Posts

Showing posts from May 12, 2023

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

Image
ဆိုင်းမင်း/People's Spring အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့  မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့  အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

▪️︎​မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီး​​နောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကျော်ဇော/People's Spring ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။ မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊  PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်​ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀) ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်​ကောင်စီတပ်က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သတ်ဖြတ်ံခံရသူများတွင် ​လေးငယ် ၅ ဦး  ၊အမျိုးသမီး၉ ဦးနှင့် သ...