စစ်တပ်ပိုင် လက်နက်စက်ရုံတွေ အပေါ့စားတင့်ကား ထုတ်လုပ်လာနိုင်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ စခဲ့တဲ့ ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းစက်ရုံတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ၂၅ ရုံရှိသွားပါပြီ။

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)RFA
2023-02-19



၂ဝ၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၂ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ဘက်ဆိုင်ရာယာဉ်များ။ Myanmar Military


စစ်ကောင်စီကို လက်နက် မတင်ပို့ဖို့၊ လေယာဉ်လောင်စာဆီ မရောင်းချဖို့စတာတွေကို အဖွဲ့အစည်းတွေ၊ နိုင်ငံတွေနဲ့လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေပေမယ့် တစ်ဖက်မှာ စစ်တပ်ပိုင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကနေ စစ်လက်နက် ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်ထုတ်လုပ်နေပါတယ်။

ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ အမှတ်(နဲ့အမှတ်(ကို ၁၉၅၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းဖြစ် ပထမဆုံးလက်နက်ငယ်က BA-52 ဒါမှမဟုတ် Ne Win Sten ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Global security ကမ္ဘာ့ရေးရာလုံခြုံရေးသုတေသနအဖွဲ့ ကပြောပါတယ်။

ကပစ စက်ရုံထုတ်ပစ္စည်းတွေကို နာမည်ပေးတဲ့အခါ BA-Burma army ဒါမှမဟုတ် MA- Myanmar Army လို့ရှေ့ကတပ်တာမို့ ၁၉၈၉ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ ခေါ်တွင်ချိန်မှာ BA-52 လို့လက်နက်ကို နာမည်ပေးပြီး အဲဒီတုန်းက နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းကို အစွဲပြုလို့Ne Win Sten လို့ အမည်ပေးတာပါ။

အီတလီ -မမ TZ45 စက်သေနတ်ငယ်ကို ပုံတူယူထုတ်လုပ်ပေမယ့် လက်ရာက မသေသပ်တဲ့အပြင် အပစ်အခတ်မှာလည်း အလွန်အမင်းအားမထားရပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်လယ်ပိုင်းတွေထိ သုံးခဲ့ပါတယ်။

ကပစ တည်ထောင်တဲ့ ရည်ရွယ်ချက်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို နှိမ်နင်းဖို့ပါရှိပါတယ်။ပြည်တွင်းမှာ အပေါ့စားနဲ့ အသေးစားလက်နက်တွေထုတ်လုပ်ရုံမက ပြည်ပနိုင်ငံတွေကလည်း လက်နက်ငယ်နဲ့မော်တာတွေပါ ဝယ်ယူပါတယ်။

အဲဒီတုန်းက အိုင်တီနည်းပညာလည်း မထွန်းကားသေး၊ အင်တာနက်လည်း မပေါ်သေးတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က အင်အားသုံးနှိမ်နင်းတာ လူသိနည်းပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလ  ရက်က နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင်တွေ့ရသော MMT- 40 တင့်ကားများ။ (Photo: MRTV)


ဒါကို CDM အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ ဗိုလ်ကြီးညီသုတက .....

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀-၃၀ လောက်က တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တာတွေရှိပေမယ့် ကျွန်တော်တို့အရွယ်ရောက်ချိန်မှာ သတင်း အချက်အလက် ပြည့်ပြည့်ဝဝမရခဲ့တာတွေ ရှိတယ်။ ကျွန်တော်တင် မဟုတ်ဘူးပေါ့၊ပြည်မလို့ ပြောလို့ရတဲ့ ရန်ကုန်မန္တလေးက အများစုကလည်း မသိဘူး။ ဒါက ခေတ်ရဲ့အခြေအနေအရ အခုလိုအင်တာနက်မထွန်းကားသေးတာလည်း ပါတာပေါ့။ ဆိုတော့ ဒီအကြောင်းတွေကို ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ မသိရတဲ့အပိုင်းတွေ ရှိတယ်” 
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ စခဲ့တဲ့ ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်း စက်ရုံတွေဟာ ၂၀၂၁ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ၂၅ ရုံရှိသွားပါပြီ။

fire power လို့ ပြောတဲ့ ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့ လူ့စွမ်းရည်ကလည်း အရင်ကထက်မြင့်လာတယ်လို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

စစ်တပ်ကလည်း fire power လျော့သွားတာမဟုတ်ဘူးခင်ဗျ။ အရင်တုန်းက မဆလ လက်ထက် ရှစ်လေးလုံး မတိုင်ခင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်တို့ လွှမ်းမိုးနယ်တို့က ကျယ်တာပေါ့။ ဒါပေမဲ့ စစ်တပ်ရဲ့လေကြောင်း အသုံးပြု တိုက်ခိုက်နိုင်စွမ်းတို့၊ အမြောက်တပ်တွေ ပစ်ခတ်နိုင်စွမ်းတို့က ခုလောက်မမြင့်ဘူးပေါ့ဗျာ။ဥပမာ တပ်တစ်တပ်အတိုက်ခံရပြီဆိုရင် နှစ်နာရီလောက်အတွင်း ဟယ်လီကော်ပတာတွေလာနိုင်အောင်တည်ဆောက်ထားတာတွေ၊ လေကြောင်းရန်ကာကွယ်ရေး ဆိုတာမျိုးတွေ ရှိလာပြီ"

၁၉၅၈ ကတည်းက စခဲ့တဲ့ ကပစ အမှတ်  နဲ့  သာမက နောက်ပိုင်းမှာတည်ထောင်တဲ့ အမှတ် ၁၁ က နေခြေလျင်တပ်တွေ သုံးတဲ့ ရိုင်ဖယ်နဲ့ ကျည်ဆန်တွေ ထုတ်လုပ်ပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်တဲ့ ကပစ ၂၀ ကို အားထားတယ်လို့Myanmar Now စာစောင်က ဖော်ပြပါတယ်။

Ne Win Sten နဲ့ ပြည်တွင်းကနေ စစ်လက်နက်ပစ္စည်းတွေ စတင်ထုတ်လုပ်တဲ့ မြန်မာစစ်တပ်ဟာ မနှစ်က မတ် ၂၇ရက်မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့ ဒါမှမဟုတ် စစ်တပ်အခေါ် တပ်မတော်နေ့မှာ ပြည်တွင်းထုတ် MMT-40 အပေါ့စားတင့်ကားကို စစ်ရေးပြအခမ်းအနားမှာ ပွဲထုတ်ပါတယ်။

ပြည်တွင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကနေ ဒီလိုစစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ အာရှ၊ဥရောပနဲ့ မြောက်အမေရိက စတဲ့ အနည်းဆုံး ၁၃ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေက ပံ့ပိုးကူညီနေတယ်လို့ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်