မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ဆိုင်းမင်း/People's Spring


အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။


ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။


ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့  မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။


ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့  အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။


ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။



Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်