စစ်ကောင်စီသတင်းပေး ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သည့် ဗီဒီယို

မြန်မာ့မီးရထားမှ စစ်ကောင်စီသတင်းပေးဟုစွပ်စွဲခံရသော Non - CDM ဝန်ထမ်း ထိန်ဝင်း (ခ) ရန်ကင်းမောင်ကို ပစ်သတ်သွားသည့် ဗီဒီယိုထွက်ပေါ် (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၄
ခေတ်သစ်မီဒီယာ

မြန်မာ့မီးရထားမှ Non - CDM ဝန်ထမ်းဖြစ်သူ ထိန်ဝင်း (ခ) ရန်ကင်းမောင်အား အမည်မသိ သေနတ်သမားက အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပစ်သတ်သွားခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ယနေ့နံနက်၌ ထွက်ပေါ်လာသည်။

အခင်းဖြစ်ရာနေရာသည် ရန်ကုန်၊ သိမ်ဖြူလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းကြား ဗိုလ်မင်းရောင်လမ်းမပေါ် သိမ်ဖြူမီးပွိင့်အနီးတွင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် ကားနောက်ခန်းမှ အမျိုးသမီးတစ်ဦး ပြေးထွက်လာပြီး "ပစ်သွားပြီ လုပ်ဦး၊ ရန်ကင်းမောင် ကို ပစ်သွားပြီ" ဟု ပြောနေသည်ကို တွေ့မြင်ကြားသိရသည်။

ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်။ 

"မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ။ အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM  ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး CDM ဝန်ထမ်းတွေဘက်က မှတ်ချက်ပြုထားတာရှိပါတယ်" ဟု မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်