အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး

လဂျားဘွမ်ကျေးရွာကြားမှာ စစ်ကောင်စီ အရာရှိတွေ စီးနင်းလာတဲ့ အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
အောက်တိုဘာ၊ ၂၄ 

ကချင်ပြည်နယ်၊ ရှင်​ဗွေယန်မြို့နယ်၊ လဂျားဘွမ်​ကျေးရွာကြားမှာ တနိုင်းဘက်က တက်လာတဲ့ အိမ်စီးကား (၂) စီးကို စစ်​ကောင်စီတပ်‌တွေရဲ့ကားဖြစ်​ကြောင်း ယူဆပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်​ရေးတပ် (MHH) တပ်​တွေက​နေ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံတစ်ဦးဆီက​နေ သိရပါတယ်။ 

အဲဒီကားတွေဟာ HILUX နဲ့ NOAH တွေဖြစ်ပြီး တနိုင်းဘက်က​နေ ရှင်​ဗွေယန်ဘက်ကို အင်အားဖြည့်ဖို့သွားလိုက်တဲ့ စစ်​ကောင်စီတပ်​တွေ​နောက်ကို လိုက်လာတဲ့ အကြမ်းဖက်စစ်​ကောင်စီရဲ့ အရာရှိ​တွေစီးလာတဲ့ ကားလို့ ယူဆပြီး ဒီက​နေ့ ​အောက်တိုဘာလ (၂၄) ရက်​နေ့ နံနက်ပိုင်း (၅) နာရီ မိနစ် (၄၀) ခန့်​လောက်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ​ဒေသခံက ဆိုပါတယ်။ 

" ကားက​တော့ အိမ်စီးကားလိုပဲ ဟုတ်တယ်။ တနိုင်းဘက်က​နေ လာတာ လဂျားဘွမ်ကြားမှာ မီးရှို့ခံရတာဟုတ်တယ်။ စစ်​ကောင်စီဘက်က ကား​နေမှာ။ ဒီဘက်မှာက ည (၆) နာရီ ကနေ မနက် (၆) နာရီထိ မသွားဖို့ ​ပြောထားတာ။ အ​စောကြီး သွားတာဆို​တော့ သူတို့ပဲ ​နေမှာ" လို့ ​ဒေသခံက ​ပြောပါတယ်။ 

ပြီးခဲ့တဲ့ ​အောက်တိုဘာလ (၂၂) ရက်​နေ့မှာလည်း လဂျားဘွမ်​ကျေးရွာ နဲ့ တရုံ​ကျေးရွာကြားမှာ စစ်​ကောင်စီစစ်​ကြောင်းကို ကချင်လွတ်လပ်​ရေးတပ်မ​တော်( KIA)က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်