အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု အမေရိကန်က ပြော

“ယူကရိန်း ရုရှားလက်ရှိအနေအထားသည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု  အမေရိကန်က ပြော”
၁၈/၂ Burma News network 

ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြောလိုက်ပါတယ်။ 

လက်ရှိအနေအထားမှာ အပစ်ရပ်ဖို့ပြောဆိုနေတာဟာ ရုရှားကိုအနားရဖို့ နောက်ထပ် ထိုးစစ်တွေဆင်နွဲဖို့ လက်နက်နဲ့လူအင်အားပြန်လည်စုစည်းဖို့ အချိန်ပေးဖို့ပဲ ဖြစ်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။ လောလောဆယ် စစ်မြေပြင်မှာ ရုရှားတွေအခြေအနေမကောင်းဘူးဆိုတာကို ပူတင်က သိနေသလို ရုရှားတပ်တွေအတွက် လိုအပ်ချက်တွေဖြည့်ဆီးပြင်ဆင်ဖို့အချိန်လိုတယ်ဆိုတာကိုလည်း ပူတင်က ကောင်းကောင်းသဘောပေါက်နေတယ်လို့ ဘလင်ကန်ကပြောပါတယ်။ 

အပစ်ရပ်ပြီးဆွေးနွေးဖို့ပြောနေပေမဲ့ သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်လို့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ပူတင်ရဲ့အပြောကို  အားလုံးမမေ့ဖို့လိုတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။ သိမ်းပိုက်ခံနယ်မြေတွေ ပြန်မရသရွေ့ ယူကရိန်းမှာ ရေရှည်ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။ ပူတင်ရဲ့ရည်ရွယ်ချက်ဟာ အပစ်ရပ်ပြီး အင်အားစု လက်နက်စုပြီး နောက်တကြိမ်တိုက်ပွဲတွေ ဖန်တီးဖို့ပဲ ဖြစ်တာမို့  လက်ရှိအနေအထားမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ပြောတာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့  ဘလင်ကန်က ပြောသွားပါတယ်။  

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ တရုတ်ကိုယ်စားလှယ်ဖြစ်တဲ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံခြားရေးမူဝါဒအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယီက ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံ အပစ်ရပ်ပြီး ဆွေးနွေးအဖြေရှာနိုင်မဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တင်ပြဖို့ အသင့်ရှိနေပြီလို့ပြောဆိုခဲ့တဲ့အပေါ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတွေပဲ အနိုင်ရရှိမယ်ဆိုတာကို ရာနှုံးပြည့်ယုံကြည်လက်ခံထား သလို ယူကရိန်းကို ဆက်လက်ကူညီမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောသွားပါတယ်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်