Posts

Showing posts from March 10, 2022

နယ်မြေပိုင်စိုးသူ

Image
​နယ်မြေပိုင်စိုးသူကအစိုးရဖြစ်တယ်တဲ့ မအလတွေ မြေဩဇာဖြစ်တာအနည်းဆုံး ၁၂၀၀၀ 🍉တွေကလဲဒင်းကြမ်းပဲ အစိုးရအစစ်က ပြည်သူ့လက်ထဲမှာ သစ်ငုတ်တောင်ဖြေးဖြေးချင်းနှဲ့ရင် ကျွတ်ထွက်သေးတာပဲ မအလတွေက ဘာသားနဲ့ထုထားတာမှတ်လို့ (ဖေ့ဘွတ်ပေါ်တင်ရေးရင်အပိတ်ခံရလွန်းလို့ ကိုယ်ပိုင်တဲ့စာမျက်နှာမှာတက်ရေးတာ😏) စကားမစပ် မထက်ကနာမည်ခေါ်ပေးလား😅

ဘီလာရုစ်က လက်နက် မြန်မာတပ်အတွက် ပွဲစားလုပ်သူကို ဖော်ထုတ်

Image
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။ စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ) 2022-03-09 ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ရေးပြပျံသန်းနေသည့် ရဟတ်ယာဉ်များကို တွေ့ရစဉ်။   Photo: AFP ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။ မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လ

အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူများ

Image
​ စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဓါတုလက်နက်အသုံးပြု​နေဟု ​PDFများ​ပြော —People's Spring အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ယင်းမာပင် မြို့နယ်များတွင် ​ဒေသခံကာကွယ်​ရေးတပ်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်နေသည်ဟု တော်လှန်​ရေးအဖွဲ့ အချို့ကထုတ်ပြန်သည်။  ဓာတု လက်နက်ကြောင့် ထိခိုက်ရသူ များသည် အလင်းဒဏ်မခံနိုင်ဖြစ်ကာ မျက် လုံးမဖွင့်နိုင်ဘဲ ဖြစ်ရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။ ကိုယ်​တွေ့ကြုံခဲ့​သော PDF အချို့ကမူ ထိုက်လက်နက်ကျည်ကျ​သော​နေရာသို့ ဖြတ်သန်းသွားလျှင်အားအင်ကုန်ခမ်း လာပြီး မျက်ခွံများ​လေးလံလာကာ အိပ်ချင်လာသလို ၊ အ​ငွေ့ရှုမိသူများမှာ စက္ကန့် အတန်ကြာ မလှုပ်နိုင်ဘဲ သတိ့လက်လွတ်ဖြစ်ကုန်သိ့ဟု​ပြောကြသည်။ "စခတွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတု လက်နက်တွေ အသုံးပြုနေပါတယ်"ဟု   ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ယင်းမာပင် မြို့နယ်တွင် မတ်လ ၈ ရက်တိုက်ပွဲ၌ စစ်​ကောင်စီတပ်က ဓါတုလက်နက်အသုံပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ​ပြောသည်။ "ကျွန်တော်က သူတို့နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ

Social Punishments ကို L*** လို လုပ်နေကြတာ

Image
​ မပြောရင် မသိလို့ ပြောပြရဦးမယ်။  ပြီးခဲ့တဲ့ရက်က 505ကို ခံဝန်မထိုးဘဲ ဆက်တော်လှန်နေတဲ့ နာမည်ကြီးတော်လှန်ရေးမင်းသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ မမကို အိမ်က အဆက်အသွယ်ဖြတ်လိုက်ပြီ ညီမရယ်တဲ့။ စကားပြောနေရင်း ထိန်းမရစွာ ငိုချလိုက်တယ်။ ကိုယ်လည်း အားပေးဖို့ ကြိုးစားပေမယ့် သူ့ငိုသံကြားတော့ စိတ်ထိန်းမရဘဲ ငိုမိတယ်။ နယ်စပ်မှာ ပြည်ပထွက်ခွင့်မရသေးတဲ့ နာမည်ကြီး Single Father အဆိုတော်တစ်ယောက်လည်း ကလေးနှစ်ယောက်နဲ့ ခက်ခဲနေရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရရှာလို့ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူဌေးတွေ မဟုတ်တော့ ငွေကြေးပြသနာကအစပေါ့။  US ရောက်လာတဲ့ အဆိုတော် လင်မယားနှစ်ယောက်ဆို ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတယ်။ မြန်မာပြည်မှာ ကလေးထိန်းတွေ အခြွေအရံတွေနဲ့ နေခဲ့တဲ့ ကလေးသုံးယောက်ကို ဝေယျာဝစ္စလုပ်ရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရရှာတယ်။ သီချင်းဆိုဖို့ ကြိုးစားပေမယ့် မိသားစုဝင်တွေ ဓါးဆာခံဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရပြန်ဘူး။  နောက်ထပ် ကလေးလသားလေးနဲ့ အဆိုတော်တစ်ယောက်လည်း တစ်လ 1500 နဲ့ ဆူရှီအသင်အဖြစ် လိပ်နေရတယ်။ နာမည်ကြီး ပညာသည်ဆရာတစ်ယောက်က အသားစက်ရုံမှာ ဝက်သားလှီးနေရတယ်။ မြန်မာပြည်မှာ နာမည်ကြီးဆယ်လီ၊အနုပညာရှင်၊ လုပ်ငန်းရှင်ကြီး

မွေးနေ့မှာ ထောင်၂နှစ်ချခံရတဲ့၈၈မျိူးဆက်ကိုမြအေး

Image
(အာဏာခိုးတဲ့နေ့မနက်မှာအဖမ်းခံရတာ ဘယ်လို ၅၀၅နဲ့ညှိတာလဲ ခေါင်းကြီးတို့) 👇👇👇👇👇👇👇👇 ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂နှစ်ဆိုပြီးအမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်၊ ၁လ နဲ့ ၁၀ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။ မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလဲထွက်တယ်၊ စိတ်လဲမကောင်းဘူး။  အမေချက်တဲ့ ဟင်း၊ထမင်းတွေကို အရမ်းကြိုက်တဲ့ အဖေ့ကို အဖေ့မွေးနေ့မှာ အိမ်ဟင်း၊ အိမ်ထမင်းကို မိသားစု စုံစုံလင်လင်နဲ့ စားစေချင်တယ်။ စီးကရက်တစ်ဗူး နဲ့ ကော်ဖီခွက်ကိုဘေးချပြီး အိမ်ရှေ့ခန်းမှာ ဂစ်တာတီးပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုတာတွေ့ချင်တယ်။  “ဒယ်ဒီသီချင်းတွေက ဒိတ်အောက်နေပြီ” လို့ ပြောရင် ရယ်ပြီး “ဝေနှင်းတို့က ဘာမှလဲမသိပါဘူး” ဆိုပြီး အဖေ့မွေးနေ့မှာလဲ ရယ်မောအငြင်းပွါးချင်တယ်။  အဖေက အလှူအတန်းလဲအရမ်းအားသန်တော့ ဒီနေ့လိုနေ့မျိုးမှာ သူအပြင်မှာသာရှိရင်ဆိုပြီးစဉ်းစားတမ်းတနေမှာအမှန်ပဲ။ အခုတော့ အင်းစိန်ထောင်ထဲ မိသာ

ယူကရိန်း စစ်ပွဲ ပြီးတော့မှာလား ...

Image
ပို ဆိုးလာနိုင်လား .... ယူကရိန်း သမ္မတက ရုရှားဖက်က တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာထားတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို အသိအမှတ်ပြုမယ်၊ နေတိုးအုပ်စုထဲ အဖွဲ့ဝင်မယ့်ကိစ္စကနေ နောက်ပြန်ဆုတ်မယ်တဲ့ .. (အီးယူအဖွဲ့ဝင် အဖြစ်တော့ ရသွားနိုင်တယ်)   ဒီ တောင်းဆိုချက်ကလည်း  သူ့သဘောနဲ့သူ ထွက်လာပုံမရဘူး၊ တရုတ်  အစ္စရေးလ် နဲ့ အနောက်အုပ်စုရဲ့ အကြံပေး ချက်တွေ အများကြီး ပါပုံ ရပါတယ်။ တရုတ်ကတော့ နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ရေးတဲ့ ... ဒီ အပေးအယူကို ရုရှားက လက်ခံမယ်ဆိုရင်  ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲက  ရုရှားအများစုနေတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေအတွက် ယခုအချိန်ထိ ရုရှားစစ်သည် ၂ သောင်းကျော် အသေခံ တိုက်ပေးခဲ့ပါတယ် ဆိုပြီး နောင်တစ်ချိန် ပေါ်လစီစစ်ကားတွေ ရိုက်ပြနေမလား  မပြောတတ်ဘူး။ ပူတင်း အတွက်  ခရိုင်မီယာကျွန်း၊ ဒွန်ညှပ်နဲ့  လူဟန် ဒေသတွေ ရမယ်။  ယူကရိန်း နေတိုးထဲ မပါလို့၊ သူ့နံဘေးမှာ နေတိုးတပ် မရောက်လာဘူးပေါ့။ ဒီအဆင့်ကို  ပူတင်း လက်မခံဘူးဆိုရင်တော့ Mig 29 တိုက်လေယာဉ် အစီး ၆၀ လောက်  ယူကရိန်း ဝေဟင် ပိုင်နက်မှာ  ဘွားကနဲ ပေါ်လာမယ်၊  အမေရိကန်နဲ့ မက်ဆီကို နယ်စပ်အတွက်  စ အသုံးပြုတော့မယ့် စ

​ဆောတွင် စစ်တပ်ကို PDF-ဆော နှင့် မဟာမိတ်အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံး၊ ဒေသခံများ သပြေပန်းများဖြင့် ကြိုဆို

Image
ရန်ကုန်၊မတ် ၁၀ ခေတ်သစ် မကွေးတိုင်း၊ ဆောမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း PDF - ဆော က သတင်းထုတ် ပြန်သည်။ အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်တွင် ဆောမှ ကျောက်ထုဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။ အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက 'PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ' ဟု ကြွေးကြော်ပြီး သပြေပန်းများနှင့် ကြိုဆိုကာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ဒီကနေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ၆ကြိမ် လာရောက်ဗုံးကျဲခဲ့

Image
​ ကန္တာရဝတီတိုင်း(မ်)  ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဒီကနေ့ မတ်လ ၁၀ရက်နေ့ မနက် ၆နာရီ၁၉မိနစ်အချိန်မှာ လာရောက်ဗုံးကျဲခဲ့ပြီး ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။  နာရီဝက်ခန့်ကြာအောင် လေယာဉ် တွေပေါ်ကနေ ဗုံးဖြင့် ၆ကြိမ်တိုင် လာရောက်ဗုံးကျဲချခဲ့ပြီး ဒေါငံခါးမှာရှိတဲ့ သီလရှင်ကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။  “ ဒီမနက် ၆နာရီ ၁၉ကနေ ၄၂မိနစ်ဝန်းကျင်အထိ အဲ့ဒီအတောအတွင်း သူတို့ တစ်ကြိမ်နှစ်ကြိမ် လက်နက်ငယ်နဲ့ ပါပါပစ်တယ်ပေါ့လေ။ ကျနော်တို့ နေရာအတိအကျတော့ ကျနော်တို့ ပြောရခက်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တောင်ပေါ်ကနေပဲ ကြည့်နေရတယ်လေ။ တချို့လူတွေတော့ တင်ထားတာရှိတယ်ကော။ ဒေါငံခါးရပ်ကွက်မှာလား။ “ လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာစစ်ကောင်စီတပ်တွေဘက်က ထိခိုက်မှုများတာကြောင့် လေကြောင်းအသုံးပြု တိုက်ခိုက်လေ့ရှိတာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရန်သူ့ပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို မခွဲခြားပဲတိုက်ခိုက်လာကြတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ “လေယာဉ်ပစ်တယ် တိုက်ခိုက်တာက ပြဿနာမရှိပေမယ့် ရန်သ