စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

February 19, 2023

တနင်္သာရီ၊ ဖေဖော်ဝါရီ(၁၉)

တနင်္သာရီတိုင်းဒေသကြီးရှိ ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ  ရက်နေ့မှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေးကြေညာပြီးနောက် တပ်အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ တပ်အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာပါ။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကနေ ဒီနေ့အချိန်အထိ ပုလောမြို့နယ်မှာ တိုက်ပွဲ ၁၀ ကြိမ်၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲ  ကြိမ်ထက်မနည်း ဖြစ်ပွားထားတာပါ။

မြိတ်ခရိုင်တပ်ရင်း()ပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးထားတဲ့အတွက် နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို နှစ်ဖက်တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ် ကဒဲကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကအပြင်းအထန် ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရှေ့တန်း စခန်းတစ်ခုကို လက်လွှတ်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပုလောနဲ့တနင်္သာရီမြို့နယ်တွေက တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ  ဦးသေဆုံးပြီး  ဦးဒဏ်ရာရရှိထားသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာ တိုက်ပွဲတွေ ပိုမိုပြင်ထန်းလာမှုနဲ့အတူ ကျန်မြို့နယ်တွေဖြစ်တဲ့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးနဲ့ မြိတ်တို့မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြားထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်