ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်
ရန်ကုန်၊ မတ် ၃ ခေတ်သစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး အပါအဝင် မြန်မာ့ အရေး ချမှတ်ထားသော ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာမှု ရှိ၊ မရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ ကုလမသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်များတွင် မတ်လ ၁၅ ရက်နေ့မတိုင်မီ ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိ အစီရင်ခံ ရမည်ဟု တရားဝင် သတ်မှတ်ထားရာ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မတ် လ ၁၃ ရက်နေ့တွင် နှုတ်ဖြင့် လုံခြုံရေးကောင်စီသို့ တင်ပြမည်ဟု သိရှိရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ "အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အဆိုတစ်ခုချခဲ့တယ်။ အဲဒီ ဆု...