မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ



By မဇ္ဈိမ/ Prachatai 19 February 2023

ဖေဖော်ဝါရီလ ၁၉ ရက်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးစပ်သည့် ဆက်ဆံရေးရှိသူ မြန်မာခရိုနီလက်နက်ပွဲစားထွန်းမင်းလတ်နှင့် မိမိအကြား ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ထိုင်းလွှတ်တော်အမတ် ဥပါကစ် ပချာရီယန်ကွန်းက လူသိရှင်ကြား ထပ်တလဲလဲ ငြင်းဆန်ခဲ့သော်ငြား ယခုအခါ ၎င်းနှင့် ထွန်းမင်းလတ်အကြား စီးပွားရေးဆက်ဆံပတ်သက်မှုများက မကြာသေးခင်က ပါလီမန်ဆွေးနွေးမှုတစ်ခုအတွင်း ပေါ်ထွက်လာခဲ့ကြောင်း ထိုင်းအွန်လိုင်းသတင်းဌာန Prachatai က ဖော်ပြသည်။

၂၀၂၃ ဖေဖေါ်ဝါရီ ၁၅ ရက် ပါလီမန်အစည်းအဝေးတစ်ခုအတွင်း ရှေ့သို့လှမ်းချီပါတီ (MFP) မှ လွှတ်တော်အမတ် ရန်ဆီမန် ရိုမီက ယခုကိစ္စကိုထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်၌ ပြောဆိုစဉ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အကျင့်ပျက် ပုဂ္ဂိုလ်များနှင့် ရောနှောပတ်သက်နေကြောင်းနှင့် မူးယစ်ဆေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုစနစ်တကျ ကိုင်တွယ်ပါ့မည်ဆိုသည့်ကတိကဝတ်ကို လျစ်လျူရှုထားကြောင်း၎င်းစွပ်စွဲသည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ်သည် ထိုင်းနိုင်ငံ အခြေစိုက် Allure Group (P&E) Co Ltd ၏တည်ထောင်သူနှင့် အဓိကရှယ်ယာရှင်ဟောင်း ဖြစ်ရုံတင်မကဘဲ Myanmar Allure ကို ထွန်းမင်းလတ်နှင့်အတူ ပူးတွဲတည်ထောင်သူဖြစ်ကြောင်း ရန်ဆီမန်က ပြောသည်။ ထို့ပြင် ဥပါကစ်၏ သားမက် ဒင်းန် ယန်း ဂူလ်တူလာသည်လည်း ထိုကုမ္ပဏီနှစ်ခုစလုံး၏ ဘုတ်အဖွဲ့ဝင်နှင့် ရှယ်ယာရှင်ဟောင်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ထွန်းမင်းလတ်နှင့် ဒင်းန် အပြင် “P” နှင့် “N” ဆိုပြီး ရည်ညွှန်းပြောဆိုသည့် အခြားလူပုဂ္ဂိုလ်နှစ်ဦးတို့အပေါ် လက်ရှိတွင် တရားရုံးတစ်ခု၌တရားစွဲဆိုထား

သည်။ Allure Group (P&E) ကို အသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုများမှတစ်ဆင့် မူးယစ်ဆေးငွေကြေးများကို ခဝါချရန် လုပ်ဆောင်မှုအတွက် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို လေးဦးသည် လက်ရှိတွင် ထိုင်းအကျဉ်းထောင်

တစ်ခု၌ ထိန်းသိမ်းခံထားရသည်။

ရန်ဆီမန်က ပြင်ပသို့ ပေါက်ကြားလာသည်ဆိုသော ထိုင်းလွှတ်တော်အမတ်နှင့် အမှုနှင့် သက်ဆိုင်ပတ်သက်သူများ

အကြား အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုများ ဆိုသည်ကို ပြသသည်။ ယင်းတွင် ဥပါကစ်ကAllure P&E ကို မှတ်ပုံတင်ရန် “P” ကို ညွှန်ကြားခဲ့သည်ဆိုသည့် ပြော

ဆိုချက်တစ်ခုကို တွေ့ရသည်။ နောက်ထပ် အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုတစ်ခုအရလည်း နောက်ပိုင်းတွင် “P” က ဥပါကစ်ထံ ကုမ္ပဏီ၏ဘဏ္ဍာရေး အစီရင်ခံစာနှင့်အတူ ၎င်း၏ ရှယ်ယာဝင်ငွေဆိုင်ရာ အချက်အလက်များကို ပေးပို့ခဲ့သည်ဆိုသည်ကိုပြသနေသည်။

ဥပါကစ်ထံ ပေးပို့သည့် မက်ဆေ့ချ်များတွင် “P” က ထိုင်းလွှတ်တော်အမတ်ကို “ဘော့စ်” ဟု သုံးနှုန်းထားသည်။ထို့ပြင် ထိုင်းလွှတ်တော်အမတ်သည် ကုမ္ပဏီ၏ လိုဂိုဒီဇိုင်းကိစ္စမှစပြီး ရုံးများ၏ တည်နေရာအထိ ကိစ္စအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေခဲ့ကြောင်းကို ပေါက်ကြားလာသည့် အွန်လိုင်းစကားပြောဆိုမှုများအရ သိရသည်။

“P” က သူမသည် အခြားသူများအတွက် အမည်ခံတစ်ဦးအဖြစ် ကုမ္ပဏီတွင် ရှယ်ယာများ ထိန်းထားခြင်းဖြစ်သည်ဟု အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

အခြားသော ပေါက်ကြားမှုတစ်ခုအရ ထွန်းမင်းလတ်က ယခုအမှုတွင် ပါဝင်သည့် နောက်ထပ် တရားခံတစ်ဦးဖြစ်သော “N” ကို ကုမ္ပဏီဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်ထားရန် ဥပါကစ်ကို ပန်ကြားခဲ့ကြောင်းကို ပြသနေသည်။ထို့ပြင် ထွန်းမင်းလတ်သည် ဥပါကစ်ထံ ၎င်း၏ အမည်ပြောင် “Ou” ကိုသုံးပြီး လျှပ်စစ်ဝယ်ယူမှုအတွက် ဘဏ်ဖြတ်ပိုင်းများကို ပေးပို့ခဲ့သည်။

ထို့ပြင် Allure Group  အခြားသော အဓိကရှယ်ယာရှင်ဖြစ်ပြီး လက်ရှိအချိန်တွင် ဖမ်းမမိသေးသည့် အွန်လိုင်းလောင်းကစားသူဌေး ပန်နာရောင် ခွန်ပီတက်ခ်၏ လက်မှတ်ကို အတုလုပ်ရန် ဥပါကစ်က ထွန်းမင်းလတ်ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ထုတ်ဖော်သည်။ ဥပါကစ်သည် ထိုအွန်လိုင်းဆက်သွယ်ပြောဆိုမှုတွင် ပန်နာရောင်၏ ပတ်စ်ပို့မိတ္တူတစ်ခုကို တွဲပို့ပေးခဲ့ပုံရသည်။

ထို အွန်လိုင်း စကားအဆက်အသွယ်များသည် ဥပါကစ် အထက်လွှတ်တော်အမတ် ဖြစ်နေခဲ့ပြီးဖြစ်သည့်၂၀၂၀-၂၁ ကာလတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ဆီမန်က မှတ်ချက်ပြုသည်။ ထိုကဲ့သို့ ရန်ဆီမန်၏ ပြောဆိုချက်အရ ဥပါကစ်သည် ၂၀၁၉ ခုနှစ်က လွတ်တော်အမတ်နေရာကို မရယူခင် ကုမ္ပဏီမှ ထွက်ခွာထားကြောင်းကိုပြသနေသည့် ကော်ပိုရိတ် မှတ်တမ်းအပေါ် စိန်ခေါ်နေသည်။

 ထို အွန်လိုင်း စကားအဆက်အသွယ်များအပြင် ရန်ဆီမန်သည် ဥပါကစ်ကို ဖမ်းဝရမ်းထုတ်ရန် ရာဇဝတ်မှုတရားရုံးတစ်ခု၏ ဆုံးဖြတ်ချက်ကို ပယ်ချသည့် ၂၀၂၂ အောက်တို

ဘာ  ရက် တရားရုံးအမိန့်ညွှန်ကြားချက်တစ်ရပ်ကိုပါ တင်ပြခဲ့သည်။ ထွန်းမင်းလတ်နှင့် အမှုတွင် ပါသည့် 

ခြားသော တရားခံများသည် စက်တင်ဘာလက ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဝရမ်းကို မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး နေ့လည်ခင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။ ဥပါကစ်သည် ဖမ်းဆီးမခံရသင့်ဘဲ ဆင့်ခေါ်သင့်သည့် “အရေးကြီး ပုဂ္ဂိုလ်တစ်ဦး” ဖြစ်သည့်အတွက်ကြောင့်ဆိုပြီး အကြောင်းပြချက် ထွက်ပေါ်ခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

ဥပါကစ်၏ ဖမ်းဝရမ်းကို အလျင်အမြန် ပြန်ရုပ်သိမ်းထားခဲ့သည် ဆိုသည့် ပရာချာထိုင်းနှင့် စနစ်တကျ စီစဉ်သောရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှု အစီရင်ခံရေး ပရောဂျက် (OCCRP) တို့၏ ၂၀၂၂ အောက်တိုဘာလ တွေ့ရှိချက်များကို ထုတ်ပြန်ချက်က ထပ်လောင်း အတည်ပြုသည်။

၁၉၉၉ ခုနှစ်က မြန်မာနယ်စပ်မြို့ တာချီလိတ်အနီး Allure Resort အပန်းဖြေနေရာတစ်ခုကို ဥပါကစ်တည်ဆောက်စေနိုင်ရန် ထွန်းမင်းလတ်၏ ဖခင်က ကူညီပေးခဲ့ကြောင်း Justice for Myanmar  အစီရင်ခံစာတစ်ရပ်ကို ရန်ဆီမန်က ကိုးကားပြောသည်။ အဆိုပါ အပန်းဖြေနေရာတွင် ကာစီနိုရုံတစ်ခုနှင့် ဖျော်ဖြေရေးနေရာတစ်ခုတို့ ပါဝင်သည်။ ယင်း၏ ဝင်ငွေ၏  ရာခိုင်နှုန်းသည် မြန်မာစစ်တပ်ထံ တိုက်ရိုက် ပျံ့နှံ့စီးဝင်စေခဲ့သည်။အဓိကအားဖြင့် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းများက မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဥပါကစ်၏ မရှင်းမရှင်းဖြစ်သော စီးပွားရေးလုပ်ငန်းကိစ္စများအကြောင်း ထုတ်ဖော်ပြီးနောက် MFP အမတ်သည်ဥပါကစ် ပိုင်ဆိုင်သော ဘန်ကောက်ရှိ Ari soi 5 ရှိ မြေ

ကွက်တစ်ကွက်အကြောင်း ဆက်လက် ဆွေးနွေးပြောဆိုသည်။ ယင်းမြေကွက်သည် လက်ရှိတွင် Ruam Thai Sang Chart ပါတီရုံးနေရာ ဖြစ်နေပြီး ယင်းသည် ဗိုလ်ချုပ်ကြီး ပရာယွတ် တရားဝင် ပူးပေါင်းပါဝင်ထားသည့် အသစ်ထူထောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ် သို့မဟုတ် ၎င်း၏ ရောင်းရင်းမိတ်ဆွေ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆုဝမ် ဦးဆောင်သောဆိနိတ်လွှတ်တော် ရွေးချယ်ရေး ကော်မတီက ဥပါကစ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို နှောင့်ယှက်ခဲ့သလား ဆိုပြီး ရန်ဆီမန်က မေးခွန်းထုတ်သည်။ ၎င်းတို့သည် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းကို သိရုံသာမကဘဲ ၎င်းတို့ အာဏာဆက်မြဲစေရေး ဥပါကစ်က အကူအညီပေးနိုင်ရန် အလို့ငှာ ၎င်းကို နိုင်ငံရေးတွင်အခန်း ကဏ္ဍတစ်ခု ပေးထားခဲ့သည်ဟု ရန်ဆီမန်က မှန်းဆ ပြောဆိုသည်။

ဒီလောက် များပြားတဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်နေမှုအရဆိုရင် ဒီလွှတ်တော်အမတ်ကို တရားစွဲဖို့ အားထုတ်မှုတိုင်းက တားဆီးခံရလိမ့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြနေတယ်။ အဲဒီလို ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုတွေက ကန့်လန်ကာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်မှုတွေကို ပြသနေသည်။ လွှတ်တော်အမတ် ‘Ou’ ဆီကနေ ကာလကြာ အကျိုးဖြစ်ထွန်းရရှိထားတဲ့သူ၊ သူ့ကို ဆက်ပြီးအသုံးချချင်တဲ့သူကတော့ ဗိုလ်ချုပ်ကြီး ချန်အိုချာပါပဲ

ဆိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေတာက ဥပါကစ်ကို လွှတ်တော်အမတ်တစ်ဦးအဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ရဲ့ခန့်အပ်မှုက သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ အဲဒါက သူ့ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းမှုအတွက် မဲပေးမှုနဲ့ အကူအညီဖြစ်စေရုံတင်မကဘဲ အဲဒါက ပါတီသစ် 

တည်ထောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီတော့ Ruam Thai Sang Chart ပါတီက မြေနေရာနဲ့အဆောက်အအုံကို ငှားဖို့ စာချုပ်ချုပ်ခဲ့သလား၊ မချုပ်ခဲ့ဘူးလားဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ ရှင်းပြစေချင်ပါတယ်။ တကယ်လို့ ဟုတ်တယ်ဆိုရင် ဘယ်လောက်နဲ့ ချုပ်တာလဲ။ ဒါမှမဟုတ် အဲဒါကရက်ရောမှု လုပ်ရပ်တစ်ခုလား၊ အလကား ငှားရမ်းမှုလား” ဟု ရန်ဆီမန်က မေးခွန်းထုတ်သည်။

Prachatai  ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။

ဤဆောင်းပါပါ အမြင်များသည် မဇ္ဈိမ မီဒီယာဂရု(ပ် အမြင်များကို ထင်ဟပ်မှု မရှိပါ။

ဆက်ဖတ်ရန်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ