Posts

Showing posts from October 24, 2021

ဒီကနေ့က၆၀၀၀၀ဖိုးတဲ့

Image

ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အာအက်ဖ်အေ ဆက်သွယ်မေးမြန်းချက်

ကိုဂျင်မီဇနီးမနီလာသိန်းနဲ့ အာအက်ဖ်အေ မေးမြန်းချက်

ပြီးသွားပြီမထင်နဲ့မင်းအောင်လှိုင်

ပြန်ကျလာသောခဲတလုံး

Image
လ သန်းရွှေကဒေါ်စုကိုနေအိမ် အကျယ်ချူပ်လိုက်ပေမယ့်ပါတီ ကိုရှင်သန်ခွင့်ပေးလိုက်တယ်၊ ပါတီနိုင်ငံရေးမပါလိုတဲ့ကျောင်းသား နဲ့ပြည်သူတွေကနောက်ဆုတ်ပေးလိုက်တယ် ခင်ညွန့်ကိုလုပ်ပိုင်ခွင့်ပေး နိုင်ငံရေးအစွယ် ရှိသူတွေကို အကုန်ထိန်းပြီးတော့မှ၁၉၉၂က စလို့ အန်နယ်လ်ဒီ အနားပေးလိုက်တာ၊ မအလ က ဖမ်းပြ ပစ်ပြလိုက်ရင်ငြိမ်သွား မယ်ထင်ပြီး ဒေါ်စုကိုဖမ်း ပါတီကိုဖျက်ဖို့ လုပ်တယ်၊ အာဏာရှင်တွေထဲမှာ အညံ့ဆုံး ဖွတ်ပဒတ်တကောင်ဖြစ်သွားတယ်။ ပထမဆုံးစတွေ့တာ GZတွေနဲ့ပဲ၊ ၂၀၁၀ကနေ၂၀၂၀အထိကာလမှာလူငယ် တွေဟာ အနာဂတ်ဆိုတာရှိတယ်၊ကြိုးစား သလောက်အရာထင်လိမ့်မယ်လို့ယုံကြည် နေကြတာ အနာဂတ်ကိုပြန်လိုချင်တာတခုပဲ၊ ပါတီဖျက်မယ်လို့သိန်းစိုးကပြောချိန်မှာ တရုတ်ကတစခန်းထလိုက်တာ မအလ မြောက်သစ်ကိုင်းလွတ်သွားတာ မြောင်းထဲ မကျမှာစိုးလို့ အာစီယံကပါထပ်ကန်ချလိုက် တယ်။ လုံခြုံရေးစည်းပေါက်ချက်ကလဲနလံမထူနိုင် တော့ဖူး၊ နှစ်၇၀ဆောက်တည်ထားတဲ့စစ်ရေး ပုံစံက ပြည်နယ်မြို့တွေနဲ့တိုင်းရင်းသားလက်နက် ကိုင်တွေကိုစစ်စခန်းတွေနဲ့ခြားထားတဲ့စနစ်၊ အသံကြားရုံနဲ့တောင်ခွဲခြားလို့ရတဲ့အခြေအနေ၊ PDF ကလုံခြုံရေးစည်းအထဲမှာ​ရောက်နေတာ ဘယ်လိုနည်းနဲ့မှဆွဲထုတ်ပြီး စည်းအပြင်တွန်းပို့ လို့မရတော့ဖူး၊ ဝ

မင်းအောင်လှိုင်ကသူ့ကိုယ်သူ မြောင်းထဲခုန်ချ

Image
  ရှေ့နေဖြစ်သူက “ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိသာနဲ့ ဒေါ်လာ ၆ သိန်း ပေးတယ်ဆိုတာ သူ့ကိုလည်း ပေးတာလည်းမရှိဘူး၊ တ မင်သက်သက် ဒါဟာ အချုပ်ထဲမှာနေတုန်းက အာဏာပိုင်တွေက ပြောခိုင်းတာကို ပြောတာနေမှာပေါ့” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောခဲ့ကြောင်း လည်း ရှင်းပြသည်။ အသက်၇၆နှစ်အရွယ်အမျိူးသမီးကိုဒီလိုလုပ်ကြံတာ ဟာ မင်းအောင်လှိုင်ကသူ့ကိုယ်သူ မြောင်းထဲခုန်ချ လိုက်တာနဲ့အတူတူပဲ။ ၃သိန်းထက်ကျော်လွန်တဲ့လက်ဆောင်မယူရဖူး လို့ သူမကိုတိုင်ပြောထားတာ သူကိုယ်တိုင်က အခုလိုတရားမဝင်လုပ်ရပ်ကိုလုပ်ပါ့မလား၊ မယုံတဲ့သူတွေကထမင်းစားပြီး  ဦးနှောက်ဖွံ့ဖြိုးလာသူတွေဖြစ်နေလို့ပဲ။

ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သတိမေ့နေပြီးအသက်အန္တရာယ် စိုးရိမ်နေရ

Image
 ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ စစ်ကောင်စီ၏ ညှဥ်းပန်းနှိပ်စက်မှုကြောင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရ ဧရာဝတီတိုင်းမ် အောက်တိုဘာ ၂၄ ရက် ၈၈ မျိုးဆက် ကျောင်းသာခေါင်းဆောင် ကိုဂျင်မီကို  အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်၏ ညှဥ်းပန်းနှိပ်စက်မှု ကြောင့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတွင် ဒဏ်ရာများရရှိခဲ့ပြီး ယနေ့တွင် စစ်ကောင်စီက မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။ "ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံတင်ထားရတယ်။ သတိမေ့နေတယ်။ အသက်အန္တရာယ် စိုးရိမ်နေရတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလအာဏာသိမ်းချိန်ကစတင်၍ လိုက်လံရှာဖွေပြီး ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဓာတ်ပုံ - မနီလာသိန်း Facebook #ကိုဂျင်မီ #၈၈မျိုးဆက်  #AyeyarwaddyTimes

ယုန်လေးကအရှည်ကိုင်တာလက်ငြိမ်တယ်

Image

PUBG နဲ့ ဖက်မွေးလာတဲ့ GenZ တွေ ခေတ်မှာ အာဏာသိမ်းမိတဲ့ မင်းအောင်လှိုင်

Image
  မနေ့က ဗိုလ်တစ်ထောင်ဖြစ်ရပ်၊ သန်လျင်ဖြစ်ရပ်၊ ဗားဂရာဖြစ်ရပ်။ ဖြစ်ရပ်သုံးခု တစ်နေ့တည်းဖြစ်သွားတယ်။ စစ်ခွေး ၈ ကောင်ဝန်းကျင် ရလိုက်တယ်။ အရေအတွက်က အရေးမကြီးဘူး။ တကယ်အရေးကြီးတာက ရန်ကုန်မြို့လယ်ခေါင်မှာတောင်မှ အခုလို လုပ်ပြနိုင်တယ်ဆိုတာ စောက်တပ်အတွက် အတော်ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ နေ့လည်း နောက်ကျောမလုံ၊ ညလည်း နောက်ကျောမလုံ၊ ယူနီဖောင်းဝတ်ထားရတာကို နောက်ကျောမလုံတဲ့ ခံစားမှုမျိုး။ ဒါဟာ မြို့ပေါ်မှာ လူပါးဝသောင်းကျန်းနေတဲ့ မက်အိမ်လုံးတွေအတွက် စက္ကန့်တိုင်း မက်နေရတော့မယ့် အိပ်မက်ဆိုးပဲ။  ပြည်သူပူးပေါင်းပါဝင်မှုကလည်း အံ့မခန်းပဲ။ ဖေ့စ်ဘုတ်ပေါ် ဘာသတင်းမှ တက်မလာဘူး။ ဖော်ကောင်မလုပ်ကြဘူး။ အဖွဲ့သားတွေ ဘေးကင်းလွတ်မြောက်ရာရောက်မှ မီဒီယာဆီ Video ပို့မှ အများသိကြရတယ်။ ဘာမြင်လဲ၊ ဘာမှမမြင်ဘူး။ ဘာတွေ့လိုက်လဲ၊ ဘာမှ မတွေ့လိုက်ဘူး။ ကဲ… အေးရောပဲ။ ဟိုကောင်တွေ ရူးစမ်း… လျှာတန်းလန်းနဲ့။  စစ်ကိုင်းဘက်မှာ တက်လာတဲ့ စစ်ကားက လော်နဲ့အော်တယ်။ တာဝန်အရပါ၊ ရွာကို ပတ်ကြည့်ပြီးရင် ပြန်မှာပါ။ မိုင်းမဆွဲကြပါနဲ့တဲ့။ အရင်ကလို ဖျင်ယားမရတော့ဘူးဆိုတာ သဘောပေါက်လာတဲ့သဘော။ မြို့ပေါ်မှာလည်း ဘယ်ကောင်သေရဲလဲကွဆိုတဲ့ နှမဇောင်းတွေ မတ်စိငုံရတ

အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး

Image
လဂျားဘွမ်ကျေးရွာကြားမှာ စစ်ကောင်စီ အရာရှိတွေ စီးနင်းလာတဲ့ အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး ▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ အောက်တိုဘာ၊ ၂၄  ကချင်ပြည်နယ်၊ ရှင်​ဗွေယန်မြို့နယ်၊ လဂျားဘွမ်​ကျေးရွာကြားမှာ တနိုင်းဘက်က တက်လာတဲ့ အိမ်စီးကား (၂) စီးကို စစ်​ကောင်စီတပ်‌တွေရဲ့ကားဖြစ်​ကြောင်း ယူဆပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်​ရေးတပ် (MHH) တပ်​တွေက​နေ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံတစ်ဦးဆီက​နေ သိရပါတယ်။  အဲဒီကားတွေဟာ HILUX နဲ့ NOAH တွေဖြစ်ပြီး တနိုင်းဘက်က​နေ ရှင်​ဗွေယန်ဘက်ကို အင်အားဖြည့်ဖို့သွားလိုက်တဲ့ စစ်​ကောင်စီတပ်​တွေ​နောက်ကို လိုက်လာတဲ့ အကြမ်းဖက်စစ်​ကောင်စီရဲ့ အရာရှိ​တွေစီးလာတဲ့ ကားလို့ ယူဆပြီး ဒီက​နေ့ ​အောက်တိုဘာလ (၂၄) ရက်​နေ့ နံနက်ပိုင်း (၅) နာရီ မိနစ် (၄၀) ခန့်​လောက်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ​ဒေသခံက ဆိုပါတယ်။  " ကားက​တော့ အိမ်စီးကားလိုပဲ ဟုတ်တယ်။ တနိုင်းဘက်က​နေ လာတာ လဂျားဘွမ်ကြားမှာ မီးရှို့ခံရတာဟုတ်တယ်။ စစ်​ကောင်စီဘက်က ကား​နေမှာ။ ဒီဘက်မှာက ည (၆) နာရီ ကနေ မနက် (၆) နာရီထိ မသွားဖို့ ​ပြောထားတာ။ အ​စောကြီး သွားတာဆို​တော့ သူတို့ပဲ ​နေမှာ" လို့ ​ဒေသခံက

သေနတ်ဒဏ်ရာတွေကြောင့် ကိုဂျင်မီအသက်အန္တရာယ် စိုးရိမ်ရတယ်။

Image

စစ်ကြောင်းထွက်ရင်းထမင်းစားရတဲ့PDFတွေ

Image

သရုပ်ဆောင်ပြေတီဦးနှင့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်တို့ အကျဉ်းထောင်အတွင်း နာမကျန်းဖြစ်နေ

Image
 အကျဉ်းကျခံနေရဆဲဖြစ်သည့် ပိုင်တံခွန် နှင့် ပြေတီဦး တို့ ယခုအခါ အကျဉ်းထောင်ထဲတွင် နာမကျန်း ဖြစ်နေကြကြောင်းနှင့် ပိုင်တခွန်မှာ ဝမ်းပျက် ဝမ်းလျှောအတွက် IV အရည် ကုထုံးပေးထားရသည်ကို ၎င်းတို့သိရှိရကြောင်း အောက်တိုဘာလ ၂၃  ရက်နေ့ရက်စွဲဖြင့် United nations တွစ်တာသတင်းစာမျက်နှာက ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ မည်မျှဆိုးရွားစွာဖြစ်ပေါ်နေပြီလဲဆိုတာကိုလည်း မေးခွန်းထုတ်ထားပါသေးတယ်။ Oct 24 Sa J

ကိုဂျင်မီခွေးကိုက်ခံရပြီ

Image

စစ်ကောင်စီသတင်းပေး ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သည့် ဗီဒီယို

Image
မြန်မာ့မီးရထားမှ စစ်ကောင်စီသတင်းပေးဟုစွပ်စွဲခံရသော Non - CDM ဝန်ထမ်း ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သွားသည့် ဗီဒီယိုထွက်ပေါ် (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၂၄ ခေတ်သစ်မီဒီယာ မြန်မာ့မီးရထားမှ Non - CDM ဝန်ထမ်းဖြစ်သူ ထိန်ဝင်း (ခ) ရန်ကင်းမောင်အား အမည်မသိ သေနတ်သမားက အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပစ်သတ်သွားခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ယနေ့နံနက်၌ ထွက်ပေါ်လာသည်။ အခင်းဖြစ်ရာနေရာသည် ရန်ကုန်၊ သိမ်ဖြူလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းကြား ဗိုလ်မင်းရောင်လမ်းမပေါ် သိမ်ဖြူမီးပွိင့်အနီးတွင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ကားနောက်ခန်းမှ အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး "ပစ်သွားပြီ လုပ်ဦး၊ ရန်ကင်းမောင် ကို ပစ်သွားပြီ" ဟု ပြောနေသည်ကို တွေ့မြင်ကြားသိရသည်။ ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်။  "မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ။ အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM  ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်

ကအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အမေရိကန်ချီးကျူး

Image
မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပြုတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အမေရိကန်ချီးကျူး #မင်းအောင်လှိုင်  #ထိပ်သီးအစည်းအဝေး #တက်ခွင့်မပြု #ဆုံးဖြတ်ချက် #အမေရိကန် #ချီးကျူး #DeltaNewsAgency    ထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချော လက်ရဲ့ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ၂၁ရက်နေ့ထုတ် ဂျကာတာပို့စ်သတင်းစာရဲ့ ဆောင်းပါးမှာ ဒဲရစ်ချောလက်က အဲဒီလိုပြောကြား ခဲ့တာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်နှိပ်ကွပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံ ဒီမိုက ရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိခွင့်ပြုဖို့၊ မတ ရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်နေမှုတွေအားလုံးရပ်တန့်ဖို့နဲ့ ဧပြီလအတွင်းက စစ်အာ ဏာရှင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံသဘောတူညီချက်ငါးရပ်ကို အ ကောင်အထည်ဖော် ဖို့ အတွက် စစ်အုပ်စုကိုဖိအားပေးရာမှာ အမေရိကန်ပြည်ထောင်စုကနိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲဆောင်ရ