ ပြည်သူကြိုက်စကားလုံးတွေနဲ့ မျက်ရည်ခြူအပြောကောင်းတာတွေကို ခဏဘေးချိတ်ပါ။မြေပြင်မှာ တကယ်အလုပ်လုပ်၊မလုပ်ကို အမှန်တကယ်သိနိုင်အောင် နီးစပ်ရာမြေပြင်အဖွဲ့အစည်းတွေ၊ပြည်သူတွေဆီ လေ့လာစုံစမ်းကာ အတည်ပြုချက်ရယူပြီးမှသာ လှူပါ။ တပ်ရင်းတပ်ဖွဲ့ဆိုရင် အလှူငွေရဖို့ လာရောက်ချိတ်ဆက်သူရဲ့ ရာထူးတာဝန်နဲ့ လက်ရှိအခြေစိုက်လှုပ်ရှားနယ်မြေ၊တပ်ရင်းကုဒ်ကျပြီးလား၊မကျပြီးလားမေးပါ။တ

အရွေ့တခု ကြိမ်းသေ လာပြီ !

US CIA  စကားဟလာမှု   နောက်ကွယ်မှာ   စစ်တပ်   အကြ မ်းဖ က်မှုတင်   မဟုတ်   မူး ယ စ်ကေ့   နူကလိ့ယား   ချာပါတီ ပေါက်စီက   လ က် နက်တွေ   မအလကနေ တဆင့်  ‌ ရုစကီးဆီ   ပေးဘို့   အချက်တွေကို   ကြိုဟန့်ထားတာ   ပါပါလိမ့်မယ်   ရွေးကောက်အကြောင်းပြ   သာကောလာပြီး   ချူချာကို   ကပစကျ ည်ခဲ ယ မ်းတွေ   ပို့မယ့်   သတင်းတွေ   ထွက်လာတာ   တိုက်ဆိုင်မှုတော့   မဟုတ်ပါ   ခုမြင်ရသလောက်ဆို   ဘက်စုံက   အသံထွက်လာတာရယ်  NUG  နဲ့   တွေ့ဆုံဆွေးနွေးမှုတွေရယ်က   အချိန်ကျပြီလို့ပဲ ယူဆတယ်   သတိထားမိသလောက်  US CIA  က   အသံထွက်လာပြီဆို   တခုခု   ပြောင်းလဲလုပ်ဆောင်ကြတယ်   အချိုးကွေ့နဲ့   ကြီးကြီးမား   အရွေ့တခုပေါ့   ထိုင်းမူး - ယ - စ်ကေ့တွေ   ဘုတ်မဖြစ်ခင်က   ခုလိုပဲ   အသံထွက်လာပြီး   တောက်လျောက်   စွဲစိ   ဖော်ကြတာ   မအလထိ ပါလာတာပဲ   ဒီတော့   ကမ္ဘာနိုင်ငံရေးမှာ  US CIA  ထောက်လှန်းရေးက   အသံထွက်ပြရင်   လုပ်စေဘို့   လမ်းညွန်   အသိပေးတာပဲ   တနည်း   ကွန်းဖန်း‌ကြောင်း   အချက်ပြတာ   ဒီတော့ခု   မြန်မာဒီမိုကရေစီအင်အားစုများ   ပြင်ပအကူအညီလိုအပ်နေဟု   အမေရိကန်ထောက်လှမ်းရေးဆိုတယ်ဆိုတာ   လက်န က်   စ စ်ရေးကလွဲလို့   ဘာရှိမလဲ   မေးစရာမလို