အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

အမေရိကန် မှ နောက်ထပ် ဒေါ်လာ သန်း ၅၀ ‌ကူညီမည်ဟု ဆို
****************

ကုလသမဂ္ဂ မှ မကြာမီ က ထုတ်ပြန်ခဲ့သော ကမ္ဘာလူသား များ လိုအပ်ချက် စစ်တမ်းတွင် အာဖရိက နွယ်ဖွား များ ကဲ့သို့ပင် မြန်မာပြည် လူဦးရေ၏ သုံးပုံတပုံ ခန့်ရှိ ၁၇ သန်း သည် ယခုအခါ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရန် လိုအပ်နေသည်ဟု ပါရှိခဲ့သည်၊ ထိုပမာဏ သည် ၂၀၂၀ ကုလစစ်တမ်းတွင် ၁ သန်း ခန့်ရှိခဲ့ရာ မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စွမ်းပကားဖြင့် ၁၇ သန်း အထိ ဦးမော့လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ U.S Agency for International Development (USAID) မှ ထုတ်ပြန်ချက်တွင် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အစားအသောက် နှင့် အဟာရ များ ထောက်ပံ့ ကူညီ သွားနိုင်ရေး ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀ ပံ့ပိုးသွားမည်ဟု ပါရှိခဲ့သည်။

USAID သည် ပဋိပက္ခ များ ဖြစ်ပွားနေသော ဒေသများတွင် ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့နှင့် လက်တွဲ လုပ်ဆောင်၍ အကူအညီများ ပေးသွားမည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ တွင်းရှိ ကုလ အဖွဲ့အစည်း အများစု သည် ရန်ကုန်တွင် ရုံးခန်းများ ဆက်ဖွင့်ထားနိုင်ရေး ကိုသာ အဓိကထားပြီး စစ်အာဏာသိမ်း အဖွဲ့နှင့် သတိကြီးစွာ ထားပြီး ဆက်ဆံနေဆဲ ဖြစ်သည်ဟု အပြင်းအထန် ဝေဖန်ခံနေရဆဲပင် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ အကူအညီ ပေးရေး အဖွဲ့ ၏ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်း အဖွဲ့ ၏ လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာနေပြီဟု ပါရှိလာခဲ့သည်။

သောကြာနေ့က သေဆုံးမှု အမှတ်စဉ် ၃,၀၀၀ ပြည့်သွားခဲ့သူ သည် စစ်ကိုင်း ဒေသကြီးမှ မယ်သီလရင် အဖွားအို တဦး ဖြစ်သည်။

ခင်ဦး မြို့နယ် လက်ပန်လှ ကျေးရွာသို့ မင်းအောင်လှိုင် သစ္စာခံ တပ်များနှင့် ၎င်းတို့၏ လက်ပါးစေ ပျုစောထီး ဆိုသူများ ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့သွားခဲ့ရာ မှ ထွက်မပြေးနိုင်သဖြင့် မီးလောင်ကျွမ်း သေဆုံးသွားရခြင်း ဖြစ်သည်။

ထိုသို့ ၃,၀၀၀ မြောက် သေဆုံးခဲ့ရမှု ကို အသိအမှတ် ပြုသည့် အနေဖြင့် ပြင်သစ် သံအမတ်ကြီး ခရစ္စတီယန် လက်ခ်ျဗိုင်း မှ အမှတ်တရ ဝမ်းနည်းစကား ပြောဆိုသွားခဲ့သည်။

သေဆုံးသူ ၃,၀၀၀ ထဲတွင် မယ်သီလရှင် အဖွားအိုကဲ့သို့ပင် ကျေးရွာများကို မီးရှိ့ဖျက်ဆီး မဲမဲမြင်ရာ သတ်ဖြတ်ခဲ့မှုကြောင့် အသက်ဆုံးရှူံးခဲ့ရသည့် ပြည်သူ ၁,၂၂၉ ဦး ရှိသွားပြီ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ထိုသို့သေဆုံးနေမှု သည် အနောက်တိုင်း အစိုးရများ၏ အသိစိတ် ကို ဆူးနှင့် ထိုးနေသလို ခံစားနေရပြီ ဖြစ်သည်။ ထိုအထဲမှ မတရားမှု ကို လက်ပိုက် ကြည့်မနေတတ်သော လူများ ဦးဆောင်နေသည့် နိုင်ငံ တနိုင်ငံ တော့ သေချာပေါက် ထွက်ပေါ်လာမည်သာ ဖြစ်သည်။

ယခု အခါ အာဆီယံအား အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တရားဝင် ဆွေး‌နွေးရန် ဖိအားပေးလာနေပြီ ဖြစ်သည်။ သို့သော် အာဆီယံသည် ပြဿနာ ပြေလည်ရေးထက် လက်ရှိ စစ်အာဏာသိမ်း အဖွဲ့နှင့် ရှေ့လျောက် ဆက်ဆံသွားရမည့် အရေးကို အဓိက ထား စဉ်းစားနေဆဲပင် ဖြစ်သည်။

စစ်အာဏာရှင် ဝါဒသည် မြန်မာနိုင်ငံရေး မျက်နှာစာတွင် ရှေ့လျောက် နေရာ မရတော့ဟု အခိုင်အမာ ယုံကြည်မှသာ NUG နှင့် ဆက်ဆံလာဖို့ ရှိသည်။

သို့သော် ၎င်းတို့ ထည့်သွင်း မစဉ်းစားသည့် အချက်သည် ထို အချိန်မျိုး ရောက်လာလျှင် NUG သည်လည်း ၎င်းတို့နှင့် ဆက်ဆံရမည်ထက် အခြား အရေးကြီးသော အလုပ်များ နှင့် လက်မလည် အောင် အလုပ်ရှုပ်နေတော့မည် အရေးပင် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ

ဓါတ်ပုံ - ဧရာဝတီ သတင်း


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ