ကအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အမေရိကန်ချီးကျူး

မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပြုတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက် အမေရိကန်ချီးကျူး

#မင်းအောင်လှိုင် 
#ထိပ်သီးအစည်းအဝေး
#တက်ခွင့်မပြု
#ဆုံးဖြတ်ချက်
#အမေရိကန်
#ချီးကျူး
#DeltaNewsAgency 

 
ထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချော လက်ရဲ့ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ၂၁ရက်နေ့ထုတ် ဂျကာတာပို့စ်သတင်းစာရဲ့ ဆောင်းပါးမှာ ဒဲရစ်ချောလက်က အဲဒီလိုပြောကြား ခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်နှိပ်ကွပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံ ဒီမိုက ရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိခွင့်ပြုဖို့၊ မတ ရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်နေမှုတွေအားလုံးရပ်တန့်ဖို့နဲ့ ဧပြီလအတွင်းက စစ်အာ ဏာရှင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံသဘောတူညီချက်ငါးရပ်ကို အ ကောင်အထည်ဖော် ဖို့ အတွက် စစ်အုပ်စုကိုဖိအားပေးရာမှာ အမေရိကန်ပြည်ထောင်စုကနိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲဆောင်ရွက်သွား မှာဖြစ်တယ်လို့ ဒဲရစ်ချောလက်ကပြောတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီသဘောတူညီချက်ထဲမှာ အာဆီယံအထူးသံတမန် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွတ် ကိုမြန်မာနိုင်ငံလာရောက်ခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနဲ့ခြွင်းချက်မရှိတွေ့ခွင့်ပြုဖို့လည်းပါဝင်တယ်လို့ သူကဆိုထားပါတယ်။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်