ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သတိမေ့နေပြီးအသက်အန္တရာယ် စိုးရိမ်နေရ

 ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ စစ်ကောင်စီ၏ ညှဥ်းပန်းနှိပ်စက်မှုကြောင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရ

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

၈၈ မျိုးဆက် ကျောင်းသာခေါင်းဆောင် ကိုဂျင်မီကို  အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်၏ ညှဥ်းပန်းနှိပ်စက်မှု ကြောင့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတွင် ဒဏ်ရာများရရှိခဲ့ပြီး ယနေ့တွင် စစ်ကောင်စီက မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။

"ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံတင်ထားရတယ်။ သတိမေ့နေတယ်။ အသက်အန္တရာယ် စိုးရိမ်နေရတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလအာဏာသိမ်းချိန်ကစတင်၍ လိုက်လံရှာဖွေပြီး ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဓာတ်ပုံ - မနီလာသိန်း Facebook
#ကိုဂျင်မီ #၈၈မျိုးဆက် 
#AyeyarwaddyTimes

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်