Posts

Showing posts from February 19, 2023

အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး

Image
ရာအိမ်မှူး   ၂   ဦးသေဆုံးခဲ့သော   ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်   ကွက်ရုံးကို   ဝင်ရောက်ပစ်ခတ်ချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး   စစ်မှု   ထမ်းဟောင်း   ခင်မောင်ဇင်   နောက်ပင်လှည့်မကြည့်ဘဲ   ထွက်ပြေး၍   လွတ်မြောက်ခဲ့ ရန်ကုန်၊   ဖေဖော်ဝါရီ   ၂၀  ခေတ်သစ် ရန်ကုန်တိုင်း၊   ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်   အမှတ်   ၉၄   ရပ်ကွက်ရုံးကို   ယမန်နေ့   သေနတ်၊   လက်ပစ်ဗုံးများဖြင့်   ဝင်ရောက်   ပစ်ခတ်ရာ     အမှတ်   ၉၄   ရပ်ကွက်   ရာအိမ်မှူး   ဝင်းမြင့်နှင့်   ထွန်းထွန်းဝင်းတို့   သေဆုံးခဲ့ပြီး      စစ်မှုထမ်းဟောင်း ရပ်   ကွက်   အုပ်ချုပ်ရေးမှူး   ခင်မောင်ဇင်မှာ   နောက်ပင်လှည့်မကြည့်ဘဲ   ထွက်ပြေး၍   လွတ်   မြောက်သွားကြောင်း ဒေသပြည်သူများက   ပြောသည်။   ဖေဖော်ဝါရီလ   ၁၉   ရက်နေ့   မွန်းလွဲ   ၃   နာရီ   ၃၅   မိနစ်အချိန်   ဒဂုံမြို့သစ်   ဆိပ်ကမ်းမြို့နယ်၊   ယုဇဥယျာဉ်အိမ်ရာ   ၁၄ လမ်းထိပ်ရှိ   အမှတ်   ၉၄   ရပ်ကွက်   အုပ်ချုပ်ရေးမှူးရုံးထဲတွင်   ပစ်ခတ်မှုဖြစ်ပွားပြီး   လက်ပစ်ဗုံးများ   ပါပေါက်ကွဲကြောင်း၊   ပစ်ခတ်တိုက်ခိုက်မှုများကြောင့်     ရာအိမ်မှူး   ဝင်းမြင့်နှင့်   ရာအိမ်မှူး   ထွန်းထွန်

လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံး

Image
ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်တွင်  အမှတ် ၂၀၂၂  လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံးခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်အနက်တွင် အမှတ်  ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်းပါ ပါဝင်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။  ဖေဖော်ဝါရီလ ၁၆ ရက်နေ့   နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည်  ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ယင်းတို့ထဲတွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်း ပါဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။  "ဗျူဟာမူး ဇေယျာထွန်း  အမှတ် ၂၀၂၂ လေကြောင်းရန်တပ်က ကျဆုံးမှု အတည်ပြုနိုင်ပါတယ်။ မနေ့ ဖေဖော် ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်တပ် အလောင်း ထပ်တွေ့ပါတ

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

Image
အမေရိကန် မှ နောက်ထပ် ဒေါ်လာ သန်း ၅၀ ‌ကူညီမည်ဟု ဆို **************** ကုလသမဂ္ဂ မှ မကြာမီ က ထုတ်ပြန်ခဲ့သော ကမ္ဘာလူသား များ လိုအပ်ချက် စစ်တမ်းတွင် အာဖရိက နွယ်ဖွား များ ကဲ့သို့ပင် မြန်မာပြည် လူဦးရေ၏ သုံးပုံတပုံ ခန့်ရှိ ၁၇ သန်း သည် ယခုအခါ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရန် လိုအပ်နေသည်ဟု ပါရှိခဲ့သည်၊ ထိုပမာဏ သည် ၂၀၂၀ ကုလစစ်တမ်းတွင် ၁ သန်း ခန့်ရှိခဲ့ရာ မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စွမ်းပကားဖြင့် ၁၇ သန်း အထိ ဦးမော့လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ U.S Agency for International Development (USAID) မှ ထုတ်ပြန်ချက်တွင် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အစားအသောက် နှင့် အဟာရ များ ထောက်ပံ့ ကူညီ သွားနိုင်ရေး ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀ ပံ့ပိုးသွားမည်ဟု ပါရှိခဲ့သည်။ USAID သည် ပဋိပက္ခ များ ဖြစ်ပွားနေသော ဒေသများတွင် ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့နှင့် လက်တွဲ လုပ်ဆောင်၍ အကူအညီများ ပေးသွားမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ တွင်းရှိ ကုလ အဖွဲ့အစည်း အများစု သည် ရန်ကုန်တွင် ရုံးခန်းများ ဆက်ဖွင့်ထားနိုင်ရေး ကိုသာ အဓိကထားပြီး စစ်

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

Image
February 19, 2023 တနင်္သာရီ၊   ဖေဖော်ဝါရီ ( ၁၉ ) တနင်္သာရီတိုင်းဒေသကြီးရှိ   ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို   စစ်ကောင်စီဘက်က   စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်   အင်အားအလုံးအရင်းနဲ့   ထိုးစစ်ဆင်လာတာကြောင့်   တိုက်ပွဲတွေ   ပိုမိုပြင်းထန်လာတယ်လို့   ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက   သံလွင်တိုင်းမ်ကို   ပြောပါတယ်။ စစ်ကောင်စီဟာ   ပြီးခဲ့တဲ့   ဖေဖော်ဝါရီ   ၂   ရက်နေ့မှာ   ပုလောမြို့နယ်နဲ့   တနင်္သာရီမြို့နယ်တို့ကို   စစ်အုပ်   ချုပ်ရေး ကြေညာပြီးနောက်   တပ်အင်အား၂၀၀   ကျော်ပါတဲ့   စစ်ကြောင်းတစ်ကြောင်း၊   တပ်အင်အား   ၁၀၀   ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့   ထိုးစစ်ဆင်လာတာပါ။ စစ်ကောင်စီတပ်က   ထိုးစစ်ဆင်လာတာကြောင့်   ပြီးခဲ့တဲ့   ဖေဖော်ဝါရီ   ဒုတိယအပတ်ကနေ   ဒီနေ့အချိန်အထိ   ပုလောမြို့နယ်မှာ   တိုက်ပွဲ   ၁၀   ကြိမ်၊   တနင်္သာရီမြို့နယ်မှာ   တိုက်ပွဲ   ၅   ကြိမ်ထက်မနည်း   ဖြစ်ပွားထားတာပါ။ မြိတ်ခရိုင်တပ်ရင်း ( ၁ ) ပြန်ကြားရေး   တာဝန်ခံကတော့   စစ်ကောင်စီဘက်က   စစ်ကြောင်းထိုးထားတဲ့အတွက်   နေ့စဉ်နဲ့အမျှ   တိုက်ပွဲတွေဖြစ်ပွားနေသလို   နှစ်ဖက်တိုက်ပွဲတွေလည်း   ပိုမိုပြင်းထန်လာနိုင်တယ်လို့   သံလွင်တိုင်းမ်ကို  

လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက် ကိုင် နေမျိုးအောင်

Image
သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက် ကိုင် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အလောင်း ရင်ခွဲရုံရောက်ရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ခေတ်သစ် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ  တင်လင်းထိုက် လူမိုက်  နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။  "ပစ်ခံရတာက ဦးခေါင်း

မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရပြီးသေဆုံး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မန္တလေးမြိုမှာ မနေ့က ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရွှေဘုန်းရှိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ မနေ့က ညနေပိုင်းမှာ ဘုရားကြီး အရှေ့ဘက်မုခ်အနီး ပညာပျိုးခင်းလမ်းပေါ် ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။ အုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ကယ်အနောက်ကနေ အမည်မသိလူနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကို ဘယ်အဖွဲအစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ #Mercury_Media #Mercury_Local_News #မန္တလေး #ရပ်ကွက်အုပ်ချုပ်ရေးမှူး

ရန်ကုန်သင်္ကြန်စည်းကားရေးနှင့် ရပ်ကွက်တစ်ခု ကျပ်နှစ်သိန်းကောက်ခံရန် စစ်ကောင်စီညွှန်ကြား

Image
ဖေဖော်ဝါရီလ ၁၈ ရက် ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်ကာလမဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲ၊ရွှင်ပွဲများကျင်းပရန် ရပ်ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။ အဆိုပါ ညွှန်ကြားချက်မှာ တိုင်းစစ်ဌာနချုပ်မှ တဆင့် တိုင်းအစိုးရအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို နှုတ်မိန့်ဖြင့်ကနဦးပြောကြားခြင်းဟု ဆိုသည်။ "တနေ့က မြို့နယ်အုပ်မှူးက ခေါ်ပြောတယ်။အဓိကတော့ ရပ်ကွက်တစ်ခုချင်းအလိုက် နှစ်သိန်းစီကောက်ပြီး တိုင်းအစိုးရအဖွဲ့ကိုပေးရမယ်။ပြီးတော့ ပျော်မယ့်၊ ရွှင်မယ့်လူတွေပါ သင်္ကြန်နားနီးရင် ရှာပေးရမယ်လို့လည်း ပြောတယ်"ဟု တာမွေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ ယခုကဲ့သို့စီစဉ်ခြင်းကြောင့် မြို့နယ်ရှိ ငွေကြေး အဆင်ပြေသူများထံ စစ်ကောင်စီက ငွေကြေးကောက်ခံမည်ဟုလည်း ၎င်းက ရှင်းပြသည်။ "၁၅ ရက်နေ့က ထင်တယ်။ရပ်ကွက်ရုံးထဲ မှာ အဲဒီ ပိုက်ဆံ နှစ်သိန်းကောက်ရမယ်ဆိုတာ ပြောနေတယ်။မဏ္ဍပ်တွေ များများလုပ်ရမယ်လို့လည်း ပြောသံကြား တယ်"ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။ တော်လှန်ရေးအခြေအနေမျာ

စစ်တပ်ပိုင် လက်နက်စက်ရုံတွေ အပေါ့စားတင့်ကား ထုတ်လုပ်လာနိုင်

Image
မြန်မာနိုင်ငံမှာ   ပထမဆုံးအကြိမ်   စစ်အာဏာသိမ်းခဲ့တဲ့   ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ   စခဲ့တဲ့   ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းစက်ရုံတွေဟာ   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်လက်ထက်မှာ   ၂၅   ရုံရှိသွားပါပြီ။ စမ်းစမ်းတင်  ( ဝါရှင်တန်ဒီစီ )RFA 2023-02-19 ၂ဝ၁၈   ခုနှစ်   မတ်လ   ၂၇   ရက်နေ့က   နေပြည်တော်တွင်   ကျင်းပသည့်   ၇၂   နှစ်မြောက်   တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်   တွေ့ရသည့်   စစ်ဘက်ဆိုင်ရာယာဉ်များ။  Myanmar Military စစ်ကောင်စီကို   လက်နက်   မတင်ပို့ဖို့၊   လေယာဉ်လောင်စာဆီ   မရောင်းချဖို့စတာတွေကို   အဖွဲ့အစည်းတွေ၊   နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက   တိုက်တွန်းနေပေမယ့်   တစ်ဖက်မှာ   စစ်တပ်ပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကနေ   စစ်လက်နက်   ပစ္စည်းတွေ   တွင်တွင်ကျယ်ကျယ်ထုတ်လုပ်နေပါတယ်။ ကပစလို့   အတိုကောက်ခေါ်တဲ့   ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး   စက်ရုံ   အမှတ် ( ၁ )  နဲ့အမှတ် ( ၂ )  ကို   ၁၉၅၈   ခုနှစ်က   စတင်   တည်ထောင်ခဲ့ပြီး   ပြည်တွင်းဖြစ်   ပထမဆုံးလက်နက်ငယ်က  BA-52  ဒါမှမဟုတ်  Ne Win Sten  ဖြစ်တယ်လို့   အမေရိကန်အခြေစိုက်  Global security  ကမ္ဘာ့ရေးရာလုံခြုံရေးသုတေသနအဖ