Posts

Showing posts from March 14, 2022

​အိပ်ရင်း လမ်းလျှောက်နေကြသူများ *******************************

Image
အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် ဆိုသူမှ ၎င်းတို့အား ဆန့်ကျင်နေသူများကို စီးပွားပျက်၊ ဘဝပျက်သွားသည် အထိ လုပ်ပြစ်ရန် လုပ်ငန်း အစည်းအဝေး တခုတွင် ပက် စက်စွာ စေခိုင်းလာသည့် အသံဖိုင် အပြည့်အစုံသည် ခေတ်သစ် မီဒီယာ၏ ကောင်းမှုဖြင့် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအသံဖိုင် နှင့် ပတ်သက်၍ ဆက်စပ် တွေးကြည့်မည်ဆိုလျှင် နိူင်ငံတဝှမ်း လူမဆန်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများသည် မုန်ယို ဒေါသထွက်‌နေသော စစ်သားများက သဘောရှိ ကျူးလွန်‌နေကြခြင်း မဟုတ်ဘဲ ၎င်းတို့၏ အမိန့်ကို တသွေမတိမ်း လိုက်နာ နေခြင်းသာ ဖြစ် သည်ဟု ကောက်ချက်ချ၍ ရပေသည်။ မိမိ မကြာခဏ ရေးခဲ့သလို ထိုအဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်သွားရေးသည် ဒုတိယ၊ ၎င်းတို့ အသက်အိုးအိမ် နှင့် အာဏာ ဆုပ်ကိုင်ထားနိုင်ရေးသည်သာ ပထမ ဦးစားပေး ဆိုသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။ ဗီယက်နမ် စစ်အတွင်း အမေရိကန် တပ်သားများမှ ရွာသူများကို အဓမ္မ ပြုကျင့်ခဲ့သည်များ ရှိနေသည်။ ထိုသို့ကျူးလွန်သူများသည် သူတို့ ရာဇဝတ်မှု ကျူးလွန်‌‌နေမှန်း ကောင်းစွာ ရိပ်စားမိကြသဖြင့် မည်သူမှ ဖော်ကောင် မလုပ်နိုင်ရန် သူတို့ တပ်စု တွင် ပါလာသည့် စစ်သားမှန်သမျှ ကို ကျူးလွန်

​ပူတင် အကြောင်း တစေ့တစောင်း ******************************

Image
နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။ ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။  ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို  ကြွက်များက သောင်းကျန်းနေတတ်သည်။ ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။